ဆုပ် ဆုတ် စုပ် စုတ် စုက်

သမီးကအပျိုပါ။ အသက်၂၈ နှစ်ရှိပါပြီရှင်။ ရာသီလာတိုင်း ဆွဲစုတ်ထားသလိုခံစားနေရလို့

ဆွဲဆုပ်ထားသည်လို့ ရေးသင့်တယ်။

ဆုပ်
စက်ဆုပ်သည်
ဆုပ်ကိုင်သည်
ဆုပ်နယ်သည်
ထမင်းဆုပ်
ပဆုပ်ပနီ (ပဆွပ်ပတီ) ကောင်
အနာပဆုပ်
အနုဆုပ်
ပေါက်ပေါက်ဆုပ်
ခြေဆုပ်လက်နယ်

ဆုတ်
ဆုတ်ကပ်ကာလ
ဆုတ်ခွါသည်
ဆုတ်ဖယ်သည်
ဆုတ်ယုတ်
ဆုတ်ရှောင်သည်
မဆုတ်မနစ်
လဆန်းလဆုတ်
အဝတ်ကိုဆုတ်သည်
အသည်းအဆုတ်

စုပ်
စုပ်စုပ်ထိုး
စုပ်စုပ်နစ်
စုပ်စုပ်မြုပ်
မိုးစုပ်စုပ်ချုပ်
ဝက်အူစုပ်
နေဝင်စုပ်စုပ်
ရေဝဲစုပ်

စုတ်
စက္ကူစုတ်
စုတ်စုတ်နုတ်နုတ်
စုတ်တံ
စုတ်ပဲ့သည်
စုတ်ဖွါးဖွါး
စုတ်ပြတ်သည်
စုတ်သပ်သည်
အစုတ် = အဖျား
အဝတ်စုတ်
အိမ်စုတ်
အိမ်မြှောင်စုတ်ထိုး
ဆေးထိုးစုတ်
သွေးစုတ်
နှံစုတ်ငှက်

စုက်
စုက္ကတေး
စုက်ကြီးလာဘ်ကြီး

ဒေါက်တာတင့်ဆွေ
၈-၁၁-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး