Waves မြန်မာပြည်မှာ လှိုင်းလုံးကြီးတွေထနေတယ်

• သမ္မတဦးသိန်းစိန်နဲ့ VOA အင်တာဗျူးကို နားထောင်ရပါတယ်။
• First wave, Second wave, Third wave နဲ့ လုပ်နေတယ်ဆိုတာတော့ သတိထားမိတယ်။ ကျန်ဖြေတာတွေထဲမှာ စိတ်ဝင်စားစရာနဲ့ ထူးခြားတာမပါဘူး။ ဒုတိယသက်တမ်း ဆက်လုပ်-မလုပ်ဘို့ဆိုတာ ဆုံးဖြတ်ခွင့် မရှိဘူးလို့ ပြောတာလေးကတော့ စဉ်းစားစရာဖြစ်ပါတယ်။
• Wave ကို ‘လှိုင်း’ လို့အများဆုံး ဘာသာပြန်ကြမယ်ထင်ပါတယ်။ Phase အဆင့်၊ Stage အဆင့်၊ Step ခြေလှမ်းလို့ မသုံးတာကို စဉ်းစားနေမိပါတယ်။
• ပြုပြင်ပြောင်းလဲရေးမှာတော့ လှိုင်းကြီးစေချင်တယ်။ ဖွဲ့စည်းပုံအတည်ပြုတုံးကတော့ ‘နာဂစ်’ လှိုင်းထက်တောင်မှ ကြီးခဲ့တာပဲမဟုတ်လား။
• လက်ရှိအစိုးရရဲ့လှိုင်းကြီးသုံးလှိုင်းကတော့ လေပြည်လေးထိုးနေသလောက်ပဲ။

ဒေါက်တာတင့်ဆွေ
၂ဝ-၁၁-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး