The Da Vinci Code ဒါ ဗင်ချီ ကုဒ်

မနေ့ကတည်းက ဒါဗင်ချီကုတ် မြန်မာဘာသာပြန် ထွက်မည်ဆိုတာ တွေ့တယ်။ ကျွန်တော် ယူအက်စ်ကို ရောက်စနှစ်က ကျောင်းသူတယောက် ဆရာ့ကို တရားဟောရဦးမယ်။ ခရစ်တော် အမှန်တကယ် ပြန်လည်ရှင်သန်လာမှာဆရာ။ ဆရာ ခရစ်ယာန်ဘာသာထဲ ဝင်လိုက်ပါတဲ့။

ကျွန်တော်က ဆွေစဉ်မျိုးဆက် ဗုဒ္ဓဘာသာဝင်ပါ။ ခရစ်ယာန်သမိုင်းတွေ ဖတ်ဖူးတယ်။ ခရူးဆိတ်စစ်ပွဲတွေ၊ ဥရောပမှာ ဘုရင်တွေနဲ့ ခရစ်ယာန်ဘုန်းတော်ကြီးတွေ အာဏာလုကြတာတွေရော ပရိုတက်စတင့်ဂိုဏ်း ပေါ်လာတာပါ ဖတ်ဖူးပါတယ်။ မြန်မာပြည်ကို ခရစ်ယာန်ဘာသာ ရောက်တာလည်း ဖတ်ဖူးတယ်။

ဒင် ဘရောင်းရေးတဲ့ The Da Vinci Code စာအုပ်ကို ဝယ်ဖတ်တယ်။ ပဲရစ်မြို့ Musée du Louvre မြူဆီယေ ဗီလုခ် ပြတိုက်ထဲမှာ လူသတ်မှုဖြစ်ရာကနေ သင်္ကေတစာကိုဘာသာပြန်ရတယ်။ ယေရှုခရစ်တော်နဲ့ မေရီ မက်ဂလိန်း လက်ထပ်တဲ့ဇာတ်လမ်းကို လူတွေမသိအောင်လျို့ဝှက်ထိန်းသိမ်းထားတယ်လို့ပါတယ်။ Holy Grail လို့ ခေါ်တယ်။ စိတ်ကူးယဉ်ပေမယ့် ဒီစာအုပ်ကို ရိုမန်ကက်သလစ်က အကြီးအကျယ်ပြစ်တင်ဝေဖန်တယ်။ စာအုပ်ကတော့ ရောင်းရအကောင်းဆုံး ဖြစ်သွားတယ်။

ဒေလီမှာ ခရစ်ယာန်ဘာဝင် တသောင်းလောက်နဲ့ အတူနေခဲ့တယ်။ သူတို့ဘာသာရေးပွဲတွေဖိတ်ရင် သွားတက်တယ်။ ကယ်ရိုလ်အဖွဲ့တွေလည်း နှစ်တိုင်း ကျွန်တော့်အိမ်ကို လာကြတယ်။

ဒါဗင်ချီကုဒ်စာအုပ်ထွက်ကတည်းက သိတယ်။ စိတ်ဝင်စားလို့ ဝယ်ဖတ်တယ်။ ဒေလီမှာ မြန်မာပြည်ကနေ လာနေကြသူတွေရဲ့ ခရစ်ယာန်ဘုရားကျောင်း ၁၅ ကျောင်းရှိတယ်။ နီးစပ်တဲ့ ပါစတာတွေကို ဒီစာအုပ်အကြောင်း မေးကြည့်တာ တယောက်မှ မသိကြပါ။ စိတ်ဝင်စာဟန်လည်း မပြကြပါ။

စာအုပ်က စိတ်ကူးယဉ်ဝတ္ထုပါ။ တွမ် ဟန့်စ် ဇာတ်လိုက်ထားပြီး ရုပ်ရှင်ရိုက်တော့လည်း နာမည်ကြီးတယ်။ ရုပ်ရှင်လည်း ကြည့်ဖူးတယ်။ လီယိုနာဒို ဒါဗင်ချီရဲ့ ကုဒ်ကိုသိအောင်ဖေါ်ရတာ ခက်ပါတယ်။

ဒေါက်တာတင့်ဆွေ
၆-၁၂-၂ဝ၁၅
၁၃-၁၁-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး