Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ

ဒီဆေးမျိုးတွေကိုပေးပြီး လုပ်ချင်ရာ လုပ်လို့ရတာမို့ Rape drugs ခေါ်တယ်။ Rufies လို့လဲ အရပ်စကားနဲ့ ခေါ်တယ်။ စားစရာနဲ့ သောက်စရာထဲ မသိအောင် ထည့်ပေးတယ်။ ဘယ်ရောက်လို့ ရောက်နေမှန်း မသိတော့ဘူး။ သတိလက်လွတ် ဖြစ်မယ်။ အဓမ္မကျင့်လို့အထိ ရတယ်။ Date drug လို့လဲ ခေါ်ကြသေးတယ်။ ဘာလို့လဲဆိုတော့ သူများနိုင်ငံတွေမှာ ယောက်ျားနဲ့ မိန်းမ သမီးရည်းစား မဟုတ်ဘဲလဲ သဘောတူ ရက်ချိန်းပေးပြီး တွေ့ကြတဲ့ဓလေ့ရှိတယ်။ ဖို-မ ဆက်ဆံမှုကို သဘောမတူရင် ဆေးသုံးပြီး အဓမ္မကျင့်ဘို့ ဒီဆေးမျိုးတွေ သုံးနိုင်လို့ပါ။ Date drug, Date rape drug လို့ ခေါ်တာ တယ်တော့ မှန်မယ် မထင်ပါ။ (ဒိတ်) လုပ်ပါတယ် ဆိုကတည်းက အဆုံးတိုင် စခန်းသွားမယ် ဆိုတာ မသိ မရှိနိုင်ပါ။ ဒီလိုဆေးမျိုး သုံးရတယ်ဆိုတာ (ဒိတ်) အဆင့် မရောက်သူတွေကိုသာ လုပ်ဘို့လိုမှာ ဖြစ်ပါတယ်။ Clubs (ကလပ်) တို့ Pubs (ပတ်ပ်) မှာ ထိုင်ရင်း လူချင်း မရင်းနှီးသူကို တမင်တကာ ကိုယ်လုပ်ချင်ရာလုပ်ဘို့သာ ဆေးလိုပါလိမ့်မယ်။ 

ဆေးအမျိုးအစားတွေမှာ အများဆုံးသုံးကြတာ (၄) မျိုး ရှိတယ်။
1. Alcohol အရက်၊
2. Gamma-hydroxybutyrate (GHB)
3. Benzodiazepines (Flunitrazepam, Rohypnol, Roofies) နဲ့
4. Ketamine ကက်တမင်း မေ့ဆေးတွေ ဖြစ်ကြတယ်။
၁။ Alcohol အရက်
အများဆုံး သုံးတယ်။ ဝယ်လို့လဲ လွယ်သလား မမေးနဲ့။ တိုက်ရင် ငြင်းမဲ့သူလဲ ရှားတယ်။
အရက်တန်ခိုးကြောင့် မူးနေတဲ့ မိန်းကလေးက မငြင်းဆန်ဘူးဆိုပေမဲ့ တရားဥပဒေအရ သဘောတူချက်ဟာ အရက်စွမ်းအောက်မှာ ရယူတာလို့ ငြင်းနိုင်တယ်။ 

၂။ Gamma-hydroxybutyrate (GHB) 
GHB/GBL/1,4 BDO လို့လဲ ခေါ်တယ်။ အရက်သတ္ကိနဲ့ ဆင်တယ်။ ဆေးမိသူက ဆေးမှန်းမသိဘူး။ ရေထဲ ဖျော်လိုက်ရင် ဆေးပါမှန်း မသိဘူး။ အရောင်၊ အနံ့ မသိနိုင်ဘူး။ နဲနဲတော့ ငန်တယ်။ ဆေးကို များများပေးရတယ်။ 1.8 - 2.7 grams လောက်ဆို စိတ်ပြေ လက်ပျောက်လောက်ဘဲ ဖြစ်မယ်။ 

GHB ဆေးကို Bedtime Scoop, Cherry Meth, Easy Lay, Energy Drink, G, Gamma 10, Georgia Home Boy, G-Juice, Gook, Goop, Great Hormones, Grievous Bodily Harm (GBH), Liquid E, Liquid Ecstasy, Liquid X, PM, Salt Water, Soap, Somatomax နဲ့ Vita-G နာမည်တွေနဲ့ ရောင်းတယ်။

GHB ဆေးကို Liquid အရည်၊ Powder အမှုံ့၊ Pill ဆေးလုံးအဖြစ် လာတယ်။ ၁၅ မိနစ်ဆို အစွမ်းပြတယ်။ ၃-၄ နာရီကြာ ခံတယ်။ ဆေးစွမ်းပြင်းတယ်။ အားလုံးပြော့ခွေလာမယ်၊ အိပ်ချင်မယ်၊  မူးဝေမယ်၊ ပျို့မယ်၊ မျက်စိ ကောင်းကောင်း မမြင်တော့ဘူး၊  သတိလက်လွတ်ဖြစ်မယ်၊ တက်နိုင်တယ်၊ ဘာဖြစ်လို့ ဖြစ်ခဲ့တယ်ဆိုတာ မသိစေဘူး။ အသက်ရှူရတာ ခက်မယ်၊ လက်တုံနေမယ်၊ ချွေးထွက်မယ်၊ အန်မယ်၊ နှလုံးခုန်တာနှေးမယ်၊ အိပ်မက်မက်နေသလိုဖြစ်မယ်၊ သတိလစ်မယ်၊ သေနိုင်တယ်။

၃။ Benzodiazepines စိတ်ငြိမ်ဆေးတွေ
စိုးရိမ်စိတ်ကဲသူတွေ၊ ထိန်းမရအောင် စိတ်ထနေသူတွေ၊ လုံးဝအိပ်မရသူတွေကို ပေးတဲ့ဆေးမျိုး ဖြစ်တယ်။ Flunitrazepam (Rohypnol) ဆေးဟာ အဲဒီအမျိုးအစားဖြစ်တယ်။ Benzodiazepines midazolam နဲ့ Temazepam ဆေးတွေသုံးပြီး မတရား ပြုကျင့်ကြတာ များတယ်။ 

အစားထိုး ဝင်လာတဲ့ဆေးတွေက Clonazepam (Klonopin, Rivotril) နဲ့ Alprazolam (Xanax) တွေ ဖြစ်တယ်။ နာမည်အမျိုးမျိုး ရှိတယ်။ Circles, Forget Pill, LA Rochas, Lunch Money, Mexican Valium, Mind Erasers, Poor Man's Quaalude, R-2, Rib, Roach, Roach-2, Roches, Roofies, Roopies, Rope, Rophies, Ruffies, Trip-and-Fall, Whiteys တွေ ဖြစ်တယ်။

Rohypnol ဆေးက ဆေးလုံးဖြစ်တယ်။ မိနစ် ၃ဝ ဆိုရင် သတ္ကိပြပြီး နာရီအများကြီးထိ သက်ရောက်နိုင်တယ်။ အရက်မူးနေသူလို ဖြစ်လာမယ်၊ မတ်တတ် ကောင်းကောင်း မရပ်နိုင်တော့ဘူး၊ စကားပြောတာ လေးလာမယ်။ ပြော့ခွေကျသွားမယ်။ ပျို့-အန်ချင်မယ်။ ခြေတွေလက်တွေ လှုတ်ရတာ သိပ်အားနည်းလာမယ်။ အိပ်ချင်မယ်။ သွေးဖိအားကျမယ်။ ဗိုက်အောင့်မယ်။ ဘာဖြစ်လို့ ဖြစ်ခဲ့တယ် ဆိုတာ မသိစေဘူး။ အသက်ရှူတာထိခိုက်မယ်၊ သတိလုံးဝလစ်သွားမယ်။ အရက်နဲ့ရောမယ်၊ ဆေးလဲ များမယ် ဆိုရင် သေဆုံးနိုင်တယ်။

၎။ Ketamine ကက်တမင်း မေ့ဆေး
Hole, Bump, Cat Valium, Green, Jet, K, K-Hole, Kit Kat, Psychedelic Heroin, Purple, Special K နဲ့ Super Acid လို့ ခေါ်ကြသေးတယ်။ ဆေးရုံ-ဆေးခန်းတွေမှာ မေ့ဆေး ထိုးဆေးအဖြစ် သုံးရတဲ့ဆေး ဖြစ်ပါတယ်။ အသားဆေးထိုးရင် ၁ဝ ကေဂျီလေးသူကို ၁ စီစီ (၅ဝ မီလီဂရမ်) လိုပေမဲ့ သွေးပြန်ကြောထဲ ထိုးရင် လူကြီးထိုးတာတောင်မှာ (ဝ့၅ စီစီ) သာလိုတယ်။

အပြင်သုံးတာအတွက် Ketamine ဆေးက အရည်နဲ့ အမှုံ့လာတယ်။ သက်ရောက်တာ သိပ်မြန်တယ်။ လှုတ်ရှားလို့ မရတော့ဘူး။ ခံရတဲ့သူမှာ ဘာဖြစ်လို့ ဖြစ်ခဲ့တယ်ဆိုတာ မသိစေနိုင်လို့ တရားခံက အမှုမရောက်အောင် ငြင်းလို့ကောင်းတယ်။ အမှုဖြစ်ရင် ဆီးအရင်စစ်ဆေးရတယ်။ တခါတလေ သွေးပါစစ်မယ်။ အဖြေထုတ်တာမှာ အမှားပါတတ်တယ်။ 

အသံတွေ မြင်တာတွေကို ခွဲခြားမရဘူး၊ အချိန်လဲ မသိတော့ဘူး၊ ဘယ်သူဘယ်ဝါလဲ မခွဲတတ်တော့ဘူး၊ ကိုယ်ထဲက အပြင်ရောက်နေသလိုဖြစ်မယ်၊ အိပ်မက်မက်နေသလိုဖြစ်မယ်၊ ဘာမှအထိန်းမရှိတော့ဘူး၊ လှုတ်ရှားမှုတွေ အားနည်းမယ်၊ အသက်ရှူရခက်မယ်၊ တက်နိုင်တယ်၊ အန်မယ်၊ မှတ်ဥာဏ်မေ့မယ်၊ ထုံနေမယ်၊ ထိန်းညှိနိုင်စွမ်းမဲ့မယ်၊ ကြမ်းတမ်းစိတ် ဝင်မယ်၊ စိတ်ကျမယ်၊ သွေးဖိအား တက်မယ်၊ စကား ကောင်းကောင်း ပြောမရဘူး။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး