Friday, November 21, 2014

Oat အုတ်စပါး

Hsu Mon ဆရာရှင့် အုတ်ဂျုံ ဆိုတာရော ဘာပါလည်းရှင့်။ ကြားဖူးပေမဲ့ မမြင်ဖူးလို့ပါ။

Oat အုတ်စပါးလို့ခေါ်တာများတယ်။ ရုက္ခဗေဒလို (Avena sativa) ခေါ်တယ်။ Oatmeal နဲ့ Rolled oats လုပ်ပြီး စားသုံးကြတယ်။ ကျန်းမာရေးအရကောင်းတဲ့အစားအစာတမျိုးဖြစ်ပါတယ်။ Oat bran အုတ်စပါးစေ့အပေါ်ယံမှာ နှလုံးသွေးကြောကျဉ်းကိုဖြစ်စေတဲ့ LDL (bad cholesterol) ကိုလက်စထောပါတာနည်းလို့ဖြစ်တယ်။ Soluble fiber ‘ဖိုက်ဘာ’ လဲပါတယ်။ အစာချေတာနှေးတယ်။ ဗိုက်ပြည့်နေတာအချိန်ကြာတယ်။

အစေ့အဆံမှန်သမျှ ဖြူဖွေးနေအောင်မချွတ်တာက ကျန်းမာရေးအရကောင်းတယ်။ Whole oats တွေထဲမှာ Soluble fibre 3.0 grams နေ့စဉ်စားသုံးရင် နှလုံးရောဂါကိုကာကွယ်ရာကျတယ်။ ဆရာဝန်တွေက အဲဒီတွေ့ရှိချက်ထုတ်ပြန်လိုက်တော့ အမေရိကမှာ ၁၉၈ဝ-၉ဝ တုံးက Oat bran craze အုတ်ပါတဲ့ အစားအသောက်ကို အရူးအမူးဖြစ်ခဲ့ကြသေးတယ်။ ‘အာလူးချစ်ပ်’ ထဲထည့်ထားတာကိုကြော်ညာရောင်းတယ်။ (FDA) ကလဲ အသိအမှတ်ပြုပေးလာတယ်။

Beta-D-glucans ဆိုတာ အစာချက်လို့မရတဲ့ indigestible polysaccharides ဖြစ်တယ်။ အစေ့အဆံတွေ ဘာလီစေ့၊ တဆေး၊ ရေညှိ၊ မှို နဲ့ ဗက်တီးရီးယားတွေမှာပါတယ်။ Oat beta-glucan ကတော့ ပျော်ဝင်နိုင်တဲ့ ဖိုက်ဘာဖြစ်တယ်။
Cereal အစေ့အဆံတွေထဲမှာ Corn (maize) ပြောင်း၊ ပြောင်းဖူးပြီးရင် အုတ်စပါးမှာ Lipid လစ်ပစ်အဆီပါတာ အများဆုံးဖြစ်တယ်။ အုတ်စပါးမှာ ၁ဝ% နဲ့ ပြောင်းမှာ ၁၇% ပါတယ်။ ဂျုံမှာ ၂-၃% သာပါတယ်။

အုတ်စပါးထဲမှာ ပါဝင်တဲ့အာဟာရဓါတ်တွေ
• Nutritional value per 100 g (3.5 oz)
• Energy 1,628 kJ (389 kcal)
• Carbohydrates 66.3 g
• Dietary fibre 10.6 g
• Fat 6.9 g
• Protein 16.9 g
• Thiamine (B1) (66%) 0.763 mg
• Riboflavin (B2) (12%) 0.139 mg
• Niacin (B3) (6%) 0.961 mg
• Pantothenic acid (B5) (27%) 1.349 mg
• Folate (B9) (14%) 56 μg
• Calcium (5%) 54 mg
• Iron (38%) 5 mg
• Magnesium (50%) 177 mg
• Manganese (233%) 4.9 mg
• Phosphorus (75%) 523 mg
• Potassium (9%) 429 mg
• Zinc (42%) 4 mg
• β-glucan (soluble fibre) 4 g

အုတ်စပါးကိုနေ ထုတ်လုပ်တဲ့အစားအစာတွေ
• Export hay
• Mornflake
• Muesli
• Oat milk
• Oatcake
• Oatmeal
• Porridge
• Quaker Oats Company
• Rolled oats
• Steel-cut oats

ဒေါက်တာတင့်ဆွေ
၂၁-၁၁-၂ဝ၁၄

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Taxila တက္ကသိုလ်

Taxila တက္ကသိုလ် ခေါ် တက္ခသိုလ် ခေါ် တက္ကသိလာ ၁။ ဆရာခင်ဗျာ တက္ကသိုလ်လား တက္ကသိုလား ခင်ဗျာ ၁၉၆၂ ခု ဇူလိုင်လထုတ် သတင်းစာပါ တက္ကသို စာလုံးကို မေး...