Pregnancy selfies ကိုယ်ဝန်ဆောင်ဓါတ်ပုံ

၁။ ဆရာ မင်္ဂလာပါ။ ကျွန်မက ကိုယ်ဝန် ၂၈ ပတ်ကျော်ပါပြီ။ ကလေးကတခါတလေအရမ်းလှုပ်ပါတယ်။ တခါတလေလဲ အရမ်းငြိမ်နေပါတယ်။ တခါတလေဆို ဗိုက်ကအရမ်းကို တင်းနေတက်ပါတယ် ဆရာ။ ကျွန်မက ကလေးပုံမှန်ဖြစ်ရဲ့လား စိတ်ပူနေလို့ပါ။ ပြီးတော့ မနေ့က shopping mall သွားရင်းနဲ့ မထင်မှတ်ပဲ show ပွဲတစ်ခုနဲ့တိုးတော့ အရမ်း ဆူညံသံတွေကြောင့် ကလေးရဲ့ အကြားအာရုံများထိခိုက်သွားနိုင်ပါသလား ဆရာ။ ဒါမှမဟုတ် အရမ်းလန့်ပြီး နှလုံးတွေများ ထိခိုက်နိုင်ပါသလား ဆရာ။

မပူပါနဲ့။ ကလေးလှုတ်လေကောင်းလေပါ။ တနေကုန်မလှုတ်ရင်တော့ ဆရာဝန်ပြပါ။ အပြင်ကအသံဆူတာအတွက်လဲ စိုးရိမ်စရာမရှိပါ။ မခင်လောင်းက စိတ်ကို အပြုသဘောဆောင်ပါ။

ကျေးဇူးတင်ပါတယ်ဆရာ။ ဆရာ ကျန်းမာချမ်းသာပါစေရှင်။

၂။ ဓါတ်ပုံရိုက်တာ ကလေးကို ဘာတွေထိခိုက်စေနိုင်ပါသလဲ ဆရာ။ ဆရာ ကိုယ်ဝန်ဆောင်နေတုန်း ဓါတ်ပုံ မရိုက်ကောင်းဘူးလို့ လူကြီးတွေပြောတာ ကြားဖူးနေလို့ပါဆရာ။

ဓါတ်မှန်မဟုတ်ရင် ဘာမှမဖြစ်ပါ။ အရင်ပေါ်ကင်မရာတွေမှာ သဘာဝအလင်းရောင်သာ သုံးတယ်။ ဓါတ်ရောင်ခြည်မပါ၊ အသံလှိုင်းမပါ၊ လျှပ်စစ်မပါ။ ခေတ်ပေါ် ကင်မရာ၊ ဖုန်းနဲ့တွဲထားတဲ့ ကင်မရာတွေကလဲ ကွန်ပြူတာနည်းသာသုံးတယ်။ အာလ်ထွာဆောင်းလဲ စိုးရိမ်စရာမရှိပါ။

ဒေါက်တာတင့်ဆွေ
၂၉-၁၁-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး