Motherland သည်ဝနာမြေ

လွန်ခဲ့တဲ့တနှစ်တိတိကတင်တဲ့စာဆိုပြီး ဖေ့စ်ဘွတ်က အသိပေးတာဖြစ်ပါတယ်။

• အနှစ်နှစ်ဆယ်ကြော်ကြာ မဲဇာလိုမှာနေခဲ့ရတုံးက သီချင်းလင်ခ်ပို့ပေးခဲ့တာ မမေ့ပါ၊
• ကလေးတွေလဲ ရင်ဝယ်မပိုက်ရ၊ ဝေးသောရပ်ဌာနီက သားသမီးတွေနဲ့လဲ အနားမှာရှိလာ၊
• အိမ်သူချောမေလှလဲအတူပါ၊ ငယ်ပေါင်းသက်ဝေ သူ့ကြင်ဆွေကိုလည်း လွမ်းရဘို့မလိုပါ၊
• သည်ဝနာမြေကိုသာ လွမ်းတိုင်းတွေးမိကာ အောက့်မေ့နေရဆဲပါ၊
• မွန်းတည့်နေခြည်ဖျာပြီး နွေးချင်ဆဲသာ၊
• ရာဇဒဏ်ရှေးဝဋ်ကြွေးတော့ ဝေးလောက်ပြီလို့ တနှစ်အကြာမှာ၊
• ပြည်တော်ကိုသာ စိတ်ထဲရော်ရမ်း မျှော်မှန်းကာသာနေဆဲပါ။ ။

(မာမာအေးဆိုတဲ့ မဲဇာတောင်ခြေသီချင်းပို့ပေးခဲ့ဘူးတဲ့ မဖြူကို ကျေးဇူးတင်လျက်)

ဒေါက်တာတင့်ဆွေ
၂၁-၁၁-၂ဝ၁၄
၂၁-၁၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး