Indonesia Female Police Recruits and Virginity Tests


ကနေ့ နိုင်ငံတကာသတင်းမှာ စိတ်ဝင်စားကြတဲ့ သတင်းတခုကတော့ အင်ဒိုနီးရှားမှာ ရဲတပ်ဖွဲ့ထဲဝင်ချင်တဲ့ အမျိုးသမီးတိုင်းကို အပျိုစစ်မစစ် စစ်ဆေးနေတာတာကို လူ့အခွင့်အရေးအဖွဲ့တခုကနေ ကန့်ကွက်လိုက်တဲ့သတင်း ဖြစ်ပါတယ်။

“Virginity test အပျိုရည်စစ်ဆေးနည်း” ဆိုတာမှာ အပြင်ပန်းစစ်ဆေးတာအပြင် Two-finger test လက်နှစ်ချောင်းထည့် စမ်းတာကပါလုပ်ပါတယ်။ Hymen အပျိုမြှေးရှိနေ-မနေကိုစစ်ဆေးတာဖြစ်ပါတယ်။

၂ဝဝ၈ ခုနှစ်တုံးက ရဲထဲဝင်ခဲ့တဲ့ အမျိုးသမီးရဲမေကို အင်တာဗျူးလုပ်တော့ “ကျမတော့ အဲတုံးက သိပ်ကြောက်တာပဲ။ အဲဒီမှာစမ်းသပ်ခံရပြီးကတည်းက အပျိုမဟုတ်တာ့ဘူးဖြစ်သွားပြီပေါ့”။ “ကျမသူငယ်ချင်းတယောက်ဆို စမ်းသပ်ခန်းထဲမှာ မူးမေ့သွားရော။ နာလဲ အရမ်းနာတာပဲ။ နောက်ပြီး စော်ကားခံရသလို ထင်ပါတယ်”။

ဒီလိုအပ်ချက်ရှိတာကို Police recruitment website ‘ဝဘ်ဆိုက်’ မှာလဲ ဖေါ်ပြထားတာရှိပါတယ်။ တာဝန်ရှိရဲဌာနကို သတင်းဌာနကနေမေးတော့ Sexually transmitted diseases လိင်ကတဆင့်ကူးစက်ရောဂါကို စစ်တာပါလို့ပြောပါတယ်။ ပညာရှင်ဆန်တဲ့ စနစ်တကျစစ်ဆေးမှုသာလုပ်တယ်လို့ ခုခံကာကွယ်ပါတယ်။

ဒီလို ရဲထဲဝင်မဲ့ အမျိုးသမီးတွေကို အပျိုရည်စစ်ဆေးတာကို အင်ဒိုနီးရှားအပြင် အာဖကန်နစ္စတန်၊ အိန္ဒိယနဲ့ အီဂျစ်နိုင်ငံတွေမှာလဲ ကျင့်သုံးနေပါတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၁၁-၂ဝ၁၄

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး