ငယ်က မွှေးမြ

ကြမ္မာနွမ်းထင့်
လွမ်းရုံ လွမ်းသော၊ ချစ်ဇာတ်မြော၌
လျောတိုက် လွင့်ပါ၊ ဆင်းရဲတာရှည်
ရာသီ ခြောက်ဆယ်၊ မပျက်ပြယ်ခဲ့
ငယ်က ပျံ့မွှေး၊ မေတ္တာနွေးခဲ့
တရေးရေးမြင်၊ သူ့ရုပ်သွင်ပင်
တလွင်လွင်ကြား၊ သူ့စကားသံ
ခံစားထိတ်ထိတ်၊ သူ့စိတ်နူးညံ့
မူးပျံ့ဆွတ်ကြည်၊ သူနားလည်ဟန်
ခိုမီချင်လှ၊ သူ့ယုယဟန်
အလှကဗျာ ဂီတသာသော
တမ်းရာဘဝ၊ လွဲခဲ့ရ၍
ညယံ ညှိုးငယ်၊ နေ့လယ် ညည်းငွေ့
တမြေ့မြေ့တွေး၊ ဘယ်နေ့ဝေး၌
ပူဆွေး ပြေလျော့၊ မေ့ပျော်မည်လဲ။ (ကြည်အေး)

မှတ်ချက်။ တစ်ရေးရေးမြင် မဟုတ်။ တစ်လွင်လွင်ကြား မဟုတ်။ တစ်မြေ့မြေ့တွေး မဟုတ်။

သတ်ပုံမှန်တွေ တရေးရေးမြင်၊ စကားပီပီသသ ပြောဆိုခဲ့ကြတာတွေကို တလွင်လွင်ကြား၊ တမြေ့မြေ့တွေးပြီးခံစား၊ ပူဆွေး ပြေလျော့ရပါစေသား။

ဒေါက်တာတင့်ဆွေ
Credit to Aungmyint Oo

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး