Rabbit hunter ယုန်မုဆိုး

သတင်း = KIA ဌာနချုပ်၊ ဗိုလ်သင်တန်းကျောင်းကို အစိုးရစစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်၍ ၂၃ ယောက်ကျဆုံး။

ကချင်ပြည်နယ်၊ နယ်စပ်ရေးရာနဲ့လုံခြုံရေးဝန်ကြီး = မရည်ရွယ်ဘဲဖြစ်။

UNFC = ရည်ရွယ်ချက်ရှိရှိ ကြံစည်လုပ်ဆောင်တာဖြစ်။

Tint Swe = ယုန်ရခဲ့တာဟာ တုတ် (ဒုတ်) ပစ်လို့ရတာမဟုတ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၁၁-၂ဝ၁၄

Target ပစ်မှတ်လွဲသွားခြင်း

“Rabbit hunter ယုန်မုဆိုး” အောက်မှာ မှတ်ချက်လေးတွေပေးကြတယ်။ ခုထိတော့ ကျွန်တော်ပစ်တာ ချက်ကောင်း ထိသေးပုံမရဘူး။ ရင်းနှီးလာသူ နှစ်ယောက်နဲ့ တူတော်မောင်တယောက်ကို မေးကြည့်တော့လဲ ကျွန်တော့အထာကို မပေါက်ကြပါ။

ကျွန်တော့အဖို့မှာ ထိန်းရတာတွေရှိတယ်။ လူချင်းဆုံပြီးစကားပြောတဲ့အခါ အားနာစရာမဟုတ်ရင်တော့ ဒဲ့ဒိုးပြောပါတယ်။ မီဒီယာသမားဆိုရင်တော့ ‘အော့်ဖ်သယ်ရက်ကော့’ ပါခင်ဗျားလုပ်ပြီးမှ ပြောရတယ်။

‘နှုတ်တရာစာတလုံး’ ဆိုသလို စာနဲ့ရေးချတာကို ရေးပြီးမှ ဘွာခတ်လို့လဲမရပါ။ အသံဖမ်း အင်တာဗျူးတွေမှာလဲ ပြောချင်တာကို ဖါသာဆန်ကာစစ်ရတယ်။ တချို့က သဘောမပေါက်ကြဘူးတဲ့။ ပြောတဲ့သူက လိုရင်းရောက်အောင် မပြောတတ်တာလဲဖြစ်မှာပါ။

ရီစရာပြောတာကို နားမလည်လို့ ပြန်ရှင်းရရင် ပေါ့သွားပြီ။ အခုဟာက ဟာသတော့မဟုတ်ပါ။

စကားပုံတော့ကြားဘူးမှာပေါ့။ “ယုန်လိုက်တာ တုတ်ပစ်လို့ရရ ခွေးကိုက်လို့ရရ ယုန်ရတာလိုရင်းပဲ”တဲ့။ ကျွန်တော် ရေးထားတာက “တုတ် (ဒုတ်) ပစ်လို့ရတာမဟုတ်”။ ဆိုတော့ ဆက်စဉ်းစားပေါ့။ “ခွေးကိုက်တာ”။ ကဲ့ အဲလိုပြောလိုက်တော့ အားနာစရာတွေဖြစ်ကုန်ရော။

ဒေါက်တာတင့်ဆွေ
၂၁-၁၁-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး