လဲ နှင့် လည်း
စားပြီးရင်လည်း (လဲ) ထပ်စားချင်တုန်းပဲ မင်းမလာလည်း (လဲ) ငါသွားမှာပဲ ဘယ်ဟာမှန်ပါလဲဆရာ။
အရင်ကတည်းက ရောရေးကြတယ်။ အခု အမေးမှာ လဲလို့ ပြောင်းလာတယ်။ အဲတာကြောင့် ကျွန်တော်လည်း ခဏခဏလွဲတယ်။ စာအဟောင်းတွေမှာ ပိုမှားခဲ့တယ်။ တွေ့တိုင်း ပြန်ပြင်နေရတယ်။
လဲ = အမေးသဘောသက်ရောက်သော ဝါကျအဆုံးစကားလုံး။ တိမ်းစောင်းကျသည်။
လည်း = အတူတူဖြစ်ကြောင်း၊ ပါဝင်ကြောင်း။
လဲ
ပင်းတလဲမြို့
ပုလဲမြို့
ပုလဲရတနာ
ဖက်လဲတကင်း
ဘာကိုလွမ်းနေသလဲ
ဘာဖြစ်နေတာလဲ
လှဲ၍လဲသွားသည်
လဲကျသည်
လဲချားမြို့
လဲမှို့
လဲလှယ်သည်
လဲလူရွက်
လဲဝါ
လဲအုံပင်
လဲခေါင်းအုံး
လဲမွေ့ရာ
လဲလျောင်းသည်
သစ်ပင်လဲပြိုသည်
အဖန်တလဲလဲ
အလူးအလဲခံနေရသည်
အဝတ်အစားလဲပါ
အဟောင်း အသစ် လဲလှယ်သည်း
ကောက်ကျစ်စဉ်းလဲ
ချော်လဲသည်
လျှောက်လဲချက်
လည်း
စားလည်းစား ပြောလည်းပြော
စုလည်းကြက်တောင်
ဆည်းလည်းသံ
ထိုနည်းတူ ဤနည်းလည်းကောင်း
နားလည်းနား
ပလလည်းဆင်
ပလလည်းတော
ရိုက်လည်းရိုက်
လည်းကောင်း (၎င်း ထို ယင်း အနှီ ဤ နည်းတူ)
လည်းလျောင်း (ယခင်သုံး)
လိပ်ခဲတည်းလည်း
လူးလည်း၍ငိုသည်
သွားလည်းသွား
ပြောရာတွင်လည်း
သော်လည်း
သော်လည်းကောင်း
ဖိုးသူတော်လဲ တောင်ဝှေးမထူနိုင်။
ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရင်း။
သူလည်းလေ လောကီသားပေမို့ ကြွားချင်ရှာပေလိမ့်မည်။
ဝဏ္ဏဗောဓနသတ်အင်း
ပလလည်းဆင်
တိမ်းလည်းသည်
ပေါင်းလည်း
လူလည်းသည်
စီးသည်တလည်ဒတလည်းပင်
ဆိုသေည်လည်း စသည်
ဘယ်သူလည်း စသည်
ငါတုံသော်လည်း စသည်
နေရသည်ကိုလည်း စသည်
လိပ်လည်းသည်
ငလျင်တော်လည်း စသည်
ထုံးသည်စုလည်း
စကားသော်လည်း (လင်္ကာ)
တုံးလုံးလည်းသည်
သိပ်သည်းသည်း
မိုးသည်းသည်
အနာသည်းသည်
အပြုအမူသည်းသည်
ဝှန်သည်းသည်
အဦသည်းသည်
လူမျိုးကသည်း
ခြေသည်းလက်သည်း
ဒေါက်တာတင့်ဆွေ
၁၃-၁-၂၀၂၀
Comments
Post a Comment