Stugeron ဆေးဆိုတာ

သမီးက အသက်၂၈ ပါ။ စာသင်နေတဲ့အချိန် ခေါင်းကို ၂ နာရီလောက် ဆက်တိုက် ထောင်ထားရင် ပခုံးနှစ်ဘက်ကစပြီး ဇက်ကြောက ခေါင်းတခုလုံး နားထင်ကြောထိ ကိုက်တက်လာပါတယ်။ ပြီးခဏဆိုရင် ခေါင်းတွေ ကိုက်လာပြီး သွေးပေါင်လဲ ၉ဝ-၆ဝ လောက်ထိ ကျကျ သွားပါတယ်။ အဲ့လိုဖြစ်ရင် Betex နှင့် Stugeron ဆေးကို တရက်၂ ကြိမ် ၃/၄ ရက်လောက် ဆက်တိုက် သောက်လိုက်ရင် ခေါင်းကနည်းနည်း သက်သာသွားပါတယ်။ အရမ်းကြီး ပခုံးကြောတွေ မတက်တော့ပါဘူး။ အရမ်းကြီးတော့ ခဏခဏလဲ မသောက်ရဲဘူး။ ဆေးစွဲသွားမှာကြောက်လို့ပါဆရာ။ အပြင်ကပြန်လာပြီဆိုရင် နားထဲက လေတွေထွက်နေပြီ။

ဆေးတွေထဲမှာ နာတာကိုက်တာအတွက်မပါပါ။

Stugeron ဆေးဆိုတာ Cinnarizine ဖြစ်တယ်။
• Motion sickness (Travel sickness) ခေါ်တဲ့ ခရီးသွားခေါင်းမူး၊ အန်ချင်တာအတွက် အဓိကသုံးတယ်။
• Meniere's disease ရောဂါခေါ်တဲ့ အတွင်းနားရောဂါအတွက်လဲ သုံးတယ်။
• ပျို့တာ၊ ခေါင်းမူးတာ၊ Vertigo အမူးရောဂါတွေအတွက်လဲ သုံးနိုင်ပါသေးတယ်။
• Tinnitus နားထဲမှာ အသံမည်နေတာမျိုးလဲ သက်သာစေတယ်။
• Meniere's disease ရောဂါအတွက် အသက် ၁၂ နှစ်အထက်ကို တခါသောက် ၂ ပြား၊ တနေ့ ၃ ကြိမ်အထိပေးနိုင်တယ်။ ၅-၁၂ နှစ်ဆိုရင် ၁ ပြား၊ ၃ ကြိမ်။
• Travel sickness ခရီးသွားတုံးမူးချင်၊ အန်ချင်တာ ကာကွယ်ဘို့ အသက် ၁၂ နှစ်အထက်ကို ခရီးမထွက်ခင် ၂ နာရီကြိုတင်ပြီး ၂ ပြားသောက်ပါ။ ၅-၁၂ နှစ်ဆိုရင် ၁ ပြား။
• သတိထားဘို့က ခေါင်းမူးစေတယ်။ ကျောင်း၊ အလုပ်လုပ်ရသူတွေ သတိထားရမယ်။ အရက်နဲ့မတွဲရပါ။
• ကလေးတွေ၊ ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်ချိန်တွေမှာ သတိနဲ့ပေးတယ်။
• ဘေးထွက်-ဆိုးကျိုးတွေထဲမှာ ခေါင်းမူးတာအပြင် ရည်ရှည်သောက်ရင် ကိုယ်အလေးချိန်တက်မယ်။ အစာမကျေဖြစ်မယ်။

Betex ထဲမှာ Thiamine HCl 100 mg, Pyridoxine HCl 200 mg, Cyanocobalamin 200 mcg တွေပါတယ်။ ဗီတာမင် ဘီ (၁)၊ (၆) နဲ့ (၁၂) တွေဖြစ်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး