Vitamin B12 and Iron supplement ဘီ-၁၂ နှင့် သံဓါတ်လိုအပ်ချက်

အသက် ၄ဝ သို့ ၅ဝ အထက် လူကြီးတစ်ယောက်ဟာ တစ်နေ့ကို B12 ဘယ်လောက် ပမာဏ သောက်သင့်ပါသလဲ။ အမျိုးသမီးနဲ့ အမျိုးသား သောက်ရမယ့် ပမာဏ ကွာခြားပါသလား။ နောက်ပြီး B12 နဲ့အတူ ဖဲရပ်စ်ဆာလ်ဖိတ်လို သံဓာတ် အားဆေးရော တွဲသောက်လို့ ရပါသလား။ တစ်နေ့ကို ဘယ်လောက် ပမာဏသောက် ရမယ်ဆိုတာ ဖြေကြားပေးပါဆရာ။

Vitamin B12 ဗီတာမင် ဘီ ၁၂ နေ့စဉ်လိုအပ်ချက်
• ၆ လအထိ = 0.4 mcg
• ၇-၁၂ လ = 0.5 mcg
• ၁ နှစ်မှ ၃ နှစ်အထိ = 0.9 mcg
• ၄ နှစ်မှ ၈ နှစ်အထိ = 1.2 mcg
• ၉ နှစ်မှ ၁၃ နှစ်အထိ = 1.8 mcg
• ၁၄ နှစ်အထက် = 2.4 mcg
• ကိုယ်ဝန်ဆောင် = 2.6 mcg
• နို့တိုက်မိခင် = 2.8 mcg
• အသက် ၅ဝ ကျော် = ဘီ ၁၂ ပါအစားအစားတွေ + 25-100 mcg
mcg = micrograms = (မိုက်ခရိုဂရမ်)

Iron သံဓါတ်လိုအပ်ချက်
• ဝ-၃ နှစ် = ၆-၈ mg
• ၇-၁၂ နှစ် = ၁ဝ mg
• ၁၈ နှစ်အထိ = ၁ဝ mg
• အရွယ်ရောက် အမျိုးသမီး = ၁ဝ-၁၅ mg
• ကိုယ်ဝန်ဆောင် = ၃ဝ mg
• နို့တိုက်မိခင် = ၁၅ mg

1. Iron supplement and Liver diseases သံဓါတ်နဲ့ အသဲရောဂါ http://dts-medicaleducation.blogspot.com/2011/11/iron-supplement-and-liver-diseases.html
2. Iron supplements သံဓါတ်အားဆေး http://dts-medicaleducation.blogspot.in/2013/01/iron-supplements.html

ဒေါက်တာတင့်ဆွေ
၂၈-၃-၂ဝ၁၄

အညာဈေး

• ‘ပိတောက်ပြီးတော့ ခွေးတောက်’ အောက်မှာ ညီတော်မောင်က မှတ်ချက်ရေးတယ်။ ‘တိုက်တိုက်ဆိုင်ဆိုင်ပဲဗျ။ ကျွန်တော်တို့လည်း ဒီနေ့ ခွေးတောက်ရွက်ချက်စားရတယ်’။
• နှစ်တွေက ၂ဝ ကျော်ပြီ၊ နိုင်ငံတွေလဲ အနည်းမနော သွားဘူးတယ်။ ဘယ်မှာမှ ရှာမရသေးတာ စရစ်ဖူးရယ်၊ ဆူးပုတ်ရွက်ရယ်။
• ဆူးပုတ်ကလေးလို့ပြောတာကို ဘယ်နိုင်ငံမှာမှ မတွေ့သေးဘူး။ ဆူးပုတ်ကြီးကိုတော့ ထိုင်းနဲ့ အိန္ဒိယ-မြန်မာ နယ်စပ်မှာရတယ်။
• မုံရွာက စဖြူဥငါးပိကို နှမဆီကိုလှမ်းမှာတာ။ မိုးရာသီမှရတယ်ဆိုလို့ မိုးရွာအောင်စောင့်အုံးလိုက်မယ်။
• စားချင်တာတွေ အကုန်လောက်ရတဲ့ မုံရွာသာစည်လမ်းဈေးလေးကို အမှတ်ရတယ်။ တလောက ဈေးဓါတ်ပုံတွေ ရတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၃-၂ဝ၁၄

တွိုင်းဂန်း လက်စွမ်း

• ‘အမေ (သို့) တစ်တီတူး တကောင်ကပေးခဲ့သော သင်ခန်းစာ’ ဆိုပြီး နိုင်ငံရေးမှာ လုပ်ဖေါ်ကိုင်ဖက် ကိုမြင့်အေးက ရေးတယ်။

• ကျွန်တော်ငယ်ငယ်ကလဲ မုံရွာ၊ ရတနာပုံရက်ကွက်၊ ကျွဲလူးအိုင်ကနေ ရွံ့တွေခူးပြီး၊ လောက်စာလုံး လုံးတယ်။ ဘတ်ဂွတစင်းနဲ့ မြို့တွင်း (ဆူးလေကုန်းရပ်ကွက်) လှည်တယ်။ တကောင်တမြီးမှ မရဘူးဘူး။
• မန္တလေး၊ ဆေးကျောင်းမှာ သူငယ်ချင်းတသိုက် ငါးမျှားထွက်တော့ အနည်းဆုံးနဲ့ အသေးဆုံးငါးတွေဘဲ ရဘူးတယ်။
• ဖေါင်ကြီးသင်တန်း (ဇေယျ ၁၉) မှာ ၃ဝ၃ ရိုင်ဖယ်ကျည် အတောင့် ၂ဝ ပြစ်ရတာ စက်ဝိုင်းခပ်ကြီးကြီးထဲသာ မှန်ခဲ့တယ်။

• ဒါပေမဲ့ ဒေလီမှာ Toy gun ကလေးကစား သေနတ်တလက် ဝယ်လာတာကို ကိုဗလ (သူလဲ နိုင်ငံရေးမှာ လုပ်ဖေါ်ကိုင်ဖက်ဘဲ) ရှေ့မှာ နောက်ပြန်လှည့်ပြီး၊ နံရံပေါ်က ပိန်ညောင်ကို ပြစ်ပြတာ ဒက်ဒိမှန်သွားတော့ ကိုဗလခင်မြာ ဆရာ့ကို ‘ဘရာဗို’ မလုပ်ဘဲနေလို့မရ ဖြစ်သွားတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး