Mid Cycle Bleeding ကြားရက် သွေးဆင်းခြင်း
အမျိုးသမီးတွေ Mid cycle bleeding လလယ်ရက်မှာ သွေးဆင်းတာ ၃ ယောက်မှာ ၁ ယောက် ဖြစ်တတ်ကြတယ်။ ရောဂါရယ်လို့ မဟုတ်တာ များတယ်။
သားအိမ်ဝ၊ ဗဂျိုင်းနား၊ တခြားနေရာ ဘယ်ကလာတယ်ဆိုတာကို ခွဲခြားရမယ်။ ဒီသွေးက သားအိမ်အထဲဖြစ်ဖြစ်၊ သားအိမ်အဝကဖြစ်ဖြစ် လာနိုင်တယ်။ မျိုးဥအိမ်ကနေလာတာလဲ မဖြစ်ဘူး မပြောနိုင်ပါ။ ရာသီ စဆင်းပြီး၊ ၁ဝ ရက်နဲ့ ၁၅ ရက်ကြား ဆင်းတာ များတယ်။ အတွင်းခံကို စွန်းယုံလေးကနေ များများလဲ ဆင်းနိုင်သလို ခဏလေးကနေ ၂-၃ ရက်အထိ ကြာတတ်တယ်။ အရောင်က အနီ၊ အညို၊ ပန်းရောင်နဲ့ အကျိအချွဲပါ ရောတတ်တယ်။
ကြားရက် သွေးဆင်းတာကို ဖြစ်စေနိုင်တဲ့ အကြောင်းတွေ အများကြီးရှိတယ်။
1. Ovulation bleeding မျိုးဥထွက်ချိန်၊
2. ကိုယ်ဝန်တား-စားဆေး၊
3. IUCD ကိုယ်ဝန်တား-ပစ္စည်း၊
4. လည်ပင်းကြီး-ဟော်မုန်းနဲတာ၊
5. သန္ဓေတည်ခါစ၊
6. ကိုယ်ဝန်ပျက်တာ၊
7. Estrogen (အီစထိုဂျင်) ဟော်မုန်းဆေးပေးနေသူ အစပိုင်းနဲ့ အဆုံးရက်တွေ၊
8. Endometriosis သားအိမ်ရောဂါ၊
9. Uterine fibroids သားအိမ်အလုံး၊
10. လိင်ကတဆင့် ကူးစက် ရောဂါတွေ၊
11. စိတ်ဖိအားများတာ၊
12. သွေးဆုံးခါနီး၊
13. Cervical polyps သားအိမ်ဝမှာ အညှာပါ-အလုံးရှိတာ၊
14. Cervical erosion သားအိမ်ဝရောဂါ၊
15. ဗဂျိုင်းနာ၊ သားအိမ်၊ မျိုးဥအိမ်မှာ Cysts အလုံးရှိတာ၊
16. မွေးလမ်း ထိခိုက်မိတာ၊
17. ဗဂျိုင်းနားထဲ ပစ္စည်းတခုခု ကျန်ရစ်တာ၊
18. ကင်ဆာ။
အများဆုံး ဖြစ်တာက Ovulation bleeding မျိုးဥထွက်ချိန်မှာ သူဖြစ်လာရာအိတ် Follicle ကနေ မျိုးဥ ပေါက်ထွက်ချိန်မှာ ဖြစ်တယ်။ ၂-၃ နာရီလောက်ကနေ ၁-၂ ရက်အထိ ကြာတတ်တယ်။ တချို့မှာ နာတာနဲ့ တွဲနေတယ်။ မျိုးဥထွက်ခါနီး (အီစထိုဂျင်) ဟော်မုန်း များ-နည်းရာကနေ သားအိမ် အတွင်းနံရံ ပါးလို့ ဆင်းတာပါ။ ဒါ့ကြောင့်ဆိုရင် Estrogen ပေးလို့ ပျောက်တယ်။ တခြား အကြောင်းတွေလဲ ရှိနိုင်တယ်။ Progesterone ဟော်မုန်း နဲနေရင် ရက်ကြာကြာ ဆင်းနိုင်တယ်။ အဲလို အမျိုးသမီးတွေဟာ ကလေးရဘို့ အခွင့်အလမ်း နဲပြီး ကိုယ်ဝန်လဲ ပျက်တတ်တယ်။ Oral Contraceptives ကိုယ်ဝန်တား စားဆေးကြောင့်ဆိုရင် အစနဲ့အဆုံးမှာ ဆင်းတတ်တယ်။ များသောအားဖြင့် ဒီဆေးမျိုးကို သောက်ဘူးခါစ ပဌမလတွေမှာ ဖြစ်တယ်။ ဆေးသောက်ချိန် လွဲသွားရင်လဲ ဖြစ်တယ်။
အရေးပေါ် ဆေးကုရာတာ ရှားတော့ ရှားတယ်။ လိုအပ်ရင်တော့ ဆေးကုရမယ်။
• သွေးဆင်းများသူ တချို့ကို Estrogen (Conjugated) 25 mg IV ထိုးပေးရတယ်။ ဒါမှမဟုတ် စားဆေး 2.5 mg တနေ့ ၄ ကြိမ်ပေးမယ်။ သွေးရပ်သွားရင် Medroxy-progesterone 10 mg/d ကို ၇-၁ဝ ရက် ဆက်ပေးမယ်။
• တချို့ကို အများဆုံးသုံးတဲ့ Combination Oral Contraceptive ဟော်မုန်းနှစ်မျိုးတွဲ ကိုယ်ဝန်တား စားဆေး ပေးတယ်။ ဆေးထဲမှာ 1-0.75 mg Norethindrone နဲ့ 0.035 mg Ethinylestradiol ပါတယ်။
o တရက်မှာ ဆေး ၄ ပြား၊ ၇ ရက် ပေးတယ်။ ဒါမှမဟုတ်
o ၄ ပြား ၂ ရက်၊ ၃ ပြား ၂ ရက်၊ ၂ ပြား ၂ ရက်၊ ၁ ပြား ၂ ရက်နည်းနဲ့ ပေးတယ်။
• Medroxyprogesterone (Provera) ခေါ်တဲ့ Progestin (Progesterone) ဟော်မုန်းဆေးပေနိုင်တယ်။ ဒီဆေးက မျိုးဥ ပုံမှန်ထွက်စေတဲ့ဆေး ဖြစ်တယ်။ 10 mg/day ကို ၁ဝ ရက်ပေးမယ်။ ဒါပေမဲ့ OG ကပေးမှသာ သောက်ပါ။ ဆေးရပ်လိုက်တော့ သွေးဆင်းတတ်လို့။ ကင်ဆာ မရှိတာ သေခြာမှလဲ ပေးရတယ်။
• တချို့ကို D and C သားအိမ်ခြစ်ပေးရတယ်။
Vaginal Bleeding ကိုယ်ဝန် မဟုတ်ပဲ မွေးလမ်းက သွေးဆင်းခြင်း
http://3.bp.blogspot.com/-QR_aGLp4Uoc/TxJNyaBJrkI/AAAAAAAAMGA/k6Nafq_nZCg/s200/vaginal%2Bbleeding%2B2.jpg
မွေးလမ်းကနေ သွေးဆင်းတာဟာ ရာသီမထိန်၊ ကိုယ်ဝန် မဟုတ်ရင် -
(Submucosal Fibroid အသားပိုအလုံး၊ Endometrial cancer ကင်ဆာ နဲ့ Endometrial polyp အညှာရှိ-အသားပို) သားအိမ် ရောဂါတွေ နဲ့ (Cervicitis သားအိမ်ဝရောင်၊ Cervical polyp အညှာရှိ-အသားပို) သားအိမ်ဝ ရောဂါတွေကနေ ဖြစ်နိုင်တယ်။ နောက်ပြီး ထိခိုက်မိတာ၊ သားအိမ်ထဲ ပစ္စည်းပိုတခုခု ဝင်နေတာကိုလည်း စဉ်းစာရတယ်။
သွေးဆုံးချိန် အမျိုးသမီးတွေကို Estrogen therapy (အီစထိုဂျင်) ဟော်မုန်းပေး ကုရင်လဲ ဖြစ်တတ်တယ်။ ဒီအရွယ်တွေမှာ Endometritis သားအိမ်-အတွင်းလွှာ ရောင်တာ ၃ဝ% နဲ့ Endometrial cancer ကင်ဆာ ၁၅% ဖြစ်နိုင်တယ်။ အမျိုးသမီး ငယ်လေးတွေမှာ Coorgulopathy သွေးမခဲစေတဲ့ ရောဂါ ရှိတာ ၁၉% ရှိတယ်။
သွေးဆင်းများရင် အထွေထွေ ပြုစုကုသမှုတွေနဲ့အတူ D and C သားအိမ်ခြစ်ပေးရမယ်။
အရွယ်ရောက်စ မိန်းကလေးတွေနဲ့ သွေးဆုံးခါနီး အမျိုးသမီးတွေမှာ မျိုးဥအိမ်ကနေ မျိုးဥအထွက်ဘဲ သွေးဆင်တာ Anovulatory dysfunctional uterine bleeding ဖြစ်တတ်ကြတယ်။ ကုသနည်းတွေကတော့ ဟော်မုန်းပေးနည်းတွေ ဖြစ်တယ်။
1. Estrogen (Conjugated) 2.5 mg QID and add Medroxyprogestrone 10 mg/day whne bleeding subsides and continue both for 7-10- days
2. Oral contraceptive: Ethyl Estradiol 35 µg and Noresthindrone 1 mg, 4 tablets/day x 7 daysoOr Ethyl Estradiol 35 µg and Noresthindrone 1 mg, 3 tablets/day x 2 days and 2 tablets for 2 days and 2 tablets x 3 days
3. Medroxyprogesterone 10 mg/day x 10 days
Dr. တင့်ဆွေ

Comments
Post a Comment