Thai parliament votes to ban commercial surrogacy trade

ဗိုက်အငှားစီးပွါးရေးလုပ်ငန်း ထိုင်းမှာ တားမြစ်လိုက်ပြီ

• သားသမီးမရနိုင်သေးတဲ့ စုံတွဲတွေကနေ ပိုက်ဆံပေးပြီး ဗိုက်အငှားနဲ့ကလေးမွေးစေတဲ့ စီးပွါးရေးလုပ်ငန်းဟာ ထိုင်းနိုင်ငံမှာ တွင်ကျယ်ပါတယ်။ လတ်တလော အမှုအခင်းတွေဖြစ်လာရာကနေ ဥပဒေနဲ့ တားပြစ်လိုက်ပါပြီ။
• သြစတေးလျ ဇနီးမောင်နှံတို့ကနေ ထိုင်းဗိုက်ငှားမိခင်ကို ကိုယ်ဝန်ဆောင်စေပြီး မွေးလာတဲ့ ကလေးမှာ မွေးရာပါ (ဒေါင်းဆင်ဒရုမ်း) ရောဂါနဲ့မွေးလာလို့စွန်ပြစ်ခဲ့တယ်။
• အလားတူ ဂျပန်ယောက်ျားတယောက်က ဗိုက်အငှားကလေးပေါင်း ၉ ယောက်ရှိတဲ့သတင်း ထွက်လာတော့ ထိုင်းလူထုက စိတ်ဆိုးကြတယ်။
• ထိုင်းမှာ အဲဒီလုပ်ငန်းကို ကုန်သွယ်ကြေညာမလုပ်ရလို့ ၁၉၉၇ ကတည်းကပြဋ္ဌာန်းထားပါတယ်။
• ထိုင်းဥပဒေအရ ဗိုက်ငှားအမျိုးသမီးဟာ မွေးလာတဲ့ကလေးနဲ့ သွေးသားအရ အမျိုးတော်တယ်လို့ သတ်မှတ်ပါတယ်။
• အခု စစ်အစိုးရလက်ထက် ထိုင်းလွှတ်တော်ကနေ ထောက်ခံမဲ ၁၇၇ နဲ့ တားမြစ်ဥပဒေ အနိုင်ရလိုက်ပါတယ်။ ဥပဒေချိုးဖေါက်သူ ထောင် ၁ဝ နှစ်အထိကျနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁၁-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး