Welcome To Mandalay ကြိုဆိုပါ၏

ဒီကွန်မင့်ကလည်း ဘုန်းတော်ကြီးတပါးဆီက ဖြစ်ပါတယ်။

မြို့က မကြိုဆိုတတ်။ မြို့မှာ ကြိုဆိုတတ်သော ကတ္တားသတ္တိ မရှိ။ ထို့ကြောင့် ကတ္တားထည့်၍ ရေးလျှင် (ငါတို့သည် ရန်ကုန်မြို့သို့ ဝင်လာသူတိုင်းကို ) ရန်ကုန်မြို့မှ ကြိုဆိုပါ၏ဟု ယူရမည်သာဖြစ်၍ ရန်ကုန်မြို့မှ ကြိုဆိုပါ၏ ဟူသော စကားလည်း မမှားပါပေ။ အဘယ်ကြောင့်နည်း။ ကတ္တားပုဒ်နှင့် ကံပုဒ်တို့ကို ဖျောက်၍ ရေးထားခြင်း ဖြစ်သောကြောင့်ပါတည်း။ က ကို မနှစ်သက်ပါ။

တင်ပါ့။ ကွန်မင့်အလိုအရဆိုရင် မြို့နေသူတွေကနေ ကြိုဆိုတာဖြစ်တယ်။ ဆိုင်းဘုတ်အလိုအရကတော့ မြို့ဆိုတဲ့ နေရာဒေသက ကြိုဆိုတာ။ မြို့မှာရှိတဲ့ မြို့နေသူတွေသာမက မြို့ဂုဏ်အင်္ဂါတွေလည်း ပါဝင်တယ်။ ဘုရားတွေ၊ အဆောက်အဦတွေ၊ ပန်းခြံတွေ၊ ဆိုင်တွေ စသဖြင့်ပါဝင်တယ်။

စာဖတ်ပြီး စာသင်ယူ ဟောပြောနေကြတဲ့ ဘုန်းတော်ကြီးတွေနဲ့ အပြန်အလှန်ရေးသားရတာ ကောင်းတယ်။ တချို့က မျက်စိမှိတ်ငြင်းကြတယ်။ အချိန်ကုန်တယ်။ ကျွန်တော်က အကုန်သိတတ်သူ မဟုတ်ပါ။

တပည့်တော်လည်း မနှစ်သက်ပေမဲ့ ငှက်ဖျားဖြစ်ရင် အလွန်ခါးတဲ့ဆေး သောက်ရပါတယ်ဘုရား။

အသက်က စကားပြောတယ်လို့ ပြောလေ့ရှိတယ်။ အသက်ဆိုတာ စိတ္တဇနာမ်။

အလှူမဏ္ဍပ်အဝင်ကနေ လှလှပပဝတ်စားထားတဲ့ မိန်းကလေးတွေကနေ ကြိုဆိုကြပါတယ်။ လူနဲ့ သက်ရှိတွေမနေတဲ့ လကမ္ဘာကနေ အပိုလို ၁၁ ကို ကြိုဆိုတယ်လို့ ပြောရင် မမှားလောက်ပါ။

ဒေါက်တာတင့်ဆွေ
၂-၈-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ