Burmese Spelling မြန်မာသတ်ပုံ

“ဆဌသံင်္ဃာရတနာတင်ကမ္ဘာအေးလိုင်ကူ။သာသနာကြီးဆက်လက်တည်တန့်ပွားများပါစေ” လို့ တင်ထားတာကို ဖတ်ရပါတယ်။

အဲဒီထဲမှာ သတ်ပုံပြင်စရာ (၃) ခုရှိပါတယ်။ (ဆဋ္ဌမ)၊ (သင်္ဂါယနာ) နဲ့ (လိုဏ်ဂူ) ဖြစ်ပါတယ်။

ဒါ့ပြင် အလွယ်ရှာတွေ့သမျှ (၁ဝ) နေရာမှာလဲ (သံဃာ) ကို (သံင်္ဃာ) လို့ မှားပေါင်းထားပါသေးတယ်။

1. www.shwemyotaw.com/profile/phyolay734?xg_source=profiles...
ဝါဆိုလပြည့်နေ့ သည်ဓမ္မစင်္ကြာတရားသီးဟောသောနေ့ ဖြစ်သလို ရတနာသုံးပါးတွင်တစ်ပါးအပါအ၀င်ဖြစ်သော သံင်္ဃာရတနာ  ...
2. www.shwemyotaw.com/profiles/blog/list?tag=အကြံပြုစာ
... ဟောသောနေ့ ဖြစ်သလို ရတနာသုံးပါးတွင်တစ်ပါးအပါအ၀င်ဖြစ်သော သံင်္ဃာရတနာ စတင်ပေါ်ပေါက်ခဲ့သောနေ့ လည်းဖြစ်ပေ၏  ...
3. www.shwemyotaw.com/xn/detail/5442636:Comment:7973991?xg...
Jul 11, 2014 - ... သံင်္ဃာရတနာ စတင်ပေါ်ပေါက်ခဲ့သောနေ့ လည်းဖြစ်ပေ၏ ၀ါတွင်းကာလသည်ရဟန်းတော်များ မိုးလေးလပတ်လုံး  ...
4. alienable1.rssing.com/chan-2715815/all_p421.html
သံင်္ဃာရတနာ စတင်ပေါ်ပေါက်ခဲ့သောနေ့ လည်းဖြစ်ပေ၏ ၀ါတွင်းကာလသည်ရဟန်းတော်များ မိုးလေးလပတ်လုံး
5. kandawyakethar.blogspot.com/2010/07/download.html
Jul 28, 2010 - ၀ါဆိုလ တွင် ဘုရားရတနာ ၊ တရား၇တနာ သံင်္ဃာရတနာ သုံးပါးစလုံး
6. kandawyakethar.blogspot.com/2010_07_01_archive.html
Jul 1, 2010 - ၀ါဆိုလ တွင် ဘုရားရတနာ ၊ တရား၇တနာ သံင်္ဃာရတနာ သုံးပါးစလုံး စတင်ပြည်စုံသောလဖြစ်သည် ၊
7. https://www.facebook.com/pages/...သံင်္ဃာ.../1614219862137758
ဘုရား တရား သံင်္ဃာ ဆရာ မိဘ
8. https://www.facebook.com/permalink.php?id=1614219862137758
ဘုရား တရား သံင်္ဃာ ဆရာ မိဘ
9. https://www.facebook.com/permalink.php?id=1614219862137758...
ဘုရား တရား သံင်္ဃာ ဆရာ မိဘ
10. burmese.voanews.com/content/.../1571226.html
ရန်ကုန်ဆေးရုံကြီးမှာ ခွဲစိတ်မှုခံယူတဲ့ သံင်္ဃာ ၂ ပါးကတော့၊ မန္တလေး ရက္ခိဏာရာမ ဘုရားကြီးတိုက်က

အပြစ်ရှာတယ်လို့ မထင်စေချင်ပါ။ ကျွန်တော်လဲ မှားတတ်တာတွေရှိပါတယ်။

မြန်မာစာကို အလေးထားဖို့ ဝိုင်းဝန်းကြိုးစားစို့။

ဒေါက်တာတင့်ဆွေ
၃ဝ-၁၁-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး