HIV screening tests စမ်းသပ်နည်းများ

HIV ပိုးစမ်းသပ်နည်းတွေက အမျိုးမျိုး ခေါင်ရှုတ်စရာတော့ကောင်းတယ်။ NAAT (Nucleic acid amplification test) ကို Nucleic acid test (NAT) လို့လဲခေါ်တယ်။ အမြန်သိအောင်စမ်းနည်းဖြစ်တယ်။ Enzyme-linked immunosorbent assay (ELISA) စမ်းနည်းကို အများဆုံး သုံးကြရတယ်။

၁။ HIV Antibody Tests
HIV (အင်တီဘော်ဒီ) စမ်းသပ်နည်းကို ELISA (Enzyme-Linked Immunosorbent Assay) လို့လဲခေါ်တယ်၊ EIA (Enzyme Immunoassay) လို့လဲခေါ်သေးတယ်။ ပိုးဝင်ခံရပြီးနောက် ၂-၁၂ ပတ်အတွင်းမှာ စမ်းလို့ရတယ်။ (အင်တီဘော်ဒီ) ဆိုတာ အသင့်တာ-မတည့်တာ ကိုယ်ထဲဝင်လာရင် တန်ပြန်ခုခံတဲ့စွမ်းအားဖြစ်တယ်။ ဒါတွေ့နေရင် မသင့်တာ-မတည့်တာ ကိုယ်ထဲဝင်ထားပြီးဖြစ်နေတယ်လို့ နားလည်ရတယ်။ နောက်ဆုံးနည်းက ၃ ပတ်နေရင် စမ်းလို့ရပြီ။

IgG antibodies စမ်းတာကို ဒုတိယမျိုးဆက်စမ်းသပ်နည်းလို့ သတ်မှတ်တယ်။ IgM နဲ့ IgG antibodies တွေကို စမ်းတာကို တတိယမျိုးဆက်စမ်းသပ်နည်း ခေါ်တယ်။ နောက်ပြီး HIV antibody (အင်တီဘော်ဒီ) ကိုရော p24 antigen (အင်တီဂျင်) ကိုပါ စမ်းလို့ရတာကို စတုတ္ထမျိုးဆက်စမ်းသပ်နည်းလို့သတ်မှတ်တယ်။ (အင်တီဂျင်) ဆိုတာက ပိုး ဒါမှမဟုတ် ပိုးရဲ့သတ္တိဖြစ်တယ်။

(အင်တီဘော်ဒီ) စမ်းနည်းမှာ အပေါင်းပြနေသူတွေကို နောက်ထပ် အတည်ပြုစမ်းသပ်နည်းဆက်လုပ်ရမယ်။ Western blot လို့ခေါ်တယ်။ စမ်းရတာမြန်လို့ rapid test ခေါ်တယ်။ နောက်ပြီး HIV viral load test ကိုပါလုပ်မယ်။ (အင်တီဘော်ဒီ) စမ်းနည်းတချို့က အာဖရိကအနောက်ပိုင်းမှာဖြစ်တတ်တဲ့ HIV-2 ကိုတော့စမ်းမတွေ့ဘူး။ ဒါထက် ပိုအဖြစ်များတဲ့ HIV-1 ကိုလဲမတွေ့တတ်ဘူး။ ဒါကြောင့် သံသယရှိသူတွေကို စမ်းတဲ့အခါ အဖြေမှာ HIV-1 and HIV-2 လို့ ပါနေလိမ့်မယ်။

(အင်တီဘော်ဒီ) စမ်းနည်းလုပ်ဘို့ (၃) မျိုးကိုသုံးနိုင်တယ်။
(၁) Blood သွေး၊
(၂) Oral Fluid ခံတွင်းအရည် (တံတွေးမဟုတ်) သွားတိုက်တံထက်ဝက်လောက်ရှိတဲ့ အတံလေးကို ပါးစောင်နဲ့ သွားဖုံးကြားမှာ မိနစ်နည်းနည်းလောက်ထားရမယ်။ သွေးကိုစမ်းသလိုနီးပါး တိကျတယ်။
ခံတွင်းအရည် ELISA tests အားလုံးဟာ (အင်တီဘော်ဒီ) ကိုသာစမ်းတယ်။
OraSure ကိုသာ အမေရိကန် FDA ကအသိအမှတ်ပြုတားတယ်။
(၃) Urine ဆီးကိုစမ်းနည်းရဲ့ တိကျမှုဟာ သွေး နဲ့ ခံတွင်းအရည်စမ်းတာနှစ်ခုကြားမှာကျတယ်။
ELISA tests စမ်းနည်းတွေနဲ့ Western blot tests စမ်းနည်းတွေဟာ အချိန် ၂-၁၄ ရက်ကြာမယ်။

၂။ Rapid HIV Test အမြန်စမ်းနည်း
ELISA နည်းနဲပသဘောချင်းဆင်တယ်။ ဒါပေမဲ့အဖြေရတာမြန်တယ်။ မိနစ် ၂ဝ သာကြာမယ်။ သွေးဖြစ်ဖြစ် ကိုယ်ခန္ဓာအရည်ဖြစ်ဖြစ် စမ်းနိုင်တယ်။ အပေါင်းပြသူတွေကို Western blot ထပ်လုပ်ရအုံးမယ်။ ဒါမှမဟုတ် တခြား ကုပ္မဏီကလာတဲ့ အမြန်စမ်းနည်း ထပ်လုပ်ရမယ်။

၃။ HIV Antibody Confirmation Tests သေခြာအောင်စမ်းသပ်နည်း
ELISA test နည်းနဲ့စမ်းရင် တချို့အမျိုးအစားက ပိုးတွေလွတ်သွားနိုင်တာ အင်မတန်ရှားတယ်။ ပြဿနာက False-positive results မမှန်တဲ့အပေါင်း နဲနဲဖြစ်နိုင်တယ်။ ဆင်တူတဲ့တခြား (အင်တီဘော်ဒီ) ရှိနေလို့ မှားပြီး အပေါင်းပြတာ ဖြစ်ပါတယ်။
၃။ (က) Western blot နည်းကို သေခြာစေရအောင် အများဆုံးသုံးတယ်။ ဘာလို့ဒီနည်းကို တခါတည်းမလုပ်လဲဆိုရင် လုပ်ရတာ ကရိကထများတယ်။
၃။ (ခ) Indirect Fluorescent Antibody (IFA) သွယ်ဝိုက်စမ်းသပ်နည်း။ သေခြာအောင်စမ်းသပ်နည်းထခု ဖြစ်တယ်။ (အင်တီဘော်ဒီ) ကိုစမ်းတာဘဲဖြစ်တယ်။ Western blot နည်းထက် ဈေးကြီးတယ်။
၃။ (ဂ) HIV Viral Load Measurements နည်းကို အမျိုးမျိုးခေါ်ကြတယ်။
Viral load, PCR, RNA ခေါ်တယ်။ အများက HIV NAAT (Nucleic Acid Amplification Testing) ခေါ်တယ်။ ဒီနည်းကို ပိုးရှိနေသူတွေကို Antiretroviral medications ဆေးပေးနေရင်းဆေးထိရောက်မှုကို သိချင်လို့လုပ်ပါတယ်။ တခြား (အင်တီဘော်ဒီ) နည်းနဲ့မတူတာက ဒီနည်းမှာ ပိုးရဲ့ (RNA) ကိုစမ်းရတာဖြစ်တယ်။

၎။ Detecting Very Early HIV Infection အမြန်ဆုံးစမ်းသပ်နည်း
လူတယောက်ဟာ ပိုးဝင်တာခံထားရပေမဲ့ စမ်းလို့မသိနိုင်သေးတဲ့ကာလတခု ရှိနေမယ်။ ဒါကို Window period လို့ ခေါ်တယ်။ (အင်တီဘော်ဒီ) နည်းလုပ်လဲ မတွေ့နိုင်သေးဘူး။ အစောဆုံး သိနိုင်အောင်စမ်းသပ်နည်းရှိတယ်။ HIV viral load tests ဒါမှမဟုတ် 4th-generation HIV test စတုတ္ထမျိုးဆက်စမ်းသပ်နည်းလို့ သတ်မှတ်တယ်။ HIV antibody (အင်တီဘော်ဒီ) ရော၊ p24 antigen (အင်တီဂျင်) ရောစမ်းနည်းဖြစ်တယ်။ ပိုးဝင်လာလို့ ကိုယ်ကနေခုခံမဲ့ (အင်တီဘော်ဒီ) တွေမထွက်နိုင်သေးခင်၊ ဒါမှမဟုတ် စမ်းသပ်လို့သိလောင်အောင် မထွက်သေးခင်မှာ ပိုးနဲ့ဆင်တူတဲ့ (အင်တီဂျင်) ကို စမ်းတယ်။ ဖြစ်ကာစအတွက်သာမက နာတာရှည်သမားတွေမှာ ရှိတဲ့ (အင်တီဘော်ဒီ) တွေကိုပါ သိနိုင်တယ်။

HIV viral load test နည်းကို HIV-infected mothers ပိုးရှိမိခင်ကနေ မွေးလာတဲ့ကလေးမှာ ပိုးဝင်နေ-မနေ သေခြာစေအောင် စမ်းတယ်။ တကယ်လို့ လိင်ဆက်ဆံမှုပြုပြီး ပိုးကူး-မကူး အစောဆုံးသိချင်ရင် အခြေအနေလဲ ပေးတယ်ဆိုရင် HIV antibody test နဲ့ HIV viral load test စတုတ္ထမျိုးဆက်စမ်းသပ်နည်းတွေလုပ်ပါ။ သွေးကိုစစ်ပြီး အခြေကို စောစောသိရမယ်။ ၂ ပတ်ဆိုတာ နောက်ဆုံးဘဲ။ ဒါဖြင့်ရင် ဒီလိုစောစောသိနိုင်တာကို ဘာလို့ အများသုံးနည်း အနေနဲ့ မသုံးရသလဲ မေးစရာရှိမယ်။ (၁) ဈေးကြီးတယ်။ (၃) မသေခြာတဲ့ အပေါင်းပြနိုင်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး