Thanksgiving Turkey ကျေးဇူးတော်နေ့ ကြက်ဆင်

လာမယ့်အင်္ဂါနေ့ ကျောင်းမှာ သင့်စ်ဂစ်ဗင်းပါတီရှိမယ်။ ကျောင်းသားတွေကို စားစရာတမျိုးစီ ယူလာ ဝယ်လာကြဘို့ မှာထားတယ်။ မအားလပ်သူတွေက ၅ ကျပ်။ ပိုက်ဆံသာပေးသူတွေဆီကရတာနဲ့ စားစရာတွေဝယ်ထားမယ်။

အဲဒီနေ့မှာ ကျောင်းတွေ၊ ရုံးတွေ၊ အလုပ်တွေ အတော်များများပိတ်ကြတယ်။ ကျေးဇူးတော်နေ့ကို အမေရိကနဲ့ ကနေဒါမှာအဓိကကျင်းပကြတယ်။ တခြားနေရာတွေမှာလည်းရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က စိုက်ပျိုးထုတ်လုပ်နိုင်တာအတွက် ကျေးဇူးတင်တဲ့သဘောဖြစ်ပါတယ်။ ခရစ်ယန်ယုံကြည်မှုအရ ဘုရားသခင်ကို ကျေးဇူးတင်ကြတာပါ။ ယူအက်စ်အေမှာ နိုဝင်္ဘာလ စတုတ္တမြောက် ကြာသပတေးနေ့နဲ့ ကနေဒါမှာ ဒုတိယမြောက် တနင်္လာနေ့ဖြစ်တယ်။ သမိုင်းအရ အင်္ဂလန် အစဉ်အလာကနေယူတယ်။ ခရစ်ယန်ပရိုတက်စတင့် ပြုပြင်ရေးကတည်းက စတယ်။ ၁၆၂၁ ခုနှစ် မက်ဆာချူးဆက်၊ ပလိုင်းမောက်သ်က စခဲ့တာဖြစ်တယ်။ ဖက်ဒရယ် ရုံးပိတ်ရက် အဖြစ်က ၂၆-၁၂-၁၉၄၁ သမတ ဒီ ရု့ဇဗဲ့လ် လက်မှတ် ထိုးတာကနေ စပါတယ်။ ကျေးဇူးတော်နေ့မှာ သင်္ကေတက ကြက်ဆင်သား စားသောက်ကြတယ်။ မိသားစုပြန်ဆုံကြတယ်။ မိတ်ဆွေအပေါင်းအသင်းတွေ စုဝေးစားသောက်ကြတယ်။

ကျေးဇူးတော်နေ့သမိုင်းအစမှာ ဥရောပကနေ မေဖလားဝါးသင်္ဘောကြီးနဲ့လာကြသူတွေကို ဌာနေလူတွေက ကူညီခဲ့ကြရတယ်။ သူတို့မှာ စားရာမရှိကြပါ။ သင်္ဘောပေါ်ကလည်း မဆင်းနိုင်သေးပါ။ ပလိုင်းမောက်မှာစတယ်။ ကိုလိုနီလို့ပဲခေါ်တယ်။ ကိုလိုနီ (၁၃) ခုရှိလာတော့ လွတ်လပ်ရေးကြေညာတယ်။ ဒါကြောင့် အမေရိကန်အလံမှာ အစဉ်းပေါင်း (၁၃) ခုပါတယ်။ ဥရောပကလာသူတွေကို ပီးလ်ဂရင်မ်လို့ခေါ်တယ်။ ဘာသာပြန်ရရင် ဘုရားဖူးလာသူတွေ။ သူတို့က အင်္ဂလန် ချာ့ခ်ျတွေကို မကြိုက်လို့ ထွက်လာကြတာ။

ကျေးဇူးတော်နေ့ရဲ့နောက်ရက်မှာ အနက်ရောင်သောကြာနေ့လာမယ်။ မကြာခင်မှာ လာတော့မယ့် ခရစ်မတ်အတွက် ဈေးဝယ်ကြတာဖြစ်ပါတယ်။ ဈေးလျှော့ရောင်းကြလို့ ဝယ်သူရောင်းသူတွေ အလွန်အလုပ်များကြ စည်ကားကြတယ်။ ရုံးပိတ်ရက်တော့မဟုတ်ပါ။ ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ်မှာ လူပေါင်း ၁၃၃ သန်းကနေ ဒေါ်လာ ၅ဝ့၉ ဘီလီယန်သုံးခဲ့ကြပါတယ်။

သူတို့ဆီမှာ ဘာသာရေးရယ်ဘာရယ်က ဒီလောက်မဟုတ်ပါ။ အဲလိုနေ့တွေတိုင်းမှာ စီးပွါးရေးလုပ်ကြတာ။ ရောင်းရတယ်။ ဝယ်ချင်အောင်လုပ်တယ်။ ဆွဲဆောင်အားက များတယ်။ ရေဒီယိုတွေ တီဗွီတွေ မဂ္ဂဇင်းတွေမှာလည်း အဲတာပဲ။ ကျောင်းမှာလည်း သင်ခန်းစာထဲ ထည့်ထားတယ်။ ခရစ္စမတ်၊ ဟဲလိုဝင်း၊ သင့်စ်ဂစ်ဗင်း၊ ဗယ်လင်တိုင်း။ ဒေါ်လာဘီလီယန် ဘစ်ဇိနက်။

ကျောင်းသားတယောက်က မနေ့ကပဲပြောတယ်။ မနှစ်ကအလုပ်ကနေ ကြက်ဆင်တကောင်စီပေးတာ၊ သူ့အိမ်မှာ ၂-၃ ကောင်ရလို့ ၄-၅ လနေလည်း မကုန်လို့ စွန့်လိုက်ရသတဲ့။ မနှစ်က သမီးက ကြက်ဆင်ကို သေချာပေါင်းပြီး လာပို့တယ်။ တနှစ်တခါသာစားရတာတော့ စားလို့ရပါတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး