စိုင်းထီးဆိုင်သီချင်းများ
သို့မဟုတ် ဦးထီးဆိုတာ ကျွန်တော့ရွာသားတယောက်အမည်လား
ဆရာ ဦးထီး ဆိုထားတဲ့ ဒီသီချင်းလေးရဲ့အမည်လေးများ သိ့လို့ရမလား အရင်တခါ လာတုန်းက မှိုင်းညို့တဲ့နွေ နေပူထဲမှာပေါ့ အညိုရောင်မြင်ကွင်းနဲ့
ကျွန်တော်က တေးဂီတမှာ အတော်ကိုညံ့တယ်။ မေးလို့သာ ဝီကီကနေကူးဖြေပါတယ်။ ပြောလိုတာ ရှိလို့ပါ။
အနုပညာရှင်တွေ စာပေပညာရှင်တွေတိုင်းမှာ အမည်ကိုယ်စီရှိကြတယ်။ သူတို့ကိုယ်တိုင် အသေအချာ ရွေးထားကြတဲ့ အမည်တွေဖြစ်တယ်။ ဒေါက်တာသန်းထွန်းသာ စာအုပ်ထုတ်သူတွေကနေ ဒေါက်တာထည့်ပေးတာ။ အဲလိုအမည်တွေကို မပြင်ရပါ။ ဦးတွေ ဒေါ်တွေမထည့်ရပါ။ စော်ကားရာကျတယ်။ စိုင်းထီးဆိုင်ကို တလုံးတလေမှ မပြင်ပဲ ခေါ်အပ်တယ်။
နောက် အမျိုးစပ်ပြီးလည်း မခေါ်အပ်ပါ။ တချို့က ဘဘ တဲ့။ အဘ တဲ့။ အမေ တဲ့။ ကိုယ်နဲ့ အမျိုးတော်နေရင်လည်း အဲတာကို သူများတွေက သိချင်မှသာသိမယ်။
ဦးထီးဆိုတာ ကျွန်တော့ရွာက တောသားတယောက်အမည်လားလို့ စဉ်းစားမိစေတယ်။ ဆောရီး။
စိုင်းထီးဆိုင်သီချင်းများ
သဘာဝ (၁၉၇၃)
နွေရာသီ (၁၉၇၄)
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ (၁၉၇၅)
နန်းခမ်းနွဲ့အတွက် သီချင်းတပုဒ် (၁၉၇၆)
စိတ္တဇအလွမ်း (၁၉၇၇)
ကျေနပ်ပါတော့ (၁၉၇၈)
အိပ်စက်အနားယူပြီ (၁၉၇၈)
နွေနံနက်ခင်း (ဇူလိုင်၊ ၁၉၈၀)
သဘာဝရဲ့ ရင်သွေးငယ် (၁၉၈၁)
ဥပေက္ခာ လောကသား (မတ်၊ ၁၉၈၁)
လူကြမ်းမင်းသား (၁၉၈၁)
အမှတ်တရ သီချင်းများ (ဇူလိုင်၊ ၁၉၈၂)
ရန်ကုန်မှာ သာတဲ့လ (ဇူလိုင်၊ ၁၉၈၂)
ပလက်ဖောင်းမင်းသား (၁၉၈၃)
ကိုယ့်အချစ်နဲ့ အရာရာကို အကောင်းအတိုင်းဖြစ်စေမယ် (စက်တင်ဘာ၊ ၁၉၈၄)
ရေဒီယိုကမာရွတ် (၁၉၈၅)
ချစ်အာမခံ (၁၉၈၅)
မောင့်အရိုင်းပန်း (၁၉၈၅)
သခင့်ဆီ အပြေးပြန်လာမည် (၁၉၈၆)
လေညာအရပ်က အချစ် (ဇန်နဝါရီ၊ ၁၉၈၆)
ဘဝမီးအိမ် (၁၉၈၇)
ဝေးလုခါ ဝေးနေချိန် (၁၉၈၈)
ရတနာ (ဇန်နဝါရီ၊ ၁၉၈၉)
အားလုံးကိုပျော်စေချင်ခဲ့သူ (ဩဂုတ်၊ ၁၉၈၉)
အချစ်ဆုတောင်း (၁၉၉၀)
အချစ်ဖိတ်စာ (၁၉၉၀)
ခြင်္သေ့လည်ပြန် (၁၉၉၀)
ဒီဇင်ဘာညတည (ဧပြီ၊ ၁၉၉၁)
ချစ်အားနည်းမှ ချစ်အားကြီး (စက်တင်ဘာ ၁၉၉၁)
လွယ်လွယ်နဲ့ မဖြစ်ဘူး လေးညှို့ရှင် (စက်တင်ဘာ ၁၉၉၁) (ခင်မောင်တိုး)
ဝမ်းရေး (၁၉၉၁) (မီမီဝင်းဖေ)
အတ္တစိတ်ကူး (ဧပြီ၊ ၁၉၉၃)
မတောင်းဘဲ ပြည့်တဲ့ဆု (ဇန်နဝါရီ၊ ၁၉၉၄)
လက်ရည်တပြင်တည်း (၁၉၉၄) (ဟေမာနေဝင်း)
မေတ္တာဂုဏ် (ဟေမာနေဝင်း)
တမူးရှိလို့ တပဲလှူ (၁၉၉၄)
မှာသူတယောက်၊ လာသူတယောက် (အောက်တိုဘာ၊ ၁၉၉၄) (မီမီဝင်းဖေ)
မိုးလုံးပတ်လည် (၁၉၉၄)
ငယ်ချစ်ဦး (ဇူလိုင်၊ ၁၉၉၄)
ဆုံးဖြတ်လိုက်ပါ၊ ဆုံးဖြတ်လိုက်ပြီ (ဩဂုတ်၊ ၁၉၉၅) (ဆွတ်ကျဲအို)
ချယ်ရီကိုသာ ပန်ပါကွယ် (ဩဂုတ်၊ ၁၉၉၅)
ငယ်ကျွမ်းဆွေနှင့် ရွှေရုပ်ရှင်သီချင်းများ (စက်တင်ဘာ ၁၉၉၅) (ဟေမာနေဝင်း)
အချစ်မျဉ်းပြိုင် (၁၉၉၅) (မေဆွိ)
ကိုယ်တယောက်တည်းကျန် (ဒီဇင်ဘာ ၁၉၉၅)
ကျွန်တော်ချစ်သော မှုံရွှေရည် (၁၉၉၆)
ပျံသန်းခြင်း မိုးကောင်းကင် ၁+၂ (မတ်၊ ၁၉၉၆)
အရိုင်းမာယာရှင် (စက်တင်ဘာ၊ ၁၉၉၆)
အနီးဆုံးသွေး၊ အဝေးဆုံးလူ
ရတနာနှင့် ခေါင်းစီးတေးများ
ချစ်ခြင်းရဲ့ အဖော်မွန် (ဧပြီ၊ ၁၉၉၇)
သင်္ဘောသားတယောက် အကြောင်း
အာသီသ (၁၉၉၇)
အစစ်အမှတ် (နန်းနောင့်နောင့်)
အမြတ်နိုးဆုံး (နှင်း၊ မေဆွိ)
အမေနေ့ (ဇန်နနဝါရီ ၁၉၉၈)
လေတံခွန်မလေး (၁၉၉၈)
သပြေညိုဆိုသော ပန်း (မတ်၊ ၁၉၉၈)
မြဲနေသေးတဲ့ လက်တွဲတခု (ဇူလိုင်၊ ၁၉၉၈) (မီမီဝင်းဖေ)
လိမ္မော်ချိန်
အချစ်ဂဟေ (၂၀ဝ၀)
အကျည်းတန်ချစ်သူ (ဇွန်၊ ၂၀ဝ၀)
သုံးရာသီ (ဇွန်၊ ၂၀ဝ၀)
ရခွင့် (စက်တင်ဘာ၊ ၂၀ဝ၀)
သုံးပန်လှ (ဒီဇင်ဘာ၊ ၂၀ဝ၀)
ဒီဇင်ဘာ နံနက်ခင်း (ဒီဇင်ဘာ၊ ၂၀ဝ၀)
နံနက်ခင်းပေါင်းများစွာ (၂၀ဝ၂)
တယောက်သောသူ အနမ်း (စက်တင်ဘာ၊ ၂၀ဝ၄)
တောင်တန်းမြေမှ တေးမှတ်တမ်း (ဇန်နဝါရီ၊ ၂၀ဝ၆)
ပါရမီရှင် (ဇန်နဝါရီ၊ ၂၀ဝ၇)
အက်ဆစ်တစက် နှင်းတစက်
တွဲဖက်ကောင်း (နန်းခမ်းနွဲ့လိတ်)
သီချင်းခေါင်းစဉ်နဲ့ စာသားတွေကိုလည်း မပြင်ကောင်းပါ။ စိုင်းခမ်းလိတ်ရေးပြီး စိုင်းထီးဆိုင်ဆိုတဲ့ လွယ်ဆမ်ဆစ်သို့ တောင်းပန်ခြင်းမှာ တစ်တွေနဲ့ မရေးတာကို တင်ပြပါတယ်။
တကယ်စူးနေပြီကော လွန်ခဲ့သူ
ငါတယောက်လဲ ရူးမတတ်ဖြစ်ပြီ
ပြန်မရောက်မယ့် လူတယောက်ကို မျှော်လင့်မယ့်အစား
ပညာပိုင်းဆိုင်ရာမူပိုင်ခွင့်ကို လေးစားသင့်ကြပါတယ်။
ဒေါက်တာတင့်ဆွေ
၁၁-၃-၂ဝ၁၉

Comments
Post a Comment