ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲ


ကွန်မင့်တခုရတယ်။ ဦးနေဝင်းက တိုင်းပြည်မွဲအောင်တင်မကဘူး သတ်ပုံပါ လွဲအောင်လုပ်သွားတာ။ သတ္တိရှိရှိနဲ့ပြင်မည့် ပညာရှင် ပေါ်စေချင်ပါသည် တဲ့။ ကျေးဇူး။

ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲ စကားပုံရှိတယ်။

ဗခက နေဝင်းက ၂-၃-၁၉၆၂  မှာ အာဏာသိမ်းတယ်။ ၁၉၆၄ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့ ကျောင်းသုံးစာအုပ် ကော်မတီအစည်းအဝေးကို တော်လှန်ရေးကောင်စီဥက္ကဋ္ဌရုံးမှာ ကျင်းပတယ်။ ဥက္ကဋ္ဌကြီးက အသံကိုရေးတဲ့အခါ အမှန်ရေး။ စည်းကမ်းဆိုတာ အတိအကျရှိရမယ်။ စကားတလုံးနှင့် ခုနစ်နှစ်ငြင်းနေလို့ ဘယ်ဖြစ်မလဲ။ နောက်ဆုံးတော့ တခုခုကို ပညတ်ရမှာပဲ။ မူကိုဦးစွာချပါ စသဖြင့်ပြောတယ်လို့ မှတ်တမ်းမှာ တကိုစမသတ်ပဲရေးထားတယ်။

၁၉၇၈ ခုနှစ် ဇန်နဝါရီလထုတ် မြန်မာစာ စာလုံးပေါင်းသတ်ပုံကျမ်း နိဒါန်းမှာ ထိုကော်မရှင်သည် အစိုးရရုံးသုံး စံ မြန်မာ ရေးထုံးကျမ်းတစောင် ပေါ်ထွက်လာရေး လုပ်ငန်းတရပ်ကိုလည်း ဆောင်ရွက်ရမည်ဟု ဥက္ကဋ္ဌကြီးက ထပ်မံညွှန်ကြား သတ်မှတ်ပါသည်လို့ တကို စမတ်ပဲရေးထားတယ်။

မယ်ဘော်တွေ ပေါ်လာတယ်။ မြန်မာစာအဖွဲ့။ တဝမ်းပူမှန်သမျှ ၉၀% လောက်ကို စသတ်ခိုင်းတယ်။ ကနေ့ အဲတာက နိုင်ငံတော်မူ။

မယ်ဘော်တို့တိုင်းပြည်မှာ မယ်ရှော် ခေါ် ကျွန်တော်တို့ နေထိုင်ကြရတယ်။

ဒေါက်တာတင့်ဆွေ
၁၄-၁-၂၀၂၀

Comments