Myanmar national arrested by NIA in Burdwan blast case
အိန္ဒိယနိုင်ငံနယ်စပ် ‘ဘာရ်ဒ်ဝန်’ ဖေါက်ခွဲမှုနဲ့ပတ်သက်ပြီး မြန်မာတယောက်ကို ဖမ်းဆီးလိုက်
• အိန္ဒိယထောက်လှမ်းရေးအဖွဲ့ National Investigation Agency (NIA) ကနေ ‘ဟိုက်ဒရာဘဒ်’ မြို့မှာ သံသယရှိတဲ့ မြန်မာနိုင်ငံသားဆိုသူ Khaleed ‘ခါလိဒ်’ (ခေါ်) Khalid Mohammed ‘ခါလစ် မိုဟာမက်’ကို ၁၆-၁၁-၂ဝ၁၄ နေ့က ဖမ်းဆီးလိုက်တယ်လို့ ကနေ့သတင်းအရသိရှိရပါတယ်။
• သူဟာ ပါကစ္စတန်အခြေစိုက် Tehreek-i-Taliban ‘တက်ရိဒ်-အိုင်-တာလီဘန်’ အဖွဲ့ကနေ အကြမ်းဖက်သင်တန်း တက်ထားသူတယောက် ဖြစ်ပါတယ်။
• ‘ခါလိဒ်’ ဟာ Improvised Explosive Devices (IEDs) ဗုံးလုပ်ရာမှာကျွမ်းကျင်သူဖြစ်ပါတယ်။
• သူ့အိမ်ကနေသိမ်းဆီးရမိတဲ့ ‘လက်ပ်တော့ပ်’ ထဲမှာ သင်တန်းဗီဒီယိုတွေပါတာတွေ့ရပါတယ်။ အဆိပ်အမျိုးမျိုး၊ IED-making လုပ်နည်း၊ ဗုံးလုပ်နည်းတွေပါတယ်။ ISIS အဖွဲ့နဲံဆက်စပ်နေတဲ့ “jihadi” စာသားလဲတွေ့ရပါတယ်။
• သူဟာ ၂-၁ဝ-၂ဝ၁၄ နေ့က လူ ၂ ယောက်သေစေခဲ့တဲ့ Burdwan ‘ဘာရ်ဒ်ဝန်’ ဗုံးဖေါက်ခွဲမှုနဲ့ဆက်စပ်ပြီး၊ ၇ ယောက်မြောက် အဖမ်းခံရသူဖြစ်တယ်။
• NIA အရာရှိတွေအဆိုအရ သူဟာ ဘင်္ဂလား-မြန်မာနယ်စပ်မှာ ဖေါက်ခွဲရေးလုပ်ဘို့ တာဝန်ယူထားတယ်၊ Rohingiya Solidarity Organisation (RSO) အဖွဲ့ကဖြစ်ပြီး၊ ဘင်္ဂလားဒက်ရှ် အခြေစိုက် အကြမ်းဖက်အုပ်စု တွေနဲ့လဲ အဆက်အသွယ်ရှိနေသူ ဖြစ်ပါသေးတယ်။
အဖမ်းခံရသူ ‘ခါလိဒ်’ဟာ ဟိုက်းရာဘဒ်မြို့မှာ မိသားစုနဲ့ အတူနေတာ တနှစ်ရှိပြီ။ သူတို့ဟာ ဘင်္ဂလားဒက်ရှ်ကနေ အိန္ဒိယကိုလာခဲ့ကြတာဖြစ်တယ်။ ဒေလီရှိ UNHCR ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကနေ မြန်မာဒုက္ခသည်လို့ အသိအမှတ်ပြုပေးထားတယ်။ သူက မြန်မာနိုင်ငံ မောင်းတော ကလို့ ပြောပါတယ်။ အဲဒီမှာ Madrasa အစ္စလမ် ဘာသာရေးကျောင်းမှာ ဆရာလုပ်ခဲ့ပါတယ်။ သူ့အဖေက ဆောဒီအာရေးဗျားကို သွားအလုပ်လုပ်နေတာ ၁၁ နှစ်ရှိပြီး၊ မိသားစုဆီပြန်မလာဘူး။ မိသားစုဝင်တွေကတော့ သူ့ဟာ အဲလိုအကြမ်းဖက်မှု လုပ်မှာမဘူးလို့ ပြောကြပါတယ်။
ဒေါက်တာတင့်ဆွေ
၁၈-၁၁-၂ဝ၁၄

Comments
Post a Comment