ဝသန်ကာလ ကျောင်းဆရာမ

ပွင့်ပွင့်လင်းလင်းပြေရလျှင် သင်တဲ့ဆရာဆရာမတွေကိုယ်တိုင် ဇဝေဇဝါရယ်။ ကျွန်တော့်တပည့်က ဝသန်လို့ ရေးတယ်။ ကျောင်းကဆရာမက မင်နီဝိုင်းတယ်။ မှားတယ်ပေါ့။ စာစီစာကုံးမှာ။ ဒီတော့ ဘယ်လိုခရီးဆက်မလဲ။ ဒါက မြင်သာအောင်ပဲပြောတာ။ အများကြီးပဲ ဆရာရေ။ ကျောင်းဆရာမက သကို ဿမှ မှန်သတဲ့။

ဝသန်ကာလ မိုးကျတည့်လျှင်
ပျော်ပျော်ပါးပါး မယားနှင့် ဆွေငယ်လင်
လက်တွဲငယ်ခြေငင် ကိုယ်တွင်အဝတ်
ပုဆိုး အင်္ကျီ စုတ်ပြဲပြီ
ချည်နီဗေါင်း တွတ်တွတ်ကယ်နှင့်လေး။

မိုးရေစွတ်လို့  အဝတ်ကယ်မပါ
သားသ္မီးကို ကိုယ်ထီးပွေ့လို့သာ
ဆေးတံတထွာ ကိုက်ကာထွန်ရင်း
လယ်ကွက်ကယ်တခွင် ထွန်ရေးငင်
ရေဝင် ပုစွန်တွင်းငယ်နှင့်လေး။

ဖားပေါင်စင်းငယ် ခြင်းပလိုင်းဝယ်
ခရုပိလော ရောနှော၍သာလွယ်
ဟင်းရွယ်ကယ်နုနယ် တသွယ်ကန်စွန်း
ဆူးပုပ်ကယ်ကင်းပုံ အလုံးစုံ
ဖူးငုံသာရော၍ ပြွမ်းသည်နှင့်လေး

ချိုလည်းချိုလွန်း ရည်ရွှမ်းများစွာ
ကြံ့ဟင်းကြွက်နားပေါင်း သောင်းပြောင်းရော၍သာ
အိမ်သို့ရောက်ခါ လျင်စွာချက်ပြုတ်
ထမင်းကပူ ဟင်းကပူ
ရှူရှူသာ ရှမ်းငရုတ်ကယ်နှင့်လေး။

အလုပ်ကယ်ဧရာသာ ငုံ့ကာလွေးတော့သည်
သားမြေးငယ်မာချာ ဘယ်ညာထွေးတော့သည်။ (ဝန်ကြီးပဒေသရာဇာ)

သန်
ကကုသန်ဘုရား
ကျွမ်းသန္တာလန်
ငသန်ချိတ်ငါး
စိတ်သန္တာန်
ထွန်သန် လှည်းသန်
ဓါးသန်လျက်
နားသန်သီး
ပဋိသန္ဓေ
ပိုးနသန်ကောင်
ဘူမိနက်သန်
မင်းဝေသန်
မရဏသန်
မိုးဝသန် = မိုဃ်းဝသန်
ရည်သန်
ဝသန်ကာလ
ဝသန္တဥတု
သံသယ
သဏ္ဌာန် = သဏ္ဌာန = လုံးရပ် ပုံ အသွင်အပြင်
သန်ချဆေး
သန်စွမ်း
သန်ဘက်ခါ
သန်ယံ = သန်ကောင်ယံအချိန်
သန်မြန်
သန်လျှက်ပင်
သန်လျှက်တောငရဲ
သန်လျက်ခုံ
သန်လျက်ဓား
သန်လျင်းချိတ်
သန်လျင်းထမ်းစင်
သန်သန်မြန်မြန်
သန်ကောင်ယံအချိန်
သန်ကောင်ရောဂါ
သန္ဓေ = ဖလား ခွက်
သန္ဓေတားဆေး
သန္ဓေကောင်း
သန္တေ = အစင်ဆေးကြေားသုတ်သင်သည်
သန္ဓိ = စပ်ခြင်း
သန္နိဋ္ဌာန်
သန္နိပတ်ငန်း
သန္နိပါတ်နာ
သန္တာန် = သန္တာန = အစဉ်အဆက်
သန္တာကျောက်တန်း
အားသန်
ဧသန်အရပ်
နွေကျွန်းသန်ကာ

ဝသန္တဥတု
ဝဿန်ဥတု
ဝဿန္တဥတု လို့ဖေါ်ပြတဲ့စာအုပ်ကို တယောက်ကပို့ပေးပါတယ်။ ကျေးဇူး။

ဒေါက်တာတင့်ဆွေ
၆-၁၁-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး