Crash diets ပိန်စာ

ဆရာရှင့် တခုလောက်မေးပါရစေရှင့်။ သမီးအသက်က ၂၂ ပါ။ ပေါင်ချိန်က ၁၄၅ ပါ။ သမီးအခုသူများတွေလို ပိန်ပိန် သေးသေးလေးဖြစ်ချင်တာပါ။ သမီးက အခုဝနေလို့ပါဆရာ။ ဘယ်လိုလုပ်ရမလဲရှင့်။ တနေ့တနေ့ သူများတွေမြင်ရင် ကိုယ့်ကိုယ်ကိုကြည့်ပြီး စိတ်ဓါတ်ကျပါတယ်ဆရာ။ အဲ့ဒါ ဆေးလေးများရှိနိုင်ပါသလားဆရာ။ သူများတွေလို ဘောင်းဘီတိုလေးတွေ ဝတ်ချင်တာပါ။ ပေါင်ကတုတ်ပြီး ချေသလုံးကြီးနေတော့ အဆင်မပြေပါဘူးဆရာ။ ပိန်ဆေးတို့ အဆီကျဆေးတို့ သောက်မယ်ဆိုရင် ဘယ်ဟာတွေသောက်ရမလဲဆရာေ ဖြပေးပါဆရာရှင့်။

ပိန်ဆေးဆိုတာတွေ၊ ကြော်ညာဆေးတွေကို အားမကိုးစေချင်ပါ။ Weight loss စာတပုဒ်ပို့ပါတယ်။

အလှအပဆိုတာ အရွယ်အရ၊ အလုပ်အကိုင်အရ အချိန်ကန့်သတ်ချက်ရှိပါတယ်။ ရုပ်ရည်ပြရတဲ့အလုပ်တွေထဲက ဥပမာ မော်ဒယ်အလုပ် ဘယ်နှစ်နှစ်လုပ်နိုင်မှာလဲ။ လေယာဉ်မယ်လဲအတူတူဘဲ။ အပျိုတယောက်ဟာ အိမ်ထောင်မပြုတာ ရှိပေမဲ့ နည်းတယ်။ ဒါကြောင့် မော်ဒယ်ကနေ နားရတာ၊ လေယာဉ်မယ်ကနေ လေကြောင်းရုံးမှာ ပြောင်းလုပ်ရတာ၊ အပျို အိမ်ထောင်ကျတာ ရှိတာဘဲ။ အဲဒီနောက်ပိုင်းအချိန်က ပိုကြာတယ်။ ပိုကြတဲ့ကာလမှာ လှနေဘို့ ဆက်လိုတာမှန်ပေမဲ့ ကျန်းမာရေးက ပိုလိုပါတယ်။ ချင့်ချိန်ပါလေ။

ပိန်ဆေးအဖြစ် Sibutramine (Meridia) ဆေးကိုလူသုံးများခဲ့တယ်။ တနေ့ ၁ ကြိမ် မနက်ခင်းမှာ သောက်ရတယ်။ 10mg ကနေ နောက်မှာ 15mg တိုးပေးတယ်။ လိုသေးရင် ထပ်တိုးတယ် 60mg အထိရောက်တယ်။ ထိရောက်တယ်။ ဒါပေမဲ့ ၈-၁ဝ-၂ဝ၁ဝ နေ့ကစပြီး ဆေးရောင်းခွင့်ပိတ်လိုက်ပါတယ်။ နောက်ဆက်တွဲ နှလုံးရောဂါဖြစ်စေလို့ပါ။

မော်ဒယ်တွေမှာ အတင်းအကြပ်လိုက်နာဘို့ သင်တန်းတွေပေးတာရှိတယ်။ Crush diet ဆိုတာ နာမည်ကြီးတယ်။ စားစရာကို မည်ကာမတ္တသာစားရတယ်။ ဆေးလဲပေးပါတယ်။ ဒါပေမဲ့ ကျန်းမာရေးဘက်ကကြည့်ရင် လက်မခံပါ။ ဆိုးကျိုးတွေ ဆက်ဖြစ်လာတာရှိတယ်။

Crash diets ပိန်အောင် အစားအသောက်ကို တင်းတင်းကြပ်ကြပ်ကန့်သတ်နည်းကလဲ နှလုံးကိုထိခိုက်စေတယ်။ တနေ့မှာ ကယ်လိုရီ ၁၂ဝဝ ထက်မပိုစေရဘူး။ (ရေ + သံပုရာရည် + မေပယ်ဖျော်ရည် + ပက်ပါ) ကလွဲရင် ဘာမှ မစားရပါ။

Fad diets လို့လဲခေါ်တယ်။ ဖက်ရှင် ဒိုင်းယက်။ ၁၉၇ဝ တုံးကပေးကာစမှာ Dr. Linn's liquid formula နာမည်ကြီးခဲ့တယ်။ တနေ့ကို ကယ်လိုရီ ၃ဝဝ-၄ဝဝ သာရနိုင်တဲ့ အရည်သာသောက်ရတယ်။

အာဟာရပညာရှင်တွေဘက်က ထောက်ပြတာက ဒီနည်းဟာ မှားယွင်းတဲ သီအိုရီကိုအခြေခံတာဖြစ်တယ်။ ပိန်အောင် အမြန်ချနည်းကနေ လူရဲ့ (မက်တာဘ်ေလဇင်) ကို နှေးစေမယ်။ နောင်မှာ ကိုယ်အလေးချိန် တက်လာစေနိုင်တယ်။ ဒီကြားထဲမှာ အာဟာရချို့ယွင်းတာပါဖြစ်မယ်။ အဲလိုနည်းကနေ ခုခံနိုင်စွမ်းကိုလဲ အားနည်းစေပါမယ်။ ရေ + ဆား ခမ်းခြောက်မယ်။ နှလုံးတုန်မယ်။ နှလုံးထိခိုက်မယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး