Elections in the United States အမေရိကန် ရွေးကောက်ပွဲများ (၂)

အပိုင်း (၄) ပိုင်း ခွဲပြီး ရေးပါမယ်။

အပိုင်း (၂/၄)

Eligibility မဲပေးခွင့်ရှိသူ
ဖွဲ့စည်းပုံမှာ ပါတယ်။ ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသား၊ ကျား-မ အသားရောင် လူမျိုးစု မခွဲခြား မဲပေးခွင့်ရှိသည်။ တချို့ပြည်နယ်တွေမှာ ရာဇဝတ်မှုအတွက် မဲပေးခွင့် မပြုတာရှိတယ်။ အဲလိုလူပေါင်း ၅့၃ သန်းရှိတယ်။

Levels of election မဲပေးရွေးချယ်ပွဲ အဆင့်ဆင့်
Federal elections ဖက်ဒရယ်ရွေးကောက်ပွဲစနစ်ကျင့်သုံးတယ်။ အုပ်ချုပ်ရေးအတွက်နဲ့ ဥပဒေပြုရေးအတွက် ခွဲခြားပြီး ရွေးချယ်တယ်။ သမတကို တပြည်လုံးမှာ တရက်တည်းမှာ ရွေးတယ်။ ကွန်ဂရက်အမတ်တွေကိုတော့ အချိန်မတူတာမှာ ရွေးနိုင်တယ်။ သမတကို ၄ နှစ်တခါ၊ အမတ်တွေကို ၂ နှစ်တခါ၊ တူနေရင် တပြိုင်တည်းမှာ မဲပေးရတယ်။

၁။ House of Representatives က အနည်းဆုံးအသက် ၂၅ နှစ်ရှိရမယ်။ ယူအက်စ်အေနိုင်ငံသားဖြစ်ရမယ်။ သူကိုယ်စားပြုတဲ့အရပ်မှာ တရားဝင် အနည်းဆုံး ၇ နှစ်နေထိုင်သူဖြစ်ရမယ်။

၂။ Senators တွေက အနည်းဆုံးအသက် ၃၀ နှစ်ရှိရမယ်။ ယူအက်စ်အေနိုင်ငံသားဖြစ်ရမယ်။ သူကိုယ်စားပြုတဲ့အရပ်မှာ တရားဝင် အနည်းဆုံး ၉ နှစ်နေထိုင်သူဖြစ်ရမယ်။

၃။ သမတနဲ့ ဒုသမတတွေဟာ အသက် အနည်းဆုံး ၃၅ နှစ်ရှိရမယ်။ ယူအက်စ်အေမှာမွေးတဲံ နိုင်ငံသား ဖြစ်ရမယ်။ ၁၄ နှစ်တရားဝင်နေထိုင်သူဖြစ်ရမယ်။ တခြားနိုင်ငံတခုကနေလာပြီး နိုင်ငံသားဖြစ်သူတွေ သမတ နဲ့ ဒုသမတ ဖြစ်ခွင့် မရှိ။

Features of the election system ထူးခြားချက်များ
ဗဟိုထိန်းချုပ်မှု ကင်းခြင်း
ရွေးကောက်ပွဲကို ဖက်ဒရယ်အစိုးရကနေ ဦးစီးမကျင်းပပါ။ ပြည်နယ်တွေကသာ ဆောင်ရွက်ကြရတယ်။ ဖွဲ့စည်းပုံ၊ ဖက်ဒရယ်၊ ပြည်နယ်နဲ့ ဒေသ ဥပဒေ၊ စည်းမျဉ်းတွေကို လိုက်နာရတယ်။ အချုပ်ကတော့ ဗဟိုထိန်းချုပ်မှု နည်းတယ်။

Secretary of state အရာရှိဟာ ပြည်နယ်တဝက်လောက်မှာ ရွေးကောက်ပွဲအတွက် တာဝန်အရှိဆုံးဖြစ်တယ်။ ကျန်ပြည်နယ်တွေမှာ သီးခြားခန့်ထားတယ်။ တချို့မှာ ကော်မရှင်။ Secretary of state ဆိုတာ ဖက်ဒရယ်အစိုးရမှာတော့ နိုင်ငံခြားရေးဝန်ကြီးဖြစ်တယ်။ ပြည်နယ်တွေမှာတော့ အတွင်းဝန်သဘောလို့ ပြောရမယ်။

ရွေးကောက်ပွဲ အသုံးစရိတ်
ရွေးကောက်ပွဲငွေကြေးသုံးစွဲမှုဥပဒေရှိတယ်။ ကင့်ပိန်းဘဏ္ဍာရေး အမြဲတန်းအငြင်းပွါးရတယ်။ အဂတိလိုက်စားမှုကို ရှာကြတယ်။ ပုဂ္ဂလိကတည့်ဝင်ငွေဆိုတာ အတိုင်းအဆမရှိ များနိုင်တယ်။ Federal Election Commission (FEC) ဆိုတာ လွတ်လပ်တဲ့ ကင့်ပိန်းငွေကြေးကို ကြီးကြပ်တဲ့အဖွဲ့ဖြစ်တယ်။ ၁၉၇၄ မှာစတင်တယ်။ ၂၀၁၆ သမတရွေးကောက်ပွဲမှာ ဟယ်လရီကလင်တန်က သန်း ၇၀၀ နဲ့ ဒေါ်နယ်ထရမ့်က သန်း ၄၀၀ ရခဲ့တယ်။

Voter registration မဲပေးရန်မှတ်ပုံတင်ခြင်း
ဖက်ဒရယ်အဆင့်မှာရော ပြည်နယ်အဆင့်မှာ လုပ်ခွင့်ပါရှိတယ်။ ပြည်နယ်အဆင့်မှာ များများဆောင်ရွက်တယ်။ တချို့ပြည်နယ်တွေမှာ ကနေ့မှတ်ပုံတင် ကနေ့မဲပေးလို့ရတယ်။ တချို့ပြည်နယ်တွေမှာ ပါတီအမည်ပါစာရင်း ပေးလို့ ရတယ်။ ပါတီဝင်ကြေးပေးနေသူဖြစ်ရန်မလို။

မဲပေးနည်း
1. First past the post (FPTP) အရင်ဆုံး သတ်မှတ်ချက်ကိန်းဂဏန်းရသူနိုင်စေ။ ထက်ဝက်ကျော် ဟုတ်ချင်မှ မဟုတ်မယ်။
2. Two-round system (TRS) နှစ်ကြော့ပြန်မဲပေးနည်း။ အဲဒီနည်းကို အများဆုံးသုံးတယ်။ ပြိုင်သူတယောက်မှ သတ်မှတ်မဲ အရေအတွက် မရလို့ ထပ်ပြိုင်ရတာ။
3. Instant-runoff voting (IRV) နည်း
4. Louisiana primary နည်း
5. Nonpartisan blanket primary နည်း။

Absentee voting လူမလာပဲ မဲပေးခြင်း
စာတိုက်ကနေထည့်ရတယ်။ တချို့နေရာတွေမှာ ဖက်စ်၊ အီးမေးလ်နဲ့ ပေးလို့ရတယ်။ အများအားဖြင့် ဘာကြောင့် လူကိုယ်တိုင်မလာနိုင်သလဲ အကြောင်းပြရန် မလို။

Early voting ကြိုတင်မဲပေးခြင်း
၃၃ ပြည်နယ်မှာ ခွင့်ပြုထားတယ်။

Voting equipment မဲပေးကရိယာ
စက်ကရိယာသုံးတယ်။ optical scan voting machines သို့မဟုတ် DRE voting machines သုံးတယ်။

ဒေါက်တာတင့်ဆွေ
၁-၈-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး