Hyperthyroidism လည်ပင်းကြီးဟော်မုန်းများရောဂါ အမေး

မင်္ဂလာပါ ဆရာ သမီး အသက်က ၃၁ပါ။ အိမ်ထောင်မရှိ အပျိုပါ။ သမီး Hyperthyroidism ဖြစ်နေတာ ၄ လလောက် ရှိပါပြီ။ စသိတဲ့ အချိန်ပါ။ စသိတည်းက carbimazole 100mg  တနေ့ ၃ ကြိမ်နဲ့ propanolol 10mg တနေ့ ၂ ကြိမ် သောက်နေပါတယ်။ သမီးရဲ့ hormone level (T3,T4,TSH) က ပြောင်းလဲမှုသိပ်မရှိပါဘူး။ အသံဝင်တာက ပိုဆိုးလာပါတယ်။ လက်တွေလည်းတုန်နေတုန်းပါပဲ။ ဆေးခန်းရက်ချိန်း သွားတော့လည်း ဆရာမက ဒီဆေးတွေပဲ ဆက်သောက်ခိုင်းပါတယ်။ တခြား ဘာတွေ ထပ်စစ်ရမလဲ ဆရာ။ Hyperthyroidism ရဲ့ နောက်က်ေတွဲ လက္ခဏာတွေက ဘာတွေဖြစ်နိုင်လဲဆရာ။ ရာသီက စပြီးလာတဲ့ အချိန်တည်းက ၂၈ နှစ်လောက်ထိ 38 cycle ပါဆရာ။ အရင်တည်းက Hyperthyroidism ကြောင့် cycle မမှန်တာဖြစ်နိုင်လား ဆရာ။ ဆရာ့ဆီက အကြံဥာဏ်လေး လိုချင်လို့ပါ။

Hyperthyroidism ရောဂါလက္ခဏာတွေ နဲ့ နောက်ဆက်တွဲဖြစ်နိုင်တာတွေ -
• နှလုံးခုန်မြန်၊ နှလုံးခုန် မမှန်၊
• ကိုယ်အပူချိန်များ၊ ချွေးထွက်များ၊
• ဂနာမငြိမ်ဖြစ်၊ လက်တုန်၊
• မောပန်းနေပါစေ လုပ်တာကိုင်တာမှန်သမျှ တက်ကြွနေ၊
• အစားပိုစား၊ လူကပိန်၊
• အိပ်ရေးပျက်၊ ဝမ်းပျက်၊
• မျက်လုံးမို့၊ မျက်ရည်များ၊ ကြည့်ရင်စိုက်ကြည့်၊
• အရိုးအားနည်း၊ လည်ပင်းကြီး၊
• ရာသီမမှန်။ ရာသီမလာတာတွေလဲ ဖြစ်နိုင်တယ်။
• မျိုးဥမထွက်တာ ဖြစ်နိုင်တယ်။ မထွက်ရင် ထွက်အောင်လုပ်လို့ ရပါတယ်။ ဒီရောဂါရှိသူ အမျိုးသမီးတိုင်းက ကလေးမရဖြစ်မှာ မဟုတ်ပါ။
• ကိုယ်ဝန်ထဲကကလေးကို ၅% ပြဿနာဖြစ်စေတယ်။ ကိုယ်ဝန်ပျက်တာ၊ စောမွေးတာ၊ သားအိမ်ထဲမှာတင် ကလေး သေသွားတာ၊ ကိုယ်ဝန်သွေးဆိပ်တက်တာတွေ ပိုဖြစ်တတ်တယ်။ ဟော်မုန်းများနေတာကို ထိန်းထားနိုင်ရင် ကိုယ်ဝန်ကို ဒုက္ခမပေးပါ။
• ကိုယ်ဝန် မဆောင်ခင်သိရင် Radioactive iodine ရေဒီယိုသတ္တိကြွဆေးပေးကုသတယ်။ ကိုယ်ဝန် ၁ဝ ပါတ် နောက်မှ သိရရင် ဒီဆေးကုသနည်း မလုပ်သင့်ဘူး။ Propylthiouracil (PTU) ဆေးပေးမယ်။ Celestone (Metamethasone) နဲ့ ခွဲစိတ်နည်းလဲ လုပ်တယ်။ Methimazole ဆေးကို ကိုယ်ဝန်ဆောင်မှာ မပေးသင့်ဘူး။

ဘယ်လို ကာကွယ် ကုသမလဲ
• နှလုံးခုန်မြန်နေလို့ပေးတဲ့ Propanolol ဆေးဟာ ရောဂါအခြေခံကို ကုတာမဟုတ်ပါ။ နှလုံးခုန်တာ သက်သောနေစေမယ်။
• လည်ပင်းကြီးအကျိတ်က ဟော်မုန်းထုတ်နိုင်အောင် Iodine (အိုင်အိုဒင်း) ဓါတ်ဆား နည်းနည်း အမြဲလိုနေတယ်။ များပြန်ရင်လဲ ဟော်မုန်းသိပ်ထုတ်မပေးပြန်ဘူး။ ဒါကြောင့် Iodine treatment (အိုင်အိုဒင်း) ဓါတ်ဆားပေး ကုသတာကို အမြဲမသုံးဘူး။ Thyroid storm လည်ပင်းကြီး မုန်တိုင်းထန်တာမျိုး ဖြစ်နေတာကို ချနိုင်အောင် ရေတိုသာ သုံးတယ်။
• Radioactive iodine ရေဒီယိုသတ္တိကြွ (အိုင်အိုဒင်း) သုံးနိုင်တယ်။ ကိုယ်ဝန်ဆောင်နေတုံးမှာ မပေးပါ။
• Propylthiouracil နဲ့ Methimazole ဆေးတခုခုသုံးတယ်။ ၆ ပတ်ကနေ ၃ လအထိ ပေးလေ့ရှိတယ်။
• Cazole ဟာ Carbimazole ဖြစ်တယ်။ Neomercazole, Vidalta, Camazol စတဲ့နာမည်တွေနဲ့လာတယ်။
• တချို့လူနာတွေကို Thyroidectomy ခွဲထုတ်ပေးတယ်။ ခွဲထုတ်သူတွေကို နောက်ပိုင်းမှာ Thyroid hormone replacement ဟော်မုန်းအစားထိုးဆေး တသက်လုံး ပေးနေရတတ်တယ်။

ကုသမှုလမ်းညွှန် အချုပ်
(၁) Anti-thyroid medicine ဆေးပေနည်း၊
(၂) Radioactive iodine နူကလီယာဆေးပေးနည်း နဲ့
(၃) Surgery ခွဲစိတ်ကုသနည်း။

Hyperthyroidism လည်ပင်းကြီးရောဂါ https://doctortintswe.blogspot.com/2015/03/hyperthyroidism.html

ဒေါက်တာတင့်ဆွေ
၁၈-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး