30-11-2014 Visitors Get link Facebook X Pinterest Email Other Apps - November 30, 2014 အိန္ဒိယမှာ နှစ်ပေါင်းများစွာ အတူနေခဲ့ကြပြီး၊ ဒီနိုင်ငံတခြားပြည်နယ်မှာရောက်နေကြတဲ့ မနိုးနီးနဲ့ သမီး မားသဲတို့ အိမ်အထိလာလည်ကြတယ်။ ကျန်းမာစွာတွေ့ရလို့ ဝမ်းသာကြရတယ်။ Get link Facebook X Pinterest Email Other Apps Comments
Menoral ဟော်မုန်းဆေးတမျိုး - July 02, 2019 ၁။ မင်္ဂလာပါဆရာရှင့် အသက်က 25 အိမ်ထောင်မရှိ အပျိုပါရှင့် ရာသီမလာတာ နှစ်လလောက်ရှိလို့ ဆေးခန်းသွားပြတာ menoral တနေ့နှစ်လုံးနဲ့ ၂၁ ရက်သောက်ခိုင်းပါတယ်ရှင့်သူ့ရဲ့အကျိုးသက်ရောက်ပုံလေးဖြေပေးပါဆရာရှင့် ၂။ မင်္ဂလာပါဆရာ Menoral (Norethisterone Tablet Bp) ဆိုတဲ့ဆေးကို တားဆေးအဖြစ်သုံးလို့ ရပါလားရှင့်။ အဲ့ဒီဆေး အကြောင်းလေး ဆရာအချိန်ရရင် ရှင်းပြစေလိုပါတယ်။ ၃။ အသက် ၂၂ အမျိုးသမီးပါ အိမ်ထောင်မရှိ။ ရာသီခဏခဏလာလို့ OG ဆီသွားပြပါတယ်။ menoral နာမည်နဲ့ဆေးကို တနေ့သုံးလုံးတိုက်ပါတယ်။ (၁) ထိုဆေးကို တားဆေးအဖြစ်သုံးနိုင်ပါသလား။ (၂) ထိုဆေးနှင့်အတူ အရေးပေါ်တားဆေး ecc2 အားသောက်နိုင်ပါသလား။ Menoral (Norethisterone) 5mg Tablets စားဆေးဟာ Progesterone ပရိုဂျက်စတီရုန်းဟော်မုန်းဆေးဖြစ်တယ်။ ရာသီမမှန်သူ၊ ရာသီလာစဉ်နာသူ၊ ရာသီများသူ၊ အင်ဒိုမီထရီယိုးဆစ်ရောဂါရှိသူတွေကို ပေးတယ်။ ဆေးအဆများတာကို ရင်သားကင်ဆာတချို့ကိုပေးတယ်။ ရာသီများသူကို 5 mg တနေ့ ၃ ကြိမ်၊ ၁ဝ ရက်။ နောက်မှာ ၁၉-၂၆ ရက်တွေ 5 mg တနေ့ ၂ ကြိမ်။ ရာသီမလာစေအာင် ရာသီလာရမယ့်ရက်ထက် ၃ ရက်စောပြီး 5 mg တနေ့ ၃ ကြိမ်၊ ၃ ရက်။ ရင်သားကင်ဆာအတွက် 40 mg နေ့စဉ်ကနေ 60 mg အထိတိုးပေးတယ်... Read more
Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်) - January 03, 2017 • ကလေး တင်ပါးဆုံပြုသည့်အနေအထားဖြင့်မွေးခြင်း၊ - breech delivery • ကလေး အတွင်းခံအဝတ်ကြောင့် ဖြစ်ရသည့် အနီစက်များ - diaper rash • ကလေးငယ်များတွင်ဖြစ်သော ဗိုင်းရပ်စ် အဖျားရောဂါ - roseola • ကလေးငယ်များအား စောင့်ရှောက်ခြင်း - nursery • ကလေးမဖွါးမီ၊ ကိုယ်ဝန်ဆောင်ချိန် - prenatal (antenatal) • ကလေးမရနိုင်ခြင်း - infertile • ကလေးမမွေးစေရန် တားဆီးခြင်း - birth control • ကလေးရနိုင်စေရန်အတွက် အကြံဥာဏ်ရယူခြင်း - fertility counseling • ကလေးအထူးကု - pediatrician • ကလေးအသေမွေး - stillbirth • ကလေးမွေးချင်လို့နာ - labor pain • ကလေးမွေးခြင်း - labor and delivery • ကလေးမွေးပြီး စိတ်ဓါတ်ကျခြင်း - postpartum depression • ကလေးမွေးရာတွင် လွယ်ကူစေရန်အားပေးသည့်နည်း - Lamaze method • ကလေးမွေးလူနာဆောင် - maternity ward • ကလေးမွေးစေရန် တမင်လုပ်ပေးခြင်း - induced labor • ကလေးမွေးနိုင်ရန် မွေးလမ်းကြောင်း ချဲ့ကိုက်ခြင်း - episiotomy • ကာကွယ်ဆေး - vaccine • ကာကွယ်ဆေးထိုးခြင်း - Vaccination • ကာဗွန်မိုနော့ဆိုက် - carbon monoxide • ကာဗွန်ဟိုက်ဒရိတ်၊ (ကစီဓါတ်) (သကြား -အချိုဓါတ်) - carbohydrates • ... Read more
Alinamin F ထိုးဆေး - January 06, 2017 ဆရာခင်ဗျာ ပုံပါဆေးကိုလေဖြတ်ကာကွယ်ဆေးအဖြစ် မြန်မာပြည်မှာထိုးပေးနေပါသည်။ အမေရိကန်ထုတ်ဟု ပြောရောင်းနေပါသည်။ မြန်မာငွေ ၁၂၀၀ သာရှိပါသည် အကျိုးအပြစ် ရှင်းပြပေးပါခင်ဗျား။ Alinamin-F ဆိုတာ Disulfide 50 mg နဲ့ Fursultiamine ထိုးဆေးဖြစ်တယ်။ Fursultiamine HCl တမျိုးတည်းပါတာနဲ့ riboflavin ပါတာ ၂ မျိုးရှိတယ်။ B1 ဗီတာမင် ဘီ-၁ နဲ့ B2 ဘီ-၂ နည်းသူတွေကိုပေးတယ်။ ဘီ-၂ ထဲက Alinamin-F သာပါတယ်။ beri-beri ဘယ်ရီဘယ်ရီရောဂါနဲ့ neuritis အဖျားအနားအာရုံကြောရောင်တာတွေကိုပေးတယ်။ ဗီတာမင်ဘီ-၁ နဲ့ ဘီ-၂ တွေ့ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်ချိန်တွေမှာ ခါတိုင်းထက်ပိုလိုအပ်တယ်။ ဝမ်းလျှောသူ၊ အစာလမ်း အဆင်မပြေ ဖြစ်သူတွေကိုလည်း ပေးနိုင်တယ်။ လေဖြတ်တာကို မကာကွယ်ပါ။ ဆောရီး ဒေါက်တာတင့်ဆွေ ၆-၁-၂ဝ၁၇ Read more
Comments
Post a Comment