How to lessen the effects of Alcohol အရက်မူးတာ သက်သာအောင်

အရက်မူးပြေအောင် ဆေးသောက်လို့ရပါသလား။ ဆေးညွှန်းပေးပါအုန်းဆရာ။ ကားမူးပျောက်ဆေး သောက်လို့ ရပါသလား။

၁။ ရေများများသောက်ပါ။ ရေအေးပါစေ။
၂။ ရေချိုးလိုက်ပါ။ ရေအေးတာက ပိုကောင်းတယ်။
၃။ အစာစားပါ။ ဖျော်ရည်တွေလဲ သောက်ပါ။ ကေဖင်းပါတာ (ဥပမာ ကော်ဖီ) သောက်ပါ။
၎။ လူနေပုံစံ ပြောင်းလဲပါ။ အဝတ်အစား၊ အမွေးနံ့သာ၊ မျက်နှာအမူအယာ အသွင်ပြောင်းလဲပါ။
၅။ အရက်က နှိပ်စက်တာတွေသိအောင်လုပ်ပါ။

• အစားအသောက်ဝင်ရင် အစာအိမ်ထဲ အူထဲမှာကို ရှိနေသေးတဲ့ အရက်တွေ သွေးထဲစုပ်ယူမှာကိုနှေးကွေးစေမယ်။
• (ဘီဘီစီ) အစီရင်ခံချက်တခုအရ အဆီပါတဲ့အစာကို ပိုထိရောက်တာသိရတယ်။
• အကြံကောင်းတော့ မဟုတ်ပါ၊ ဆေးလိပ်သောက်တာကခဲ အရက်ကနေဖိစီးတာ နည်းစေတယ်။
• အကြံကောင်းတခုက ပျားရည်ကလဲ သက်သာစေတယ်။ Royal Society of Chemistry ကနေပြောတာပါ။ ညတုံးက အရက်သောက်ထားရင် မနက်မှာ ပေါင်မုံ့နဲ့ပျားရည်သုတ်တာ စားပါ။
• Antioxidants ဆိုတဲ့ အသီးတွေအရွက်တွေမှာ ပါတာတွေက အဆိပ်အတောက်ကို သက်သာစေတယ်။
• Vitamins A, C and E plus Selenium တွေပါတဲ့အားဆေးကောင်းတယ်။
• Vitamin B1 သောက်ရင် (ကော်တာကော့ဖ်-ဆင်ဒရုမ်း) ကို ကာကွယ်နိုင်တယ်။
• လူပေါင်း တသိန်း၊ နှစ်သောင်း၊ ငါးထောင်ကို လေ့လာမှုတခုလုပ်တော့ နေ့စဉ် ကော်ဖီတခွက်သောက်တာက Alcoholic cirrhosis အသဲခြောက်မှာကို ၂ဝ% သက်သာစေတာတွေ့ရတယ်။ တနေ့ ၄ ခွက်သောက်ရင် ၈ဝ% သက်သာတယ်။

Alcohol အရက်ဟာ Highly neurotoxic ဖြစ်လို့ အာရုံကြောကာကို အကြီးအကျယ်ထိခိုက်စေတယ်။ အာရုံကြောဆိုတာ တခြား (တစ်ရှူး) တွေလို အသစ်ပြန်မဖြစ်နိုင်လို့ ပျက်ရင် ရာသက်ပန်ပျက်စီးသွားတယ်။ Peripheral neuropathy အဖျားအနားအာရုံကြောရောဂါ၊ Atrophy of brain tissue ဦးနှောက်ကြုံလှီတာတွေ ဖြစ်နိုင်တယ်။ Korsakoff’s Syndrome (ကော်ဆာကော့ဖ်-ဆင်ဒရုမ်း) ဆိုတာက Alzheimers (အဇာမိုင်ယား) ရောဂါလို အနီးကပ် ဖြစ်ပျက်တာတွေကို မေ့တယ်။

၂ဝ၁ဝ ခုနှစ်က သြစတြေးလျတောင်ပိုင်းလူဦးရေကို လေ့လာမှုလုပ်တော့ အသက် ၁၄ နှစ်အထက်ရှိသူတွေထဲက ၈၁% ဟာ ပြီးခဲ့တဲ့နှစ်က အရက် (တန်းမီအဆင့်) သောက်ခဲ့တယ်လို့ သိရတယ်။ Standard drinks တန်းမီအဆင့်ဆိုတာ အရက် ၁ဝ ဂရမ်ပါတာကို ဆိုလိုတယ်။ ဝိုင်တပုလင်း (၂ဝဝ စီစီ) ဟာ တန်းမီအရက် ၂ နဲ့ညီမျှတယ်။ ဒီအတွက်လူတွေဟာ ငွေ ၁၅ ဘီလျန်ကျော် သုံးစွဲခဲ့ကြတယ်။

Effects on Behavior အမူအယာအပြောင်းအလွဲများ
•့ ဝ၅ ဂရမ်% = စကားများ၊ စိတ်တင်းအားလျှော့ကျ၊ ကိုယ့်ကိုယ်ကို ပိုယုံကြည်လာ။
•့ ဝ၅ -့ ဝ၈ ဂရမ်% = စကားပိုများ၊ ကိုယ့်ကိုယ်ကို ပိုယုံကြည်တာနဲ့အညီလိုက်လုပ်လာ၊ ဆုံးဖြတ်ချက်ချတာ၊ ကိုယ်လက်လှုတ်ရှားတာ လွဲချော်လာ၊ ထိန်းရမှာ မထိန်းတော့။
•့ ဝ၈ -့ ၁၅ ဂရမ်% = စကားတွေနှေးကွေးလာ၊ ကိုယ်ကိုထိန်မတ်မှု ယိုင်လာ၊ ဆီး-ဝမ်းစတဲ့သွားရာအဝတွေက အထိန်းတွေ ပြေလျှော့လာ၊ မျက်စိအမြင်ဝေဝါးလာ၊ စိတ်လှုတ်ရှားမှုက တမျိုးတမျိုးဖြစ်လာ (ဝမ်းသာလိုက်၊ စိတ်ဓါတ်ကျလိုက်)၊ ပျို့-အန်။
•့ ၁၅ -့ ၃ဝ ဂရမ်% = တယောက်တည်း လမ်းကောင်းကောင်းမလျှောက်နိုင်တော့၊ အားအင်မရှိ၊ အိပ်ချင်၊ အသက်ရှူပြင်းထံလာ၊ အဖြစ်အပျက်တွေ သတိမရတော့၊ ဆီးမထိန်းနိုင်ဘဲ သွားချ၊ သတိလက်လွတ်ဖြစ်လာ၊
•့ ၃ဝ ဂရမ်% ထက်ကျော် = သတိမေ့မျော၊ သေဆုံး။

Intoxication risks အရက်ဆိပ်အန္တရာယ်များ -
• ၄၄% = သာမန်ထိခိုက်ဒဏ်ာရာ၊
• ၃၄% = လိမ့်ကျခြင်း၊ ရေနစ်ခြင်း၊
• ၃ဝ% = လမ်း-ယာဉ် ထိခိုက်မှု၊
• ၁၆% = ကလေးသူငယ် စော်ကားမှုဖြစ်ခြင်း၊
• ၁၂% = ကိုယ့်ကိုယ်သတ်သေ၊
• ၁ဝ% = အပြင်းအထံထိခိုက်မှု။

Long-term effects ရေရှည်ထိခိုက်သက်ရောက်မှုများ -
လေ့လာမှုလုပ်ထားတဲ့ သြစတြေးလျမှာ တနှစ်ကို လူပေါင်း ၃ဝဝဝ အရက်လွန်ရာကနေ သေကြတယ်။ လူပေါင်း တသိန်းလောက် ဆေးရုံရောက်ကြတယ်။
• Heart damage အသဲထိခိုက်ခြင်း၊
• High blood pressure and stroke သွေးတိုးတက်ုပီး ဦးနှေက်ထိခိုက်ခြင်း၊
• Liver disease အသဲရောဂါတွေရခြင်း၊
• Cancers of the digestive system အစာလမ်းကြောင်း ကင်ဆာဖြစ်ခြင်း၊
• Other digestive system disorders အစာလမ်းကြောင်း အနာဖြစ်ခြင်း၊
• Sexual impotence and reduced fertility လိင်ဆက်ဆံမှုလျော့နည်းခြင်း၊ ပန်းသေပန်းညှိုးဖြစ်ခြင်း၊
• Increasing risk of breast cancer အမျိုးသမီးများ ရင်သားကင်ဆာဖြစ်နှုန်းများခြင်း၊
• Sleeping difficulties အပိရေးပျက်ခြင်း၊ ခက်ခြင်း၊
• Brain damage with mood and personality changes ဦးနှောက်-အာရုံကြောထိခိုက်ရာက အမူအယာပြောင်းခြင်း၊
• Concentration and memory problems မှတ်ဥာဏ်ချို့ယွင်းခြင်း၊ အာရုံစိုက်မှုနည်းပါးလာခြင်း၊
• Nutrition-related conditions အစာအာဟာရနဲ့ဆက်စပ်ဖြစ်ခြင်းများ၊
• Risks to unborn babies ကိုယ်ဝန်ဆောင်ဆိုရင် အထဲကကလေးကိုထိခိုက်ခြင်း၊
• Relationships, finances, work, and may result in legal problems လူမှုဆက်ဆံရေး၊ အိမ်ထောင်ရေး၊ ငွေရေးကြေးရေး၊ အလုပ်ခွင်၊ စာသင်ကြားမှု၊ ရာဇဝတ်မှု စသည်တို့မှာ ပြဿနာဖြစ်ခြင်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး