Banyan tree ညောင်ကုသိုလ်

• ဒီနေရာအထိ သိုသိုသပ်သိပ် တကူးတက ယူလာခဲ့ရတဲ့ ညောင်ပင်လေးဟာ နှစ်လသားအရွယ်ရှိလာပါပြီ။
• သယ်ယူဘို့ရာ ထုပ်ပိုးတာမှာ နေရာကျဉ်းအောင် မောင်မျိုးသစ်ကနေ ပင်စည်ကနေဖြတ်၊ ကိုင်းတွေလဲဖြတ်၊ အရွက်တွေပါ သတ်လိုက်တယ်။ နာရီနှစ်ဆယ်လောက်ခရီးကို ပစ္စည်းထားသိုခန်းမှာထားရမှာမို့ အနည်းဆုံးတော့ ညောင်ပင်လေးခင်မြာ လေရပါစေဆိုပြီး၊ ပလပ်စတစ်ပုံးအဖုံးကို ကိုဗေဒါကနေ အပေါက်ဝိုင်းလေးတွေ စီစီညီညီ ဖေါက်ပေးပါတယ်။
• ခရီးဆုံးရောက်တဲ့နောက်နေ့မှာ သမီးနဲ့သူ့ခင်ပွန်းတို့က ဝယ်လာပေးတဲ့ ပန်းအိုးထဲမှာ မြေဆွေးနဲ့စိုက်လိုက်တယ်။
• နေ့တိုင်းအရိပ်ကြည့်နေရတယ်။ အခန်းကကျဉ်းလို့ အပြင်မှာသာထားရတာ ကိုယ့်သားသမီးကို တခြားနေရာမှာ သိပ်ထားရသလိုပဲ။ စိတ်မချနိုင်ပါ။ တလနေတော့ အခန်းထဲသွင်းလိုက်ပါတော့တယ်။
• ညောင်ပင်ရဲ့ မျိုးဗီဇကလဲမှန်တယ်။ ဗုဒ္ဓဂါယာ၊ မဟာဗောဓိညောင်ပင်ကနေ ဦးဇင်းတပါးက ပျိုးစိုက်ပေးတာပါ။ ဆရာဝန်ဆိုတာမျိုးက ဘုန်းကြီးတွေဆီကနေ အလှူခံတတ်တယ်။ ဦးအရုဏကနေ ဒေလီအရောက်ပို့ပေးပါတယ်။

• Banyan tree ညောင်ပင်ကို ရှေးကတည်းက ယဉ်ကျေးမှုအမျိုးမျိုးမှာ အယူအဆနဲ့ အယူအစွဲတွေရှိခဲ့ပါတယ်။ ‘ဟင်ဒူ’ ဘာသာမှာ ညောင်ရွက်ပေါ်မှာ ‘ခရှစ်ရှနာ’ ဘုရားက နားနေပါသတဲ့။ ‘ဘဂဝါဗတ် ဂီတ’ ထဲမှာ ‘ခရစ်ရှနာ’ ကနေ စောက်ထိုးဖြစ်နေတဲ့ညောင်ပင်ကို မြင်သူဟာ ‘ဝေဒ’ ကို သိသူဖြစ်တယ်လို့ ပြောတယ်။ ဖိလစ်ပိုင်မှာ ညောင်ပင်ကို မကောင်းဆိုးဝါး ဝိဥာဉ်တွေစုဝေးနေတယ်လို့ ယုံကြည်ကြတယ်။ ကျွန်တော်တို့တတွေ ‘ညောပင်တစ္ဆေ ဝေလေလေ' လုပ်ကြသလိုနေမယ်။ ‘ဝီကီပီးဒီးယား’ ထဲမှာတော့ “ဗုဒ္ဓဘာသာ ပါဠိတော်မှာ ညောင်ပင် = ‘နိဂြောဒ’ (Nigrodha)” လို့သာပါပေမဲ့ ဘုရားဖြစ်တော်မူရာလို့ ထည့်ထားတာ မတွေ့ရပါ။

• တလခွဲအရမှာ အစို့အညှောက်လေးတွေ စထွက်လာတယ်။ ကနေ့တော့ ထွက်လာကြတဲ့အရွက်လေးတွေဟာ ရွှန်းစိုလဲ့နေကြတယ်။ စိမ်းစိုမှည့်နေကြတယ်။ မြင်တဲ့သူကို အားသစ်တွေဖြစ်စေတယ်။
• ညောင်ပင်အတွက် ကောင်းမှုပြုပေးကြသူတွေအားလုံး ညောင်ပင်ကြီးတမျှ ကုသိုလ်တွေရကြပါစေ။     ။

ဒေါက်တာတင့်ဆွေ
၂၁-၁၁-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး