ဆွတ် စွပ် စွတ်

၁။ ဆရာအချိန်ရရင် ဒီ video လေးကြည့်ပေးပါ။ ချက်ကို ဒီ video ကညွှန်ပြသလို ဆီစွတ်ပေးရင် တကယ်ပဲ အကျိုးရှိနိုင်တာလားဆရာ။ ရာသီလာရင်နာတာအတွက် အရက်စွတ်ပေးရရင် သက်သာတယ်ဆိုလို့ တကယ်ပဲ အကျိုးပါသလားလို့ ဆရာနဲ့တိုင်ပင်ချင်လို့ပါ။ ခုနှစ်ရက်သားသမီးအရေးကူညီဖြေ ရှင်းပေးနေတဲ့ဆရာ ကျန်းမာချမ်းသာပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။

အဲလိုဟာတွေက ဆေးသုတေသနခိုင်မာမှု မရှိကြပါ။ မေးတဲ့သူဘာဖြစ်နေ မသိပါ။ ဆီဆွတ်၊ အရက်ဆွတ်လို့ရေးသင့်။ 

၂။ မင်္ဂလာပါဆရာ။ စွပ်နဲ့ စွတ်နဲ့ အသံတူတာလား ရှင်းပြပေးပါဆရာ။ ကျမတို့သူငယ်ချင်းတွေအငြင်းပွားနေကြလို့ပါ။

ဆွတ်
ဆွတ်ခူး
ဆွတ်ဆွတ်ကြင်
ဆွတ်ဆွတ်ဖြူ
ဆွတ်ဆွတ်ဖြူ
ဆွတ်ဆွတ်လွတ်လွတ်
ဆွတ်ပျံ့
ဆွတ်ဖျန်း
ဆွတ်သူ
ဆွတ်ခြွေ
ဆုတ်ဆွတ်
ဖက်ဆွတ်ပင်
ဖက်ဆွတ်မိုး
ဖက်ဆွတ်ရေ
လွမ်းဆွတ်
ချွေးဆွတ်
ရေဆွတ်
ရေမွေးဆွတ်

စွတ်
စွတ်ခနဲထွက်သွား
စွတ်စွတ်ရွတ်ရွတ်လုပ်သည်
စွတ်စိုနေသည်
စွတ်ဖါးလှည်း
စွတ်လုပ် (ဇွတ်လုပ်)
စွတ်ကြောင်း
စွတ်ပြော (ဇွတ်ပြော)
နီနီစွတ်စွတ်
ခြည်ခင်စွတ်ငှက်
ဝက်မစွတ်မြို့စား

စွပ်
ကွင်းစွပ်
စြပ္က်ယ္အက်ႌ
စွပ်စွပ်မြည်သံ
စွပ်စွဲသည်
စွပ်တံ
စွပ်ပြုတ်ဟင်းချို
စွပ်လိုက်ချွတ်လိုက်
ပန်းကုံးစွပ်
ယိုးစွပ်သည်
လက်စွပ်
လှံစွပ်
ဝင်ကစွပ်ကောင်
ခေါင်းမှာစွပ်
ခြေစွပ်

ခပ်ပေါပေါ့ ရောထွေးပြောကြပေမယ့် စွတ်အသံထွက်နဲ့ စွပ်အသံထွက်မတူပါ။ သတိထားထွက်သင့်ပါတယ်။ 
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး