Winter night အညာဆောင်းည ပြန်မှတ်ရ

- Thaik Thaik ငယ်စဉ်ကတော့ အညာကဆောင်းမှာမနက်စောစောထ မီးလှုံရင်းနဲ့ ထန်းပင်မြစ်၊ ကန်စွန်းဥ မီးဖုတ်စားရတာကို သတိရမိတယ်။
- Thaik Thaik ကျွန်မတို့ အညာမှာဆောင်းဝင်စဆို ကန်စွန်းဥဖော်တယ်လေ။
- Tint Swe ဟုတ်။ ကျွန်တော်တို့အရပ်မှာတော့ ကန်စွန်းဥကို ဆောင်းစာရယ်လို့မစားကြပါ။ ဝယ်လို့ရရင် မီးဖတ်လို့ရော ပြုပ်ပြီးပါစားကြတယ်။ ဒေလီမှာတော့ တွန်းလှည်းနဲ့ ကန်စွန်းဥမီးဖုတ်ကို လည်ရောင်းတယ်။ ထူးထူးဆန်းဆန်း စောင်းလျားသီးလဲပါတယ်။ ငရုတ်သီးစိမ်းတောင့်လေးတောင်မှပါသေးတာ။ ဝယ်တော့မစားခဲ့ဘူးပါ။ မနှစ်ကဆောင်းမှာ ရေးထားတာလေး ပြန်တင်ပါရစေ။

• ကွင်းပြင်မှာ တအိမ်လုံး၊ ထင်းတုံးမီးဖိုမှာ ဝိုင်းကာထိုင်၊
• သုံးချောင်းထောက်တိုင်မှာ ရေနွေးကို မြေအိုးနဲ့ကျို၊
• လူအိုကိုဦးချ၊ အိမ်ရှင်မက လက်ဖက်သုပ်၊
• အရည်းလုပ်သူက ထန်းလျှက်ခဲထုတ်၊
• ဦးကြီးက ပြာပူပူမှာ ထန်းပင်မြစ်ဖုတ်၊
• အကိုကြီးက အူတိုင်ကို အရုပ်လုပ်၊
• ရုပ်ဆိုး-မီခိုး၊ ရုပ်လှ-မီးခ၊ စကားနိုင်လုကြ၊
• အညာဆောင်းည ချမ်းပါလှ လွမ်းပါရ။     ။

ဒေါက်တာတင့်ဆွေ
၂၆-၁၂-၂ဝ၁၃
၂၁-၁၁-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး