Khalid’s arrest sparks off debate on Rohingyas in India

• ‘ဘာရ်ဝမ်’ ဗုံးဖေါက်ခွဲမှုနဲ့ သံသယရှိသူ ‘ရိုဟင်ဂျာ’ ‘ခါလိဒ်’ (ခေါ်) ‘ခါလစ် မိုဟာမက်’ ဖမ်းဆီးခံရအပြီးမှာ အိန္ဒိယအနေနဲ့ အဲဒီလူမျိုးစုတွေ မြန်မာပြည်ကနေ ဘင်္ဂလားဒက်ရှ် ကတဆင့် အိန္ဒိယကို ဝင်လာနေကြတာကို ဘယ်လို ကိုင်တွယ်မလဲလို့ မေးခွန်းထုတ်လိုက်တဲ့သတင်းကို ကနေ့ထုတ် ‘တိုင်းမ် အော့ အိန္ဒိယ’ မှာ ဖေါ်ပြထားပါတယ်။
• မလေးရှားကလွဲရင် အိန္ဒိယဟာ ရိုဟင်ဂျာတွေကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုတဲ့ နိုင်ငံဖြစ်ပါတယ်။ ကုလမဟာမင်းကြီးရုံး  UNHCR ကနေဖွင့်ပေးထားတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းဟာ ‘ဂျမူး’ မှာရှိပေမဲ့ တခြား နေရာတွေမှာပါပြန့်နေကြတယ်။ စုစုပေါင်း လက်ရှိ ရိုဟင်ဂျာ ၂ သောင်းကနေ ၂ သောင်းခွဲ ရှိပါမယ်။
• ‘ခါလစ်’ ကို NIA ကနေ တနင်္လာနေ့က ‘ဟိုက်ဒဂာဘဒ်’ မှာဖမ်းခဲ့တာပါ။ မြန်မာ-ဘင်္ဂလားနယ်စပ်မှာ အကြမ်းဖက်မှုတွေလုပ်နေတဲ့ Rohingya Solidarity Organisation (RSO) အဖွဲ့ဝင်လို့ထင်ထားပါတယ်။ Tehreek-e-Azadi Arakan အဖွဲ့ရဲ့သင်တန်းတက်ခဲ့တာလို့လဲ သူကဝန်ခံထားပါပြီ။ Tehreek-e-Taliban Pakistan ကနေသင်တန်းလာပေးတာဖြစ်ပါတယ်။
• RSO နဲ့ Jamaatul Mujahideen Bangladesh (JMB) အဖွဲ့တွေဆက်စပ်နေကြတာနှစ်တွေကြာလှပါပြီ။
• JMB အဖွဲ့ ဖေါက်ခွဲရေးကျွမ်းကျင်သူ Jahidul Islam ခေါ် Boma Mizan ဟာ ဘင်္ဂလားဒက်ရှ် Rapid Action Battalion တပ်ရင်းကနေလွတ်မြောက်ထွက်ပြေးပြီး အခုအန္ဒိယမှာခိုလှုံနေပါတယ်။ သူကနေ မြန်မာ-ဘင်္ဂလား နယ်စပ်က (RSO) စခန်းတွေမှာ သင်တန်းပေးဘို့ ငွေရထားသူဖြစ်ပါတယ်။
• Harkat-ul-Jihad Islami Bangladesh (HuJI-B)အဖွဲ့ကလဲ RSO နဲ့နီးစပ်ပါသေးတယ်။
• HuJI-B စစ်သွေးကြွတွေဟာ မြန်မာပြည်က ရိုဟင်ဂျာတွေနဲ့လက်တွဲတိုက်ခိုက်နေပါတယ်။ ကနေ့အထိတော့ ရိုဟင်ဂျာတွေကို လူသားချင်းစာနာမှုအရလက်ခံထားပေမဲ့ JMB အဖွဲ့နဲ့ဆက်စပ်မှုကိုဖေါ်ထုတ်လာနိုင်လို့ ပြည်ထဲရေးဝန်ကြီးဌာနကို ခေါင်းခဲစေပါတယ်။
• ‘ကိုလ်ကတ္တား’ ထောင်ထဲမှာ ရိုဟင်ဂျာ ၁ဝဝဝ လောက်ရှိပါတယ်။ သူတို့ဟာ မြန်မာပြည်က မွတ်ဆလင်တွေ ဖြစ်ပြီး အစပိုင်းမှာ ဘင်္ဂလားဒက်ရှ်ကလက်ခံခဲ့ပါသေးတယ်။ နောက်ပိုင်းမှာ အိန္ဒိယကိုထွက်ပြေးလာကြတာ အခု ‘ပို့တ်ဘလဲယား’ Brookshabad ‘ဘွတ်ခ်ရှာဘက်’ စခန်းမှာ ရာဂဏန်းရှိနေကြပါတယ်။
• RSO အဖွဲ့ကတော့ ၁၉၈ဝ ကတည်းက မြန်မာ-ဘင်္ဂလားနယ်စပ်မှာလှုတ်ရှားနေပါတယ်။ သူတို့ရဲ့ စစ်သွေးကြွမှုနဲ့ အစွန်းရောက်မှုကို ပါကစ္စတန်နဲ့ ဘင်္ဂလာအခြေစိုက် Jamaat-e-Islami ‘ဂျမာ-အိ-အစလာမီ’ အဖွဲ့တွေကနေ ငွေပေးလာကြတယ်။ ‘အာဖကန်’ က Gulbuddin Hekmatyar's Hizb-e-Islami နဲ့ ‘ဂျမူး-က်ရှ်မီးယား’ က Hizb-ul-Mujahideen အဖွဲ့အပြင် မလေးရှားက Angkatan Belia Islam sa-Malaysia (ABIM) တွေကလဲ ငွေကြေး ပေးနေကြပါတယ်။ BIM လူငယ်အဖွဲ့ကနေ သူတို့ကို မလေးရှားမှာ လက်ခံဘို့ ဖိအားပေးကြပါတယ်။
• အခုဖမ်းထားတဲ့ ရိုဟင်ဂျာတွေကိုတော့ UNHCR ကလက်လှမ်းမီတဲ့ ဒေလီက Tihar Jail ‘တီဟာ’ အကျဉ်းထောင်မှာ ထားပါမယ်။ ပြီးမှ ‘ဂျမူး’ က ရိုဟင်ဂျာစခန်းကိုပို့မှာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၁၁-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး