ပေလေးပင် ရှင်လေးပါး

၁။ ပေလေးပင်ရှင်လေးပါးအကြောင်း သိချင်ပါတယ်။

၂။ မြန်မါစါ့နှင့်အေါင်တဲ့သူ (သို့မဟုတ်)စါပေသမိုင်းသိသူ ဆရာတဆူရှာပြီးမေး။ စါကြည့်တိုက်မှာသွားမေးငှါးပြီးဖတ်။

ကျွန်တော်က မြန်မာစာမေဂျာကျောင်းသား မဖြစ်ခဲ့ပါ။ စိတ်ဝင်စားတော့ အိုဘီကျောင်းသားဆီက ငှားဖတ်တယ်။ ဟောပြောတာတွေ သွားနားထောင်တယ်။ အဲတာတွေမလုပ်နိုင်တာကြာပြီ။ စိတ်ဝင်စားမှုကတော့ ပိုလာတယ်။

ပေလေးပင်ရှင်လေးပါးကို ခုနစ်တန်းကျောင်းသာကတည်းက သိထားတယ်။ ဘွဲအမည်တွေတော့ ရှင်ဥတ္တမကျော်နဲ့ ရှင်မဟာသီလဝံသ နှစ်ပါးသာ အလွတ်ရတယ်။ ရှင်အုံးညိုနဲ့ ရှင်ခေမာကို ပြန်ရှာရတယ်။ မိုးညှင်းမင်းလက်ထက်မှာ ပေါ်ထွန်းခဲ့တဲ့ တောင်တွင်းကြီးဇာတိစာဆိုတွေ ဖြစ်ကြတယ်။ ကျွန်တော်မမွေးခင် နှစ် ၅ဝဝ လောက်ကပါ။ ရှင်ဥတ္တမကျော် (၈၁၅ - ၉၀၄)၊ ရှင်အုန်းညို (၈၁၅ - ၈၉၀)၊ ရှင်မဟာသီလ၀ံသ (၈၁၅ - ၈၈၀) နဲ့ ရှင်ခေမာ (၈၁၅ - ၈၆၅)။

မြို့လုလင်ရွာသား မောင်ဥက္ကာခေါ် ရှင်ဥတ္တမကျော်၊ မြို့လုလင်ရွာသား မောင်ညိုခေါ် ရှင်မဟာသီလဝံသ။ ကျန်နှစ်ပါးက သတိုးထမ်းရွာနဲ့ မကျည်းယောင်ရွာသားတွေဖြစ်ကြတယ်။

သက္ကရာဇ် ၈ဝဝ ပြည့်နှစ် အဝဘုရင် မိုးညှင်းမင်းတရားလက်ထက်တော်၌ တောင်တွင်းကြီးမြို့တွင် ထုးကဲစွာ တဘောင် ပေါ်လာသည်ကာ့း့

ဘုရားရှစ်သောင်း၊ လေးထောင်ဆောင်း၍၊ ကိန်းအောင်းစံရန်၊ ဓမ္မခန်သည်၊ သံထောင်ဖြိုးမြင့် စွင့်လိမ့်လေး၊ အကိုက်လေးဖော်၊ မြေမှပေါ်သော်၊ ရှင်ကျော်လေးဦး၊ ခူးလိမ့်လေး၊ ခူးလည်းခူးလတ္တံ့၊ ကူးလည်းကူးလတ္တံ့၊ မြူးလည်းမြူး လတ္တံ့။

အင်းဝခေတ်မတိုင်မီ ပင်းယခေတ်မှာ စတုရင်္ဂဗလအမတ်ကြီးက ရတုတွေရေးသားခဲ့တယ်။ အင်းဝခေတ်မှာလည်း တခြားစာဆိုတွေရှိသေးတယ်။ အဒူမင်းညို၊ ရခိုင်မင်းသမီး၊ ရှင်သူရဲ၊ သခင်ထွေး၊ ရှင်ထွေးညို၊ ကန်တော်မင်းကျောင်း ဆရာတော်၊ ရှင်တေဇောသာရ၊ ရှင်အဂ္ဂသာမိ၊ ရှင်ဣန္ဒဂုတ္တ၊ မိညိုနှင့် မိဖြူ။

တောင်ငူခေတ်မှာ ရှင်ထွေးနာသိန်၊ ပြည်နဝဒေးကြီး၊ ဗညားဓလ၊ မဟာပညာကျော်၊ ရဝေရှင်ထွေး၊ နတ်သျှင်နောင်၊ မင်းဇေယျရန္တမိတ်၊ ရှင်သံခို။

ညောင်ရမ်းခေတ်
တောင်ဘီလာဆရာတော်၊ ရှင်ကရဝိက၊ ဦးကုလား၊ ပဒေသရာဇာ၊ ဦးအောင်ကြီး။

ကုန်းဘောင်ခေတ်
ဦးသြ၊ လက်ဝဲသုန္ဒရ၊ ဝဏ္ဏဓမ္မကျော်ထင်၊ ရွှေတောင်နန္ဒသူ၊ ဦးဖျော်၊ ရွှေတောင်နန္ဒမိတ်၊ ဦးညို၊ ဦးတိုး၊ ဦးယာ၊ ကျည်းကန်ရှင်ကြီး၊ အရှင်ဥက္ကံသမာလာ၊ ဦးသြဘာသ၊ ဝက်မစွတ် နဝဒေး၊ ဦးအောင်ဖြိုး၊ ဦးရောက်ကြီး၊ မုံရွေးဆရာတော်၊ မြဝတီမင်းကြီးဦးစ၊ ဖိုးသူတော် ဦးမင်း၊ လူ ဦးမင်း၊ မမြလေး၊ ဦးရွှန်း၊ ဦးကြင်ဥ၊ ဦးရွှေခြည်၊ လှိုင်ထိပ်ခေါင်တင်၊ စလေ ဦးပုည၊ ကင်းဝန်မင်းကြီး၊ မန်လည်ဆရာတော်၊ လယ်တီဆရာတော်။

စာရင်းက ဦးဖေမောင်တင်ပြုစုတဲ့ မြန်မာစာပေသမိုင်းထဲကဖြစ်ပါတယ်။

ပေပင် = Corypha umbraculifera (Talipot Palm)

ဒေါက်တာတင့်ဆွေ
၁၈-၁၁-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး