Dry scaling skin အရေပြား ခြောက်ကွာနေတာ ဘာလုပ်ရမလဲ

ကျွန်တော်ရဲ့ လက်တွေက ခဏခဏ အရည်ခွံလဲပါတယ်။ ပြီးတော့ ဖနောင့်တွေကလည်း ကွဲပါတယ်။ အဲလိုကွဲတော့ ခွာမိရာကနေ ဖနောင်က လမ်းလျောက်ရင်လဲနာပါတယ်။ ရန်ကုန်ကပါ။ ဘာဆေးသောက်ရမလဲညွန်ပေးပါ။ ခြေဆီ လက်ဆီတွေကလည်း ထွက်ရင်သူများထက် ပိုထွက်ပါတယ်။ မထွက်ရင်လဲ အရေပြားက ခြောက်ကပ်ပြီး အရေခွံတွေ ကွာပါတယ်။ ဝမ်းလဲ အရမ်းချုပ်ပါတယ်။ ရေလဲ များများသောက်ပါတယ်။ ဘာဆေးသောက်ရမလဲ ညွန်ပေးပါ။

လူ့အရေပြားဟာ အမြဲမပြတ် အသစ်အသစ် ဖြစ်လာနေတယ်။ သေသွားတာတွေကို အသစ်တွေက အစားထိုးနေတယ်။ သွေးနီဥက ရက် ၁၂ဝ ရှင်တယ်။ အရေပြား ၃ ထပ်ရှိတဲ့အထဲမှာ အပေါ်ဆုံးလွှာက ၂၈ ရက်တခါ အသစ်ဖြစ်လာနေတယ်။ ပုံမှန်ဖြစ်နေကြထက် ဆိုးတာလဲ ဖြစ်တတ်တယ်။ နေရောင်၊ ပတ်ဝန်းကျင်၊ အစားအသောက်၊ ရောဂါပိုး တမျိုးမျိုးကြောင့်ပါ။ တခါတလေ နေလောင်ရင်ဖြစ်၊ တခါတလေ သိပ်အေးချိန်ဖြစ်တယ်။ တချို့ဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးတွေကြောင့်လဲ ဖြစ်တယ်။ တချို့ကြ Allergy ရလို့၊ တချို့က အလှအပ အသုံး အဆောင်တွေကနေ ဖြစ်တယ်။ ဆပ်ပြာ အပြင်းတွေကနေ ဖြစ်လို့ ကြာရင် Eczema နှင်းခူနာ လာဖြစ်နိုင်တယ်။

• ဆပ်ပြာ ပြင်းတာ မသုံးနဲ့။ ရေသိပ်ပူတာ မချိုးနဲ့။
• ရေ တနေ့ ၂-၃ လီတာ သောက်ပါ။
• ကွာနေတဲ့နေရာကို အတင်း ခွါတာ၊ တိုက်ပြစ်တာ မလုပ်ပါနဲ့။ ရေ၊ ဆာခါးရည်၊ အုတ်စပါးရည် စတာသုံး၊ စိုထိုင်း စေပြီးမှ ခွါပါ။ Moisturizing cream or lotion သုံးနိုင်တယ်။
• အလှဆီ စစ်တာ လိမ်းပါ။ Honey ပျားရည်။ Olive oil သံလွင်ဆီ၊
• Tomato Juice နေလောက်လို့ဖြစ်တာကို ခရမ်းချဉ်သီးအရည် သုံးကြတယ်။
• Sunscreen လဲသုံးနိုင်တယ်။
• Cucumber သခွါးသီး မပါမပြီးဘူး။
• Massage နှိပ်နယ်တာလဲ လုပ်ပါတယ်။
• ခြေအိတ်-လက်အိတ်-ဖိနပ် ကြပ်တာ မကောင်းဘူး။
• ကျန်းမာစေတဲ့ မျှတတဲ့ အစားအစာစားပါ။ Vitamins A, B, C နဲ့ Iron သံဓါတ်နဲ့ Iodine အိုင်အိုဒင်း။
• Vitamin A များတဲ့အစာတွေက Cream (ခရင်မ်)၊ Butter ထောပတ်၊ Fish liver oils ငါးကြီးဆီ၊ Eggs ဥ၊ Carrots မုံလာဥနီ၊ Vitamin A များသွားရင်လဲ အဲလိုလာဖြစ်သေးတယ်။
• Vitamin B များတဲ့အစာတွေက Meat အသား၊ Yeast (ရိစ်)၊ Cereal grains ပြောင်း-ပြောင်းဖူး-ကောက်နှံ၊ Liver အသဲ၊ Eggs ဥ၊ Cheese ဒိန်ခဲ၊ Milk နွားနို့၊
• Vitamin C များတဲ့အစာတွေက Citrus fruits ချဉ်တဲ့အသီး၊ Tomatoes ခရမ်းချဉ်းသီး၊
• Proteins များတဲ့အစာတွေက Meat အသား၊ Fish ငါး၊ Cereals ပြောင်း-ပြောင်းဖူး-ကောက်နှံ၊ Dairy products နို့ထွက်အစာ၊ Nuts အစေ့အဆံ၊ Lentils ပဲနီလေး၊ Pulses ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်၊
• Iron များတဲ့အစာတွေက Red meat အသား၊ Almonds မက်မွန်၊ Beans ပဲတောင့်၊ Broccoli မုံလာစိမ်း၊ Kidney beans ဗိုလ်စားပဲ၊ peas ပဲမျိုးစုံ၊ Raisins စပျစ်သီးခြောက်။ Rice ဆံ၊

နာမယ်ရှိတဲ့ ရောဂါတွေ
1. Peeling Skin Syndrome ရှားပါးတဲ့ မျိုးဗီဇကနေလဲ တသက်လုံး ဖြစ်နေတယ်။
2. Exfoliative Dermatitis အရေပြား ရောင်တဲ့ရောဂါ။ အရေပြားကွာတဲ့အပြင် နီနေ၊ နာလာတာမျိုး။
3. Kawasaki Disease အရေပြားကွာ၊ နီနေ၊ နာလာ၊ ရောင်တာ၊ အရောင်ပြောင်း၊ မေး-လည်ပင်းက တက်စေ့တွေ ရောင်၊ ကလေးတွေ အဖြစ်များ။
4. Netherton syndrome မျိုးဗီဇရောဂါ၊ အရေပြားကွာ၊ နီ၊ နာ၊ ရောင်၊ ခြောက်သွေ့၊ အလာဂျီရ၊ ဆံပင်ကျွတ်။
5. Neurodermatitis ဘာလို့မှန်းမသိ ဖြစ်တာ၊ Allergic dermatitis မတည့်တာကနေ ဖြစ်တာနဲ့ Contact dermatitis ထိတွေမှု ကြာရာက ဖြစ်တာတွေကို Topical steroid compounds စတီရွိုက်ဆေး လိမ်းရမယ်။
6. Athlete's foot (Tinea pedis) ခြေထောက်မှာဖြစ်တဲ့ မှို fungal infection ရောဂါဖြစ်တယ်။ အရေကွာ၊ နီ၊ ယား၊ ပူလောင်၊ အရည်ဖုထွက်၊ နာမယ်။ အားကစားဖိနပ် အကြာကြီး စီးထားရသူတွေမှာ ဖြစ်တယ်။ အထဲမှာ စိုထိုင်း နေတာကို မှိုက ကြိုက်တယ်။ ရေချိုးခန်းတွေထဲမှာ မှိုရှိနေလို့။ အမျိုး လေးမျိုးထဲက Trichophyton rubrum က အဖြစ်အများဆုံး။ Topical antifungal medication ဆေးလိမ်းရတယ်။ ခြေထောက်မှာ လာဖြစ်တာက Athlete's foot ကစားသမား ခြေထောက်ရောဂါ ဖြစ်နေနိုင်တယ်။ မှိုထပ်ဝင်တာလဲ ပါနိုင်တယ်။
7. Psoriasis ရောဂါလဲ စဉ်းစားရမယ်။ ခွါရင် အပ်ပေါက်က ထွက်သလို သွေးထွက်တယ်။ ပြည်လဲထွက်နိုင်တယ်။
8. Jock Itch (Tinea cruris) မှို နောက်တမျိုးကနေ ဖြစ်တယ်။ ပေါင်၊ ပေါင်ခြံ၊ ကပ်ပဲ့အိပ်၊ စအိုဘေး၊ တင်ပါး နေရာတွေမှာ များတယ်။ နီနေမယ်၊ ဘေးမှာ ကွင်းလိုလိုဖြစ်တယ်။ အလွန် ယားတယ်။ Topical antifungal ဆေးလိမ်းရတယ်။
9. Ringworm (Tinea corporis) ပွေး၊ နေရာတကာမှာ ဖြစ်တယ်။ အနားသတ်သတ် ရှိတယ်။ မြေပုံလိုဘဲ။ နီ၊ ယား၊ Lamisil, Micatin, Monistat-Derm, Lotrimin, Mycelex, Ring Guard လိမ်းဆေး လိမ်းရမယ်။
10. Yeast Infections (Cutaneous candidiasis) (ရိစ်) မှိုနဲ့တူတဲ့ ရောဂါ၊ နီ၊ ယား၊ နေရာတကာဖြစ်တယ်။ ဝတဲ့သူ ပိုဖြစ်တယ်။ ချိုင်း၊ ပေါင်ခြံ အဖြစ်များတယ်။ ပဋိဇီဝဆေး ပေးနေတုံးလဲ ဖြစ်တတ်တယ်။ ကလေး (ဒိုင်ယ်ပါ) ကနေလဲ ဖြစ်တတ်တယ်။ ပါးစပ်၊ လက်သည်း-ခြေသည်း၊ နီရဲ၊ ယား၊ အရည်-ပြည်ထွက်၊ နာ၊ အနာ၊ ရောင်၊ မွေးလမ်းမှာ ဖြစ်ရင် အဖြူ-အဝါရည်ဆင်း၊ ယား၊ နီရဲ၊ ပူလောင်၊

“Fungus မှိုရောဂါများ” နဲ့ တွဲဖတ်ပါ။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး