Isotretinoin (Sotret) ဝက်ခြံဆေး

ဆရာရှင့် ကျမသားက အသက် ၁၅ နှစ်ပါ။ ဝက်ခြံတွေ အရမ်းပေါက်လို့ အရေပြားဆရာဝန်ပြတဲ့အခါ ဟော်မုန်း မညီမျှလို့ဖြစ်တာဆိုပြီး ISOTRETINOIN 10 Mg (ACNOTIN 10) ကို တနေ့ ၂ ကြိမ်နဲ့ တလသောက်ခိုင်းပါတယ်။ အဲဒိဆေးရဲ့ ဘေးထွက်ဆိုးကျိုးက ဘာတွေဖြစ်နိုင်လဲ သိချင်ပါတယ်ဆရာ။ တလမပြည့်ခင် သက်သာရင်ကော ဆေးဖြတ်လို့ရပါသလား သိချင်ပါတယ်ရှင့်။

Isotretinoin ဆိုတာ ဗီတာမင် (အေ) ဖြစ်တယ်။ အရေပြာမှာ အဆီများနေတာကိုသက်သာစေမယ်။ ဆိုးတဲ့ဝက်ခြံ အတွက်လဲ ပေးတယ်။ ပိုးသေဆေးဆေးနဲ့တွဲပေးလေ့ရှိတယ်။

ဘေးထက်ဆိုးကျိုးတွေကတော့ ဆေးဝါးဗေဒအတိုင်းရေးမှာဖြစ်လို့ များနေတာအတွက် လိုတာထက်ပိုပြီး မစိုးရိမ်ဘို့ အရင်သတိပေးပါရစေ။ စိတ်ကျ၊ အာရုံစိုက်ရခက်၊ အိပ်ရေးပျက်၊ စိတ်တို၊ အမူအယာပြောင်းလဲ၊ သူများ မမြင်-မကြားတာတွေကိုမြင်ကြား၊ ကိုယ်တခြမ်းအားနည်း၊ မျက်စိဝေဝါး၊ အကြားအားနည်း၊ တက်၊ ဗိုက်နာ၊ ပျို့အန်ချင်၊ နှလုံးခုန်မြန်၊ အသားဝါ၊ ဝမ်းလျှော၊ ဝမ်းထဲသွေးပါ၊ ကိုယ်ပူ၊ ချမ်း၊ ကိုက်ခဲ၊ အဆစ်နာ၊ ထိခိုက်မိရင် သွေးထွက်လွယ်။

ဒီဆေးကို 0.5 to 1.0 mg/kg/day တနေ့ ၂ ကြိမ်ခွဲပေးတယ်။ ၁၅-၂ဝ ပါတ်အထိပေးနိုင်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး