Escape လွန်မြောက်နိုင်ကြပါစေ

• ရောက်နေတဲ့နေရာမှာ ပျော်နေပြီလို့မှတ်ထင်သူတွေ တွေ့ရတယ်။ ကျွန်တော်က အခုနေရာမှာ ပျော်နေပြီလို့ မဟုတ်ပါ။ အရင်နေရာမှာလဲ မပျော်ခဲ့ဘူးလို့ မပြောပါ။ မေးလာသူရှိလို့ ပြန်ပြောပြလိုက်ပါတယ်။

• ‘လောကဓံကို ကြံ့ကြံ့ခံပါ’၊ ‘လောကဓံတရားကို ပြုံးပြုံးလေးနဲ့ရင်ဆိုင်မယ်’ စသဖြင့် ပြောလေ့၊ ရေးလေ့ရှိကြတယ်။ လောကဓံတရားဆိုတာ ဆိုးတာတွေကိုသာလို့ ထင်မှတ်ကြသူနဲ့၊ မျက်ရည်စက်လက်ဖြစ်ရတာတွေကိုသာ ခေါ်တယ်လို့ ထင်မှတ်ကြသူက များမယ်။
• (၈) မျိုးရှိတယ်။ (၄) စုံဖြစ်တယ်။ ‘ဆင်းရဲတာ’ နဲ့ ‘ချမ်းသာတာ’၊ ‘ချီးမွမ်းခံရတာ’ နဲ့ ‘ကဲ့ရဲ့ခံရတာ’၊ ‘လာဘ်ရတာ’ နဲ့ ‘မရတာ’၊ ‘အခြွေအရံများတာ’ နဲ့ ‘နည်းတာ’။ ဒီရှစ်မျိုးမှာ ဆိုးတာ၊ ကောင်းတာ၊ ကြိုက်တာတွေကို ကြုံတဲ့အခါ ပြုံးရယ် ပျော်ရွှင်လွန်းသူမျိုးတိုင်းဟာ အနုတ်သဘောတွေကို ကြုံရပြန်တဲ့အခါ ဝမ်းနည်းပက်လက်ဖြစ်မယ်။
• လောကဓံအမျိုးမျိုးကို ဘယ်လိုရင်ဆိုင်နိုင်သူဟာ မှန်သလဲ။ ‘တုန်လှုတ်ခြင်းမရှိသူ၊ ကြောက်ရွံ့ခြင်းကင်းနိုင်သူနဲ့၊ ရမက်မရှိသူ၊ ဘေးရန်ပါကင်းနိုင်သူ’ ဖြစ်ရမယ်။ လေးနက်လို့ သဘောပေါက်သူနည်းတယ်။ ဖြစ်နိုင်သူက အလွန့်အလွန် ရှားပါးတယ်။ အဲလိုအထိပေါက်မြောက်နိုင်သူကိုသာ လောကကို ‘အောင်နိုင်သူ’၊ ‘လွန်မြောက်သူ’ လို့ သတ်မှတ်တယ်။ ကျန်သူတွေထဲမှာ အနု၊ အရင့်တော့ကွာကြတယ်။

“လောကဓံတရားတွေနဲ့ကြုံပါစေ၊ တုန်လှုပ်ခြင်းမရှိ၊ ကြောက်ရွံခြင်းမရှိ၊ ရမက်လဲမရှိ၊ ဘေးရန်လည်းမရှိ ဖြစ်ကြကုန်သော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များအား ရှိခိုးဦးတင်ပါ၏”။     ။

ဒေါက်တာတင့်ဆွေ
၁၆-၉-၂ဝ၁၄
၁၇-၁၁-၂ဝ၁၄

Comments