Steroids and Moriamin အားကောင်းလွန်းတဲ့ ဆေးတွေ

ဒီစာရေးထားတာ ကြာပြီး စာမဖတ်သိသူတွေက မေးကြတာ မနည်းလှပါ။ ယောက်ျားတွေ၊ မိန်းဖြစ်ပြီး ယောက်ျားလို ဖြစ်ချင်သူတွေ၊ တွမ်ဘွိုင်းတွေ။

ကြွက်သားကို ပရိုတင်းနဲ့တည်ဆောက်ထားတယ်။ ကြွက်သားကြီးမားစေချုရင် ပရိုတင်း မနည်းရတာမှန်တယ်။ အစားအသောက် ကနေရတာထက်တော့ ကောင်းတာမမရှိပါ။ အဲလိုအားဆေးတွေမှာ ပရိုတင်းသန့်သန့်၊ ဗီတာမင်သန့်သန့်၊ ဓါတ်ဆားသန့်သန့်ဆိုရင် စိုးရိမ်စရာမရှိပါ။ စတီရွိုက်ခေါ်ဟော်မုန်းပါရင်တော့ ကြီးထွားသန်မာတာ သိသိသာသာဖြစ်လာမယ်။ အဲ့ ဘေးထွက်သက်ရောက်မှုတွေလည်းဖြစ်ပါမယ်။

Body building Steroids ကိုယ်ကာယကြီးထွားစေတဲ့ စတီရွိုက်ဆေးကို အတော်ကြီး သတိထားသုံးရတယ်။ ဆေးသုံးပြီး ၇ ပတ်နေရင် သိသာမယ်လို့ ဆေးရောင်းတဲ့ ဝက်ဘ်ဆိုက်ကနေ ဆိုပါတယ်။ တကယ်တိုးတက်မှု ရှိမယ်ဆိုရင် ကိုယ်ခန္ဓာဟာ လေထိုး၊ ရေထိုးထားသလိုမျိုး ဆင်တူပါမယ်။ သက်ရှိ ကိုယ်ခန္ဓာဆိုတာ သူ့စည်းကမ်းနဲ့သူ ရှိတယ်။ စည်းကိုကျော်ဘို့ ကြိုးစားမှုလို့ပြောရင် သုံးစွဲချင်သူတွေကို စိတ်ပျက်အောင်ပြောသလို့ ထင်နိုင်တယ်။ ဒီဆေးမျိုးက အရောင်းရကောင်းလို့ ဆေးအတုတွေလဲ ပေါတဲ့အချက်ကိုလဲ သတိထားရမယ်။ ရေတိုသုံးသူတွေမှာ အင်နာဂျီတွေပိုရမယ်။ ကြွက်သားထုထည် ကြီးထွားလာမယ် ပန်းပုထုထားတဲ့အရုပ်လို ဖြစ်လာမယ်။ ရေရှည်သုံးမိရင် ဆက်တွဲဖြစ်လာတာတွေ ဆိုးဝါးတယ်။ ရေထိုး၊ လေထိုးထားတာက ပိုပိုကားကြီးလာမယ်။ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းထိခိုက်မှုတွေရှိလာမယ်။ ရေရှည်သုံးသူတွေမှာ ကျောက်ကပ်နဲ့ အသည်းကိုထိခိုက်မယ်။

ရေတိုပေမဲ့ ဆေးအဆများသွားရင် ထိရောက်မှုနည်းတာသာမကဘဲ ဘေးထွက်-ဆိုးကျိုးပါရှိလာမယ်။ ကိုယ်ခန္ဓာကနေ လိုတာကိုသုံးပြီး ကျန်တာပိုတာကို အီစထိုဂျင်ခေါ်တဲ့ အမျိုးသမီးဟော်မုန်းအဖြစ်ပြောင်းပြစ်လိမ့်မယ်။ ဆေးသုံးနေသူတွေ သွေးစစ်၊ ဆေးစစ်နေရမယ်။ သွေးထဲမှာ ဟော်မုန်းဘယ်လောက်များနေလဲ သိဘို့လိုမယ်။ ဘယ်အစိတ်အပိုင်းတွေက ပုံမှအလုပ်လုပ်မလုပ်ကိုလဲ ဆေးစစ်နေရမယ်။ စတီရွိုက်ဆေးသုံးနေသူတွေဟာ တနေ့မှာ ကယ်လိုရီ ၅ဝဝဝ ကနေ ၇ဝဝဝ အထိရနိုင်အောင် အစာစားဘို့ လိုမယ်။ ပုံမှန်ယောက်ျားတယောက်ဟာ တနေ့မှာ ကယ်လိုရီ ၂၈ဝဝ သာလိုမယ်။ စားဘို့သင့်မှာက ကာဘွန်ဟိုက်ဒရိတ်နဲ့ ပရိုတင်းရမယ်။ အဆီနည်းရမယ်။ အဆီကနေသာ ကယ်လိုရီ များများရစေတယ်။ အဲဒီအဟာရ ၃ မျိုးမှာ ၁း ၁း ၄ ကယ်လိုရီရစေတယ်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်နေသူတွေ စတီရွိုက်သုံးရင် ပြင်းပြင်းထန်ထန်လုပ်ဘို့လိုမယ်။

သုံးကြတာက တက်စတိုစတီရုန် ဟော်မုန်းဖြစ်တယ်။ ကိုယ်ကနေလဲ အလိုလိုထွက်နေတာပါ။ အပိုဆောင်းသုံးလို့ အင်နာဂျီတွေပိုရမယ်။ ကြွက်သားထုထည်ပိုကြီးထွားမယ်။ ပိုပြီးခံနိုင်ရည်ရှိလာမယ်။ အဲလိုလဲ ပုံမှန် ဖြစ်နေတာပေမဲ့ ဆေးကြောင့် ပိုမြန်မယ်။

စတီရွိုက်ဆေးကို အသားထိုးဆေး၊ အရေပြာအောက်ထိုးဆေး၊ အရေပြားအောက်ထည့်ထားရတဲ့ဆေး၊ ကပ်ခွါ၊ ဂျယ်လီနဲ့ စားဆေးအဖြစ် အမျိုးမျိုးလာတယ်။ စတီရွိုက် (၂) မျိုးရှိတယ်။ (၁) Anabolic Sterods (Anabolic androgenic steroids) = Testosterone ဆိုတာက ပရိုတင်းတည်ဆောက်ရေးကို အားပေးတယ်။ (၂) Catabolic Steroids (Corticosteroids) ဆိုတာက ရောင်ရမ်းတာတွေကု သက်သာစေ၊ ကျစေတယ်။ ပြောင်းပြန်သဘောမျိုးဖြစ်တယ်။

နောက်ပြီး ဥပဒေနဲ့အကျုံးဝင်တဲ့ စတီရွိုက်ကို ရင်သားကင်ဆာ၊ သွေးနီဥနည်းခြင်း၊ ကျားအစိအလုပ်မလုပ်ခြင်း၊ လးပျိုဖြစ် နောက်ကျခြင်ရောဂါတွေအတွက်သုံးတယ်။ ဥပဒေနဲ့အကျုံးမဝင်တဲ့ စတီရွိုက်ထဲမှာ nandrolone (Durabolin), stanozolol (Winstrol), luxoymesterone (Halotestin), testosterone, methandrostenolone စတာတွေပါတယ်။
အားကစားသမားတွေသုံးတဲ့ စတီရွိုက်များ (၁) Fluoxymesterone (Stenox and Halotestin) 2.5-40 mg/day ကို တနေ့တာအတွက်ခွဲသောက်ရတယ်။ (၂) Methandrostenolone (Anabol, Dianabol, and Reforvit) (၃) Oxymetholone (Anadrol, Oxymetholone)

စနစ်တကျသုံးချင်တာဟာ ကောင်းတဲ့ကျန်းမာရေးအသိဖြစ်ပါတယ်။ ကျွန်တော်ကတော့ အားမပေးပါ။ ဒိထက် အသေးစိတ်လဲ မရေးလိုပါ။ ဘာမဆို သဘာဝကိုသာ အားပေးပါတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၈-၂ဝ၁၃
၂ဝ-၈-၂ဝ၁၆
၂ဝ-၈-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး