HIV and AIDS drugs (2) ခုခံအားကျရောဂါ ဆေးတွေ (၂)

HIV နဲ့ AIDS ကို ကုသပေးတဲ့ဆေးတွေ အားလုံးဟာ ပိုးရှိနေတာရော၊ ရောဂါကိုပါ ပျောက်အောင် ကုနိုင်သေးတာ မဟုတ်ပါ။ ရောဂါ ဆိုးရမလာအောင် နှစ်တွေနဲ့ချီပြီး တားထားပေးမယ်။ ဆေးတွေကို နေ့တိုင်း တသက်တာ သောက်နေရပါမယ်။ ကိုယ်ထဲက HIV ပိုး အရေအတွက်ကို နည်းစေမယ်။ ခုခံအားကျနေတာကို သက်သာစေမယ်။ ဒီပိုးကြောင့် ရောဂါရထားတာတွေလဲ သက်သာလာစေမယ်။

ဆေးတွေကို Antiretrovirals, ARVs နဲ့ Anti-HIV or anti-AIDS drugs လို့ခေါ်ကြတယ်။ ဆေး တမျိုးမက သောက်ရတာကို ဆေးတွဲခေါ်တယ်။ ဆေးတွဲ ၃ ခုမက သောက်ရတာမျိုးကို Highly Active Antiretroviral Therapy (HAART) လို့ ခေါ်တယ်။

ဆေးတမျိုးထဲမက ဘာလို့ ပိုသောက်ရသလဲ။ တမျိုးထဲ သောက်ရင် ပိုးတွေက ဆေးယဉ်ပါးစေနိုင်တယ်။ လိုအပ်ရင် ဆေးတွဲပြောင်းရတတ်တယ်။ ကနေ့အထိ အသိအမှတ် ပြုထားပြီး ဆေးအမယ်ပေါင်း ၂ဝ ကျော်ရှိနေပြီ။ ဒါပေမဲ့ အားလုံးကို တရားဝင် လိုင်စင်ထုတ်ပေးထားတာ မဟုတ်ပါ။

ဆေးအတွဲ ၅ ခု၊
1. Nucleoside/Nucleotide Reverse Transcriptase Inhibitors = NRTIs, Nucleoside Analogues, Nukes
First approved to treat HIV = 1987 ကတည်းကစသုံးနေခဲ့တယ်။
How they attack HIV ဆေးကနေ HIV ပိုးကို ဘယ်ပုံဘယ်နည်းသက်ရောက်သလဲ = NRTIs interfere with the action of an HIV protein called reverse transcriptase, which the virus needs to make new copies of itself.

2. Non-Nucleoside Reverse Transcriptase Inhibitors = NNRTIs, non-nucleosides, non-nukes
First approved to treat HIV = 1997 ကတည်းကစသုံးနေခဲ့တယ်။
How they attack HIV = NNRTIs also stop HIV from replicating within cells by inhibiting the reverse transcriptase protein.

3. Protease Inhibitors = PIs
First approved to treat HIV = 1995 ကတည်းကစသုံးနေခဲ့တယ်။
How they attack HIV ဆေးကနေ HIV ပိုးကို ဘယ်ပုံဘယ်နည်းသက်ရောက်သလဲ = PIs inhibit protease, which is another protein involved in the HIV replication process.

4. Fusion or Entry Inhibitors
First approved to treat HIV = 2003 ကတည်းကစသုံးနေခဲ့တယ်။
How they attack HIV ဆေးကနေ HIV ပိုးကို ဘယ်ပုံဘယ်နည်းသက်ရောက်သလဲ = Fusion or entry inhibitors prevent HIV from binding to or entering human immune cells.

5. Integrase Inhibitors
First approved to treat HIV = 2007 ကတည်းကစသုံးနေခဲ့တယ်။
How they attack HIV ဆေးကနေ HIV ပိုးကို ဘယ်ပုံဘယ်နည်းသက်ရောက်သလဲ = Integrase inhibitors interfere with the integrase enzyme, which HIV needs to insert its genetic material into human cells.

• NRTIs နဲ့ NNRTIs တွေကို တိုင်းပြည်အများအပြားမှာ ရနိုင်တယ်။ Fusion/entry inhibitors နဲ့ Integrase inhibitors တွေကိုတော့ ချမ်းသာတဲ့နိုင်ငံတွေမှာသာ ရနိုင်သေးတယ်။
• ဆင်းရဲသေးတဲ့ နိုင်ငံတွေမှာ ဈေးကြီးလို့ Protease inhibitors တွေနဲ့စသုံးတာ မကောင်းလှပါ။ ဘေးထွက်-ဆိုးကျိုးတွေကလဲ များ၊ သောက်ရမဲ့ဆေးကလဲ မနည်းပါ။
• ဘယ်လိုဆေးတွဲမျိုးတွေ ပေးလေ့ရှိသလဲ။ အများဆုံးသုံးတာက NRTIs ၂ မျိုး နဲ့ NNRTI ဖြစ်ဖြစ် Boosted protease inhibitor ဖြစ်ဖြစ် တွဲတယ်။ booster ဆိုတာ Ritonavir ဆေးကို နဲနဲ ရောတာကို ဆိုလိုတယ်။ တကယ် အများဆုံးသုံး ဆေးတွဲဟာ Zidovudine (NRTI) + Lamivudine (NRTI) + NNRTI efavirenz (NNRTI) ဖြစ်တယ်။
• ဆေးတပြား-တတောင့်ထဲမှာ ဆေး ၂ မျိုးရောထားတာကို Fixed dose combination လို့ခေါ်တယ်။
• ဘယ်လိုဆေးတွဲ ပေးမလဲဆိုတာ ဆေးရနိုင်တာ၊ ဆေးဈေး၊ ဆေးပြားအရေအတွက် နဲ့ ဘေးထွက်-ဆိုကျိုးတွေအပေါ်မှာ တွက်ချက်ရတယ်။ နောက်ပြီး Laboratory monitoring requirements ဆေးထုတ်ကုမ္ပဏီကနေ နောက်လိုက်လေ့လာမှုရှိသလား၊ co-blister packs ဆေးကပ်မျိုးလား၊ Fixed dose combinations ကောရနိုင်သလားဆိုတာတွေလဲ ပါသေးတယ်။
• မတိုးတက်သေးတဲ့ နိုင်ငံတွေမှာ အကန့်အသတ် အတော်ကြီးမားလှတယ်။ ဆေးရနိုင်ခြေအခက်အခဲကြောင့် ရေတိုသာ အကျိုးရစေနိုင်တယ်။
• First line therapy အရင်ဆုံးပေးတဲ့ဆေးတွေကို ပဌမဦးစားပေးဆေးတွေလို့ သတ်မှတ်တယ်။ ကြာလာရင် ဒီဆေးတွေကို HIV ပိုးက ယဉ်ပါးလာတယ်။ ဘေးထွက်-ဆိုးကျိုးကလဲ မခံနိုင်ဖြစ်လာနိုင်တယ်။
• Second line therapy နောက်ဆေးတွဲတခုပြောင်းရရင် ဒုတိယဦးစားပေးဆေးတွေလို့ သတ်မှတ်တယ်။ ဒုတိယ ဦးစားပေးဆေးတွေဆိုတာ အနည်းဆုံး ဆေးသစ် ၃ မျိုး တွဲပေးတယ်။ ဒီထဲမှာ အရင်မပေးဘူးသေးတဲ့ဆေးတမျိုးလဲပါတယ်။
• ဆေးပေးတော့မယ်ဆိုတဲ့ အဆုံးအဖြတ်ဟာ အင်မတန် အရေးကြီးတယ်။ ဆုံးဖြတ်ပြီးတာနဲ့ တသမတ်တည်း လိုက်နာရမယ်။ ဘေးထွက်-ဆိုကျိုးကို အသာထားရတယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး