Scar (2) အမာရွတ် (၂)

ကျွန်တော့် Genital Warts near the base of the penis ကို Podophylline တို့ပေးရင်းနဲ့ ခြောက်ပြီး ကွာကျလာပါတယ်။ ကွာသွားတဲ့ နေရာမှာ အချိုင့်ခွက်လေးတွေ ကျန်နေပါတယ် အရေပြား အရောင် ဖျော့တဲ့နေရာလေးတွေက ဖျော့တယ် ရဲတဲ့နေရာက ရဲတယ် အဲ့ဒါ ကျောက်ပေါက်ခွက်လို အမာရွတ်ကျန်မှာလား။ ချိုင့်ခွက်တွေ ပြန်ပြည့်အောင် အရေပြား အရောင် ညီအောင် အမာရွတ်ပျောက်ဆေး Mucopolysaccharides Polysulphate လိမ်းရင် ပျောက်နိုင်မလား။ ပျောက်နိုင်မယ်ဆိုရင် ဘယ်လိုလိမ်းရမလဲ။ ကြွက်နို့က သူ့အလိုလို ၂ နှစ် ကျော်ရင် ကိုယ်ထဲမှာ Antibodies (အင်တီဘော်ဒီ) ထွက် Immune (ခံနိုင်ရည်) ရသွားပြီး နောက်ထပ် ထပ် မပေါက်တော့တာလား ခင်ဗျ။

Mucopolysaccharide polysulphate (MPS) ဆေးကို သုံးနေခဲ့တာကြာပါပြီ။ ဆေးတန်ခိုးက ရေဓါတ်ပိုဖြစ်စေတာမျိုးပါ။ ဆေးလိမ်းထားရင် ၁ဝ နာရီကြာအောင် အရေပြား စိုနေစေမယ်။ အရေပြားရဲ့ ဆန့်နိုင်-ကျုံ့နိုင်စွမ်းကို ပိုမကောင်းစေပါ။

ကြွက်နို့ ဖြစ်ဘူးသူတွေ ရောဂါပြီးစနစ်အရ နောင်မဖြစ်ဘူးလို့ မပြောနိုင်ပါ။ ကြွက်နို့ကိုဖြစ်စေတဲ့ (ဗိုင်းရပ်စ်) တွေက အထဲရောက်နေပြီး ဖြစ်တယ်။ သူတို့ကိုသေအောင် မလုပ်နိုင်ကြသေးပါ။

အမာရွတ် ကုသနည်းများ
(၁) အိမ်မှာတင် လုပ်နိုင်တဲ့နည်းတွေ
• Vitamin E cream တနေ့ ၂ ကြိမ်၊
• Mederma topical gel ဆိုတာ Onion နဲ့ Allantoin ကနေထုတ်လုပ်တဲ့ဆေးကို တနေ့ ၃-၄ ကြိမ်၊
• Thiosinaminum 5c တနေ့ ၂ ကြိမ်၊ Calendula gel or cream, 10% Mustard-seed oil, Rose hip seed oil and Essential oils of rose နဲ့ Lavender oil တွေကိုလဲ သုံးနိုင်တယ်။

(၂) ဆရာဝန်တွေကနေ လုပ်ပေးနိုင်တာတွေ -
• Vitamin C အထောက်အကူရနိုင်တယ်။ ဒါပေမဲ့ အမာရွတ်က သေးမသွားပါ။
• Vitamins E and onion extract (Mederma) မထိရောက်ဘူးလို့ ဆိုတယ်။ Vitamin E ကြောင့် ၃၃% အရေပြားရောင်တာ ဖြစ်စေတယ်။
• Chemical Peels နည်းက အမာရွတ်ရဲ့ အပေါ်ဆုံးလွှာ Epidermis ကို ဖယ်ရှားပေးမယ်။ Acne scars ဝက်ခြံ-အမာရွတ်၊ အသားမဖြူသူတွေဖြစ်တာနဲ့ Keloid scars (ကီးလွိုက်) အမာရွတ်တွေအတွက် သုံးတာများတယ်။
• Dermabrasion နည်းကို ဝက်ခြံ-အမာရွတ်မှာသုံးတယ်။
• လေဆာနည်းများ
o Non-ablative lasers လေဆာနည်းကို Hypertrophic scars and Keloids အမာရွတ်က အသီးလို ဖြစ်နေတာအတွက် သုံးတယ်။
o Ablative lasers လေဆာနည်းကို Atrophic and acne scars ဝက်ခြံ-အမာရွတ်၊ ရှုံ့တွနေတာမျိုး အတွက် သုံးတယ်။
• Semiocclusive Ointments & Pressure Dressing
o Silicone scar treatments အမာရွတ်ဖြစ်မလာစေအောင်နဲ့ ဖြစ်ပြီးသားကို ပုံပန်းဆိုးတာ သက်သာစေအောင်သုံးတယ်။ Semiocclusive silicone based ointments တွေကိုသုံးတယ်။
o Pressure dressings နည်းကို Burn and hypertrophic scars မီးလောင်-အမာရွတ် နဲ့ အသီး ဖြစ်နေတာမျိုးအတွက် သုံးတယ်။
• Corticosteroid Injections (ကော်တီကိုစတီရွိုက်) ထိုးဆေးနည်းကို အမာရွတ် ပြော့သွားစေအောင်၊ ပုံပန်း ပြောင်းလာအောင် Keloid or Hypertrophic scars တွေအတွက် သုံးတယ်။ Steroids လိမ်းဆေးနဲ့ မရပါ၊
• Surgery ခွဲစိတ်နည်းကို တချို့နေရာတွေမှာ အသုံးကျတယ်။
o Excision of keloid scars ကို လုပ်ပေးရင် ၄၅% ပြန်ဖြစ်တယ်။
o Burn မီးလောက်-အမာရွတ်အတွက် Skin graft အရေပြား အစားထိုးတာလုပ်နိုင်တယ်။
• Dermal Fillers နည်းကတော့ Atrophic scars အမာရွတ်က အရေပြားအောက်မှာ နိမ့်ကျနေတာမျိုးအတွက် သုံးတယ်။ Juvederm or Restylane နာမည်နဲ့ရောင်းတယ်။ မေးတဲ့သူမှာဖြစ်တာနဲ့ ဆင်နေမလားဘဲ။ ဒါပေမဲ့

Juvéderm ဆိုတာ ထိုးဆေးဖြစ်တယ်။ လူ့ကိုယ်မှာ ရှိနေတဲ့ Hyaluronic acid ဓါတ်ဖြစ်တယ်။ FDA ကနေ ၂ဝဝ၆ မှာ အသိအမှတ်ပြုပေးထားတယ်။ အဓိကသုံးတာက Smile lines ခေါ်တဲ့ ပြုံးရယ်ရတာများလွန်းလို့ဖြစ်ရတဲ့ အရေးအကြောင်းမျိုးအတွက် ဖြစ်တယ်။ Lip augmentation agent အနေနဲ့ နှုတ်ခမ်းပိုလှစေအောင်နဲ့ အမာရွတ်ကြောင့် ခွက်နေတာမျိုးကို ပြန်ဖြည့်လာစေအောင် အတွက်လဲ သုံးတယ်။ ဆေးကို ၆-၉ လနေရင် ကိုယ်ခန္ခာကနေ စုပ်ယူသွားမယ်။ ထပ်ထိုးရမယ်။ ဆေးထိုးတဲ့နေရာ နီရဲနေမယ်။ နာမယ်။ ဖေါင်းနေမယ်။ ၇ ရက်နေရင် ပျောက်သွားမယ်။ အမေရိကန် တီဗွီ နဲ့ ရုပ်ရှင် မင်းသမီး Lisa Rinna ပြောတာက “သိပ်သုံးတာများရင် မှားမယ်” တဲ့။ အလားတူ ထိုးဆေးတွေက Belotero injections, Perlane injections and Restylane injections တွေ ဖြစ်တယ်။ Restylane ထိုးဆေးကလဲ Hyaluronic acid filler မျိုးဖြစ်တယ်။ ပိုလှစေအောင် မျက်နှာက အရေးအကြောင်းတွေ သက်သာစေဘို့ သုံးတယ်။ Sad mouth corners မျက်နှာ မဲ့လို့ဖြစ်ရတဲ့ အရေးအကြောင်းကို သက်သာစေမယ်။ ၆ လအထိခံတယ်။

• Scar အမာရွတ် http://dts-medicaleducation.blogspot.com/2010/10/scar.html
• Keloid အရုပ်ဆိုးတဲ့ အမာရွတ် https://doctortintswe.blogspot.com/2019/07/keloid.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး