Pregnancy how early can be detected ကိုယ်ဝန်ကို ဘယ်လောက်စောစော သိနိုင်သလဲ

ဒေါက်တာ ပြောတဲ့အတိုင်း ( ၂၆-၈-၂ဝ၁၃ ) ရက်နေ့က့ မှာ OG နဲ့ ပြပြီး Ultrasound ရိုက်တဲ့အခါ အားလုံးကောင်းပြီး ဘာရောဂါမှမရှိပါ။ ဆီးစစ်ချင်တယ်ဟု ပြောပြီး ဆီးစစ်တဲ့အခါ ကျွန်မမှာ ကိုယ်ဝန်ရှိနေပါတယ်။ Ultrasound ရိုက်စဉ်က ဘာမှမတွေ့ရပါ။ ကိုယ်ဝန်က ၅ ပတ် ၆ ပတ်လောက်ခန့် ရှိပြီလို့ ပြောပါတယ်။ Florxine (14) tabs နဲ့ Duphaston 10MG (28) tabs ပေးပြီး ၂ ပတ်နေရင် Ultrasound ပြန်ရိုက်ဖို့ ခေါ်ထားပါတယ်။ အိမ်မှာဆီးပြန်စစ်တဲ့အခါ Positive လို့ ပြပါတယ်။ သူများတွေကိုယ်ဝန် ၄-၅ ပတ်နဲ့ Ultrasound ရိုက်ရင်ပေါ်ပြီး ကျွန်မက ဘာကြောင့်မပေါ်ရတာပါသလဲ။ ပြီးတော့ ဆီးစပ်နားတစ်ဝိုက်နဲ့ ခါးတစ်ဝိုက် ဘာကြောင့် အရမ်းကိုက်ရပါသလဲ။ အခု OG ပေးတဲ့ဆေးသောက်ပြီး နာတာ သက်သာလာပါပြီ။ ကျွန်မက့ မှာ လုပ်တာပါ။ တစ်ခါတစ်လေ 15 kg လောက် လေးတာတွေ မရပါတယ်။ ကျွန်မ ခံစားနေရတဲ့ နာကျင်မှုက အလေးအပင်မတာကြောင့်လား၊ သားအိမ်ပြင် သားဥပြွန်မှာ ကိုယ်ဝန်ရှိနေခြင်းကြောင့်လား ဆိုတာ သိချင်ပါတယ်။ သားအိမ်ပြင်ပမှာ ကိုယ်ဝန်ရှိရင် ဘယ်လိုခံစားရပါသလဲ။ ပြီးတော့ ကိုယ်ဝန်ဘယ်နှစ်လနဲ့ လေယာဉ်စီးလို့ ရသလဲဆိုတာ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။

Pregnancy test ကိုဝန်ရှိ-မရှိစမ်းနည်းမှာ hCG (human chorionic gonadotropin) အချင်းနဲ့ဆိုင်တဲ့ ဟော်မုန်း သွေးထဲ နဲ့ ဆီးထဲမှာ ပါ-မပါကို စမ်းတာဖြစ်တယ်။ ကိုယ့်ဖါသာ အိမ်မှာတင် စမ်းလို့ရတယ်။ HCG ဟော်မုန်းဓါတ်ဟာ Fertilization ခေါ်တဲ့ ကျားသုက်ပိုးနဲ့ မ-မျိုးဥနှစ်ခု တွေ့ဆုံ-ပေါင်းစပ်ပြီနောက် ၆-၁၂ ရက် (ပျမ်းမျှ ၉ ရက်) အကြာ Implantation သန္ဓေကပ်တာ ဖြစ်ပြီးတဲ့နောက်မှာ စမ်းလို့ရပါပြီ။ စမ်းလို့ရပြီလို့ ပြောနိုင်တဲ့ရက်ဟာ ရာသီလာရမဲ့ရက်ထက် ၇ ရက် နောက်ကျချိန် ဖြစ်တယ်။ တချို့စမ်းနည်းတွေက ရာသီလာရမဲ့ရက်အရင် ၄ ရက်နဲ့ စမ်းလို့ရတယ်လို့ ပြောတာလဲရှိတယ်။ ရက်မတူတာက အမျိုးသမီးရဲ့ ရာသီခွင်က Luteal phase ခေါ်တဲ့ အစပိုင်းကာလ ဘယ်လောက်ကြာသလဲနဲ့ သန္ဓေကပ်တာ ဘယ်လောက်မြန်သလဲအပေါ်မှာ မူတည်တယ်။

• Quantitative blood (Serum beta) tests စမ်းလို့ရတဲ့ ဟော်မုန်း အနည်း-အများကိုစမ်းတဲ့ သွေးစစ်နည်းဟာ hCG levels 1 mIU/mL ရှိတာနဲ့ ရပါပြီ။
• Urine tests ဆီးစစ်နည်းကတော့ 20 and 100 mIU/mL အထိရှိမှ စမ်းလို့ရမယ်။
• Qualitative blood tests အရည်အသွေးအတွက် သွေးစစ်နည်း (ကိုယ်ဝန် ရှိ-မရှိ) ကို 25 mIU/mL ရှိမှ ရမယ်။
• ဒီဟော်မုန်းကို Placenta အချင်းရဲ့ Trophoblastic tissue ဆိုတာကနေ ထုတ်ပေးတာဖြစ်တယ်။
• အလားတူ ဟော်မုန်းကို Choriocarcinoma ကင်ဆာနဲ့ Germ cell tumours ကင်ဆာဖြစ်နေရင်လဲ ထုတ်ပေးတယ်။ Lung cancer အဆုပ်ကင်ဆာကနေလဲ ထုတ်ပေးတတ်တယ်။

Obstetric ultrasonography ကိုယ်ဝန်အတွက်ရိုက်တဲ့ (အာလ်ထွာဆောင်း)
(အာလ်ထွာဆောင်း) ရိုက်ရင် Gestational sac သန္ဓေအိတ်၊ Embryo သန္ဓေ နဲ့ Fetus သန္ဓေသား တခုခုကိုမြင်ရမယ်။
ကိုယ်ဝန် ၆-၈ ပါတ်ကျော်လာပြီဆိုရင် (အာလ်ထွာဆောင်း) မှာ ကောင်းကောင်းပေါ်လာပြီ။ ယေဘုယျ ပြောရရင် ကိုယ်ဝန် ဆိုတာ Ovulation မျိုးဥထွက်ပြီးနောက် ၂၅ ရက်အကြာမှာ Transvaginal sonography မွေးလမ်းကြောင်းထဲကနေ ရိုက်တဲ့ (အာလ်ထွာဆောင်း) အဖြေ + hCG level of > 1,500 miu/ml ဆိုတာနှစ်ခုပေါင်း နောက်ဆုံး ကောက်ချက် ချပါတယ်။

False negative pregnancy test မှားပြီး အနုတ်ပြတယ်ဆိုတာ ကိုယ်ဝန်တော့ရှိနေတယ်၊ စမ်းတော့ မတွေ့ဘူး။ စမ်းတာက ရက်စောနေရင် ဖြစ်နိုင်တယ်။ စမ်းသပ်ကရိယာ ရက်လွန်နေလဲ ဖြစ်နိုင်တယ်။ ဆီးက မနက်ခင်းဆီး မဟုတ်ရင်လဲ ဖြစ်နိုင်တယ်။

False positive pregnancy test မှားပြီး အပေါင်းပြတယ်ဆိုတာ ကိုယ်ဝန်မရှိဘဲနဲ့ စမ်းတော့ တွေ့နေတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းတရားတွေကတော့ -
• Choriocarcinomas (ခိုရီယိုကာစီနိုးမား)၊ ကင်ဆာ၊
• Eenterocystoplasties ရောဂါ၊
• Gestational trophoblastic diseases (GTD) ကိုယ်ဝန်ရောဂါတမျိုး၊
• Gestational trophoblastic neoplasms (GTN) ကိုယ်ဝန် ကင်ဆာရောဂါတမျိုး၊
• hCG injection ဟော်မုန်းဆေးထိုးထားခြင်း။
• Heterophile antibodies (အင်တီဘော်ဒီ) တမျိုး၊
• IgA deficiencies အားနည်းရောဂါ၊
• Testicular germ cell malignancies ယောက်ျား အစေ့ကင်ဆာတမျိုး၊

Doubling rule နှစ်ထပ်ကွမ်းဥပဒေသ
• ဆရာဝန်တွေက သေချာအောင် နှစ်ထပ်ကွမ်းနည်း လုပ်ချင်တယ်။ Quantitative serum beta hCG levels သွေးထဲက ဟော်မုန်း နည်းရာကနေ များလာတာကို သိချင်တယ်။
• 25 mIU/ml ထက်ကျော်နေရင် ကိုယ်ဝန်ရှိတယ်လို့ မှတ်ချက်ပေးမယ်။ နောက်ထပ် ၂-၃ ရက်အကြာမှာ တခါထပ်စစ်တော့ ပိုများတာတွေ့ရင် ကိုယ်ဝန်ရှိနေတာ အတိအကျ သေချာပြီ။
• ဟော်မုန်းက များများမလာဘူးဆိုရင် Miscarriage ကိုယ်ဝန်ပျက်ချင်တာနဲ့ Ectopic pregnancy သားအိမ်ပြင်ပမှာ သန္ဓေတည်တာ ဖြစ်နိုင်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး