One French Kiss Swaps 80 Million Bacteria

• ပြင်သစ်အနမ်းခေါ်တဲ့ ပါးစပ်နှုတ်ခမ်းချင်း နမ်းစုပ်တာကနေ ခံတွင်းမှာရှိတဲ့ ဗက်တီးရီးယားတွေ ကူးစက်စေတယ်။
• ၁ဝ စက္ကန့်ကြာနမ်းရင် ဗက်တီးရီးယားပေါင်း သန်း ၈ဝ ကူးစက်တယ်လို့ သုတေသနတခုက တွေ့ရှိလာပါတယ်။ သိပ်တော့မစိုးရိမ်ပါနဲ့တဲ့ ကြာရင်ခံတွင်းထဲမှာနေကြတဲ့ ဗက်တီးရီးယားတွေ အခြေအနေပြောင်းလာအောင်ဆိုရင် ပြင်သစ်နမ်းနည်း အကြိမ်ပေါင်းများစွာ လုပ်မှသာဖြစ်နိုင်ပါသတဲ့။
• လူတွေရဲ့ သွားကြား၊ ပါးစောင်နဲ့ သွားဖုံးတွေမှာ ဗက်တီးရီးယား အမျိုးအစားပေါင်း ၇ဝဝ ရှိနေတာပါ။
• စုံတွဲ ၂၁ တွဲတို့ရဲ့ တံတွေးနမူနာတွေကို ယူပါတယ်။ စုံတွဲတိုင်းမှာ ယောက်ျား၊ မိန်းမေတွေရဲ့ ရှိရင်းစွဲ ဗက်တီးရီးယားတွေရဲ့ ဆင်တူမှုကို အရင်စစ်ဆေးထားပါတယ်။
• ဒိနောက်မှာ စုံတွဲတိုင်းထဲက တယောက်ကို probiotic yogurt ရောဂတ် လို့ခေါ်တဲ့ ဒိန်ဂျင်ရည်ကို သောက်စေပါတယ်။ အဲဒီစားစရာထဲမှာ Streptococcus thermophilus ဗက်တီးရီးယားတွေ့ပါတယ်။ ပြီးတော့ ၁ဝ စက္ကန့်ကြာ နမ်းကြစေပါတယ်။ ပြီးတော့ သူတို့ရဲ့သွားရည်နမူနာတွေ တခါထပ်ယူပါတယ်။
• ဗက်တီးရီးယားတွေကိုရေတွက်ပြီး ဆန်းစစ်မှုလုပ်တဲ့အခါ ရောဂန်သောက်တဲ့သူဆီက ဗက်တီးရီးယားပေါင်း သန်း ၈ဝ ဟာ ရောဂတ်မသောက်သူဆီရောက်လာတာကိုတွေ့ရှိလိုက်ရပါတော့တယ်။
• သုတေသနဆရာတွေက အတွဲတွေကို ပြီးခဲ့တဲ့နှစ်အတွင်း ပြင်သစ်နမ်းနည်း အကြိမ်ပေါင်း ဘယ်လောက် လုပ်ခဲ့ကြသလဲလို့မေးကြည့်ပါတယ်။
• တနေ့မှာ ၉ ခါနမ်းတဲ့အတွဲနဲ့ ဒီလောက်ခဏခဏမနမ်းတဲ့အတွဲနဲ့ သိပ်မကွာတာတွေ့ရပါတယ်။ ဗက်တီးရီးယားတွေက အဆက်မပြတ် ပြောင်းလဲဖြစ်စဉ်မှာ ရှိနေကြတယ်။
• ဒီတွေ့ရှိချက်ကို တနင်္လာနေ့ထုတ် Microbiome ဂျာနယ်မှာ ရေးသားထုတ်ပြန်လိုက်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၁၁-၂ဝ၁၄

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး