Constitutional dictatorship ဖွဲ့စည်းပုံအာဏာရှင်

တလောက အမျိုးသားလွှတ်တော်အမတ် တယောက်ကပြောတယ်။ စစ်တပ်ကနေ အာဏာကြာကြာ မသိမ်းနိုင်တဲ့ အခြေခံဥပဒေဖြစ်လို့ သိပ်ကောင်းသတဲ့။

နိုင်ငံရေးသိပ္ပံမှာ Constitutional dictatorship ‘ဖွဲ့စည်းအုပ်ချုပ်ပုံ အာဏာရှင်စနစ်’ ဆိုတာရှိတယ်။ ဖွဲ့စည်းပုံအရ  အရေးပေါ်ကြောညာပြီး တချက်လွှတ်အမိန့်အာဏာကို ကျင့်သုံးနိုင်တယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံမဖျက်သေးသ၍ အဲဒီ ဘောင်ထဲကနေသာ အုပ်ချုပ်ခွင့်ရှိကြတယ်။ ဒီစနစ်ဟာ စောစောပိုင်း Roman Republic ‘ရိုမန်’ သမတနိုင်ငံခေတ် ကတည်းက ရှိခဲ့ပါတယ်။ သတ်မှတ်ထားတဲ့ ကာလတခုမှာ အစစ်အဆေးမရှိ ကြိုက်သလိုအုပ်ချုပ်ခွင့်ပေးထားတယ်။ သူ့သက်တမ်းကာလမှာ လုပ်သမျှကို ပြန်ပြီး တရားစီရင်ခွင့်မရှိဘူး။

အမေရိကန်သမတ Abraham Lincoln ‘အီဗရာဟမ် လင်ကွန်း’ ဟာ ပြည်တွင်းစစ်ကာလတုံးက အဲဒီအခွင့်အာဏာကို ကျင့်သုံးခဲ့ဘူးတယ်။ ဒါတောင်မှ သူ့လုပ်ရပ်ဟာ ကွန်ဂရက်စောင့်ကြည့်မှုနဲ့ တရားရေးပြန်လည်သုံးသပ်မှုလုပ်ရတယ်။ မြန်မာပြည်မှာ ပြည်တွင်းစစ်ကို ပြန်ဖန်တီးချင်နေတာ အဲတာကြောင့်လား။

အမေရိကန်ဖွဲ့စည်းပုံမှာလဲ President "may adjourn [Congress] to such Time as he shall think proper" ဆိုပြီး ပါတယ်။ ဒါပေမဲ့ အထက်နဲ့အောက်လွှတ်တော်နှစ်ရပ်လုံး လွှတ်တော်ကို ဘယ်တော့ရပ်နားမလဲမှာ သဘောမတူကြမှသာ လုပ်ခွင့်ပေးထားတယ်။ မြန်မာပြည်မှာ အထက်ရော၊ အောက်ရော၊ သမ္မတရော အတူတူပဲ။

စီးပွါးရေးကပ်ဆိုက်မှုနဲ့ ဒုတိယကမ္ဘာစစ်တုံးက အမေရိကန်သမတ Franklin D. Roosevelt ‘ဖရင့်ကလင် ရုစ်ဗဲ့လ်’ ကနေ ကျင့်သုံးခဲ့ဘူးပါတယ်။ သူ့ရလိုက်တဲ့အာဏာထဲမှာ ဖွဲ့စည်းပုံကိုကျော်လုပ်နိုင်တယ်။ ဘဏ်တွေကို ပိတ်နိုင်တယ်။ ဂျပန်ရဲ့ အန္တရယ်ကျတော့မဲ့အချိန်မှာ ဒီအာဏာကိုသုံးခဲ့တယ်။ မြန်မာပြည်မှာ ဘယ်ပြည်ပအန္တရယ်ရှိနေသလဲ။

Weimar Republic ဂျာမဏီမှာ ပဌမကမ္ဘာစစ်မပြီးခင်က သမတကို ဒီဂရီနဲ့အုပ်ချုပ်ခွင့်ထည့်ထားခဲ့တယ်။ ဖွဲ့စည်းပုံ ပြင်ပလုပ်လို့ရတယ်။ လွှတ်တော်မပါဘူး။ ‘ဟစ်တလာ’ က အဲတာကို အသုံးချခဲ့တယ်။ မြန်မာပြည်မှာ မော့င့်ကျက်သရေနဲ့ ဟစ်တလာ ပေါ်လာတော့မှာလား။

ဒေါက်တာတင့်ဆွေ
၂၁-၁၁-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး