Red မုံရွာမှာ အနီရောင်ဆိုးခဲ့ခြင်း

• ကျောင်းဆရာမတယောက်က နှင်းဆီအနီရောင်ပုံနဲ့ မနက်ခင်းမင်္ဂလာဆုတောင်းစကား တင်ပါတယ်။
• ကျွန်တော်က ရီစရာသဘောအတော်ပြောချင်သူမို့ “ဒီကနေ့ ကျောင်းသန့်ရှင်းရေးက အနီသင်းကျတယ်ပေါ့” လို့ ရေးလိုက်တယ်။
• အလောင်းဘုရားအသင်း၊ အသင်းတွေကို သူရဲကောင်းတွေနာမည်နဲ့ဖွဲ့ထားတယ်။ ကျောင်းသားများရင် အဖွဲ့ဝင်တိုးမယ်၊ သူရဲကောင်း များများရှိမှဖြစ်မယ်တဲ့။
• ကျွန်တော် ၆ တန်းတုံးက အနီသင်း။ ဘယ်မင်းအသင်းမှန်းတော့ မသိခဲ့ဘူး။
• နောက်ပိုင်းမှပြောင်းလိုက်တာပါဆရာ။ ဝါစိမ်းနီပြာနဲ့ပဲလာခဲ့တာ။ ကျန်စစ်သား၊ ဗန္ဓုလ၊ ဘုရင့်နောင်၊ အလောင်းဘုရား။ လေးသင်းပါ။
မှတ်မိသေးတယ့့်
• အဲဒီတုံးက အရောင်နဲ့စွပ်ကျယ်တွေက မပေါ်သေးပါ။ T-shirt ‘တီ-ရှပ်’ ကလဲ စပိန်-အမေရိကန် စစ်ပွဲ (၁၉၁၃) မှာ ပေါ်ခဲ့တယ်လို့ ဖတ်ရတယ်။ အဲဒီတုံးကတော့ အမေရိကန် စစ်သားတွေက အောက်ခံအနေနဲ့သာဝတ်ကြတာပါ။ ၁၉၅ဝ ကျော်မှာ မင်းသားကြီး ‘မာလွန်ဘရန်ဒို’ စဝတ်တော့မှ ပေါ်ပြူလာဖြစ်လာတယ်။
• ကျွန်တော် ၅ တန်း၊ ၆ တန်းရောက်တာက ၁၉၅၆-၅၇ ဆိုတော့ မြန်မာပြည်မှာ မြင်းခေါင်းစွပ်ကျယ်သာရှိတာ။
• စွပ်ကျယ်တွေကို ကိုယ့်အသင်းကအရောင်ဆိုးကြရတယ်။ မုံရွာ၊ ရတနာပုံရပ်ကွက်မှာ ချည်ဆေးဆိုးနဲ့ ရက်ကန်း လုပ်ငန်းလုပ်သူတွေကများတော့ အဆင်ပြေပါတယ်။
• ပြန်ရွေးတဲ့အခါ မှတ်မိအောင် ကိုယ့်နာမည်ကိုရေးထားမှ။ Silk screen printing ဆေးဆိုး ပန်းရိုက်က မတွင်ကျယ်သေးပါ။
• ခြောက်တန်းကျောင်းသားတွေက ဥာဏ်ထုတ်ကြတာပေါ့။ စွပ်ကျယ်အောက်မှာ ကွမ်းရွက်ခံပြီး၊ ဘောပင်နဲ့ ကိုယ့်နာမည်ကို ရေးကြရတယ်။ ဆေးဆိုးပြီးလဲ မပျက်တော့ဘူး။ ဘောပင်တောင်မှ မပေါသေးတော့ သံချောင်း အချွန်နဲ့ပေါ့။ “မောင်တင့်ဆွေ၊ ၆ တန်း ဘီ”။

ဒေါက်တာတင့်ဆွေ
၁၉-၁၁-၂ဝ၁၄
ဓါတ်ပုံ Ogga Linn

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး