Black Vs White (အင်စတီကျူးရှင်း) တိုက်ပွဲ

• သမတကနေပြောတဲ့ (အင်စတီကျူးရှင်း) ဆိုတာပါလဲ။ အသင်းအပင်းကိုဆိုလိုတယ်။ အုပ်စုဆိုတာလဲ ဖြစ်ပါမယ်။
• အဲတာတွေထဲမှာ မှတ်ပုံတင်ထားတာနဲ့ မထားတာ၊ အသိအမှတ်ပြုထားတာနဲ့ မထားတာဆိုပြီးရှိတယ်။ ဥပမာ မြေပေါ်နဲ့မြေအောက်၊ တောတွင်း-ပြည်ပနဲ့ မြို့တွင်း-မြေပေါ်။ အတိအကျပြောရရင် အစိုးရနဲ့ အစိုးရမဟုတ်တာ။

• ၂ဝဝ၈ မှာအတည်ပြုတယ်လို့ လုပ်ထားတဲ့ဖွဲ့စည်းပုံကို လူပုဂ္ဂိုလ်တွေကရေးတဲ့သဘော မဟုတ်ဘူးလို့ သမတအဖွဲ့ကနေ ဝန်ခံလိုက်ပြီ။
• ဒါဖြင့်ရင် အဲဒီဖွဲ့စည်းပုံကို ဘယ် (အင်စတီကျူးရှင်း) တွေ၊ အုပ်စုတွေ၊ အသင်းအပင်းတွေကနေ ရေးခဲ့သလဲ။
• ၁၉၉၃ ဇန္နဝါရီလ ၉ ရက်နေ့ကစခဲ့တဲ့ အမျိုးသားညီလာခံကို (နဝတ) ကနေခေါ်တယ်။ တက်ရောက်ဘို့ ဖိတ်ကြားခံရတဲ့ အစုအဖွဲ့ (၇) ခုရှိခဲ့တယ်။ တရားဝင်ဆိုလို့ ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ နိုင်ငံရေးပါတီတွေသာရှိပြီး၊ ကျန်တာတွေက စစ်အစိုးရကနေ ရွေးကောက်ထားတဲ့ တရားဝင်မတည်ရှိတဲ့ အစုဆိုတာတွေသာ ဖြစ်တယ်။
• တနည်းအားဖြင့် (အင်စတီကျူးရှင်း) သဘောအရဆိုရင် စစ်အုပ်စုနဲ့ စစ်အုပ်စုမဟုတ်တာ ၂ စုတည်းသာ ဖြစ်တယ်။
• အမျိုးသားညီလာခံကို NLD အပါအဝင် တိုင်းရင်းသားနိုင်ငံရေးပါတီတွေက (၁၄-၅-၂ဝဝ၄) ကစပြီး သပိတ်မှောက် ထွက်ခွါလိုက်တော့ တစ်စုတည်းကနေသာ အပြီးသတ်ရေးပြီး အတည်ပြုခဲ့တာဖြစ်တယ်။ တိတိကျကျပြောရရင် (အင်စတီကျူးရှင်း) တခုတည်းကနေသာ လက်ရှိဖွဲ့စည်းပုံကို ရေးဆွဲ၊ အတည်ပြုထားတာဖြစ်တယ်။

• အခုတခါ နောက်ထပ် (အင်စတီကျူးရှင်း) လို့ အစိုးရအဖွဲ့ကနေ သတ်မှတ်တာတွေ ရှိလာပြန်တယ်။ (၅) ခုတဲ့။ လက်ရှိအစိုးရဟာ ဒီနေရာမှာ စစ်အစိုးရလုပ်တာနဲ့ ထပ်တူဖြစ်တယ်လို့ ထုတ်ပြလိုက်တာဖြစ်တယ်။
• သူတို့အလိုကျရေးထားတဲ့ ဖွဲ့စည်းပုံကိုပြင်ဘို့ရာ လွှတ်တော်ကနေသာလုပ်ရမယ်လို့ ပါထားတယ်။ လွှတ်တော်က ဆုံးဖြတ်တဲ့ (၆) ဦးက သဘောဝမကျဘူးပြောပြန်တယ်။ (လွှတ်တော်ပြောတာကို သဘောတူလှတယ်တော့ မဟုတ်ပါ။)

• အဲတော့ ကနေ့မြန်မာပြည်မှာ (အင်စတီကျူးရှင်း) အုပ်စု (၂) ခုထဲသာရှိတယ်။ စစ်အုပ်စုနဲ့ စစ်အုပ်စုမဟုတ်တာ။ ဒီကြားထဲမှာ အလိုတော်ရိတွေတော့ရှိတာပေါ့။
• (အင်စတီကျူးရှင်း) နှစ်ခုတိုက်ပွဲ ဆက်ဆင်နွှဲ။

ဒေါက်တာတင့်ဆွေ
၂၈-၁၁-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး