Paracetamol (ပါရာစီတမော)

ဆရာခင်ဗျား ကိုယ်ဝန်ဆောင်မိခင်ဟာ paracetamol သောက်လို့ရပါသလား။ ဗိုက်ထဲကကလေးကို သက်ရောက်မူရှိလား သိချင်ပါတယ်။် တစ်ချိုက မတည့်ဘူးပြောလို့မေးရတာပါ။ ကိုယ်ဝန်က ၈ လ ရှိပြီ။

(ပါရာစီတမော) ကို ကိုယ်ဝန်မှာပေးလို့ ရပါတယ်။ ဒီဆေးအတွက် သတိပေးချက်တွေလဲရှိတယ်။

ဆရာရှင့် ပါရာစီတမော ငါးရာအားအခဲဆို ၅ လသား ဘယ်လောက်တိုက်သင့်လဲဆရာ။ သားကအခဲပဲသောက်တာ။ ဒီမှာ အားပျော့တာ ဝယ်မရလို့ပါရှင့်။

Acetaminophen ဆေးကို Paracetamol (ပါရာစီတမော) လို့ ခေါ်နေကြတာပါ။ ၁၈၉ဝ ကတည်းက ပေါ်ခဲ့ပြီး ဈေးကွက်ထဲကို ၁၉၅ဝ ကျော်မှာရောက်လာခဲ့ပေမဲ့ ဘယ်လိုနည်းနဲ့ အနာ-အကိုက်ကို သက်သာစေသလဲည်းဆိုတာ မသိခဲ့ကြသေးဘူး။ အခုတော့ သုတေသနကနေ ဘယ်လိုဘယ်ပုံအလုပ်ဖြစ်စေတာကိုသိလာပါပြီ။

- လူကြီး = 325 to 650 mg ၄ နာရီတကြိမ်။ 500 mg ၈ နာရီတကြိမ်။ တနေ့မှာ 4 grams ထက်မများစေရ။
- အသက် ၁၂ နှစ်မှ ၁၈ နှစ် = 40-60 mg/kg/day ၆ နာရီတကြိမ်။ တနေ့မှာ 3.75 g/day ထက်မများစေရ။
- အသက် ၁၂ နှစ်အောက် 10-15 mg/kg ၆-၈ နာရီတကြိမ်။ တနေ့မှာ 2.6 g/day ထက်မပိုစေရ။

(ပါရာစီတမော) ကိုအများကြီးသောက်ရင် အသက်ကိုပင် ထိခိုက်နိုင်တယ်လို့ ၂၃-၁၁-၂ဝ၁၁ နေ့ လန်ဒန်ကလာတဲ့ သတင်းတပုဒ်ကဆိုပါတယ်။ အအေးမိတာ၊ တုပ်ကွေးဖြစ်တာ၊ ကိုက်တာ-ခဲတာတွေအတွက် သုံးနေတဲ့ (ပါရာစီတမော) တခုထဲဖြစ်ဖြစ် ပူးတွဲထားတဲ့ ဆေးတွေပဲဖြစ်ဖြစ် များများသောက်ရင် အန္တရာယ်ပေးနိုင်တယ်လို့ ဆိုလိုတာပါ။ သေနိုင်တာက အသည်းအလုပ်မလုပ်နိုင်တော့လို့ ဖြစ်တယ်။ မတော်တဆ ဆေးများများ သောက်မိရင် ကိုယ့်ကိုယ်ကို သတ်သေရာကျပါလိမ့်မယ်။

(အီဒင်ဘတ်) က သုတေသနလုပ်သူတွေတွေ့ရှိတာက 500mg ဆေးပြား၊ ၈ ပြား၊ တနည်းအားဖြင့် 4gm ဟာ တနေ့မှာ အများဆုံးဖြစ်သင့်တယ်လို့ဆိုတယ်။ (ကက်နက်-ဆင်မ်ဆန်) ခေါင်းဆောင်ပြီး လူနာပေါင်း ၆၆၃ ယောက်ကို ၁၉၉၂ ခုနှစ် ကတည်းကနေ ၂ဝဝ၈ အထိလေ့လာခဲ့တာဖြစ်တယ်။ ဒီလူနာတွေဟာ (ပါရာစီတမော) ကြောင့် အသည်းထိခိုက်ခဲ့ရသူတွေပါ။

တွေ့ရှိချက်အရပျမ်းမျှ အသက် ၄ဝ နှစ်ရှိသူ ၁၆၁ ယောက်မှာခေါင်းကိုက်၊ သွားကိုက်၊ ခါးနာ၊ ဗိုက်နာတာတွေကြောင့် (ပါရာစီတမော) ဆေးကိုလိုတာထက် ပိုသောက်ခဲ့ကြတယ်။ သူတို့ထဲက ၅ ယောက်မှာ ၂ ယောက်က အသည်း အလုပ် မလုပ်နိုင်တော့ဘဲ သေဆုံးခဲ့ကြတယ်။ ဒါဟာ ဗြိတိသျှဆေးဝါးဗေဒမှတ်တမ်းအရ ဆေးအလွန်အကျွံပိုကဲမှုကြောင့် သေဆုံးရတဲ့နှုန်းထက် မြင့်မားတာဖြစ်တယ်။ အဲလိုဆေးအလွန်အကျွံ ပိုလွန်သောက်မိတာဟာ လူနာက နာတာမသက်သာလို့ ဆေးထပ်သောက်ရာကနေ သောက်သင့်တဲ့ ဆေးအဆကိုမေ့လျှော့ ကျော်လွန်သွားတြာဖြစ်တယ်လို့ (ဆင်ပဆင်) က ဆိုပါတယ်။ ဒါ့ကြောင့် ဆေးဘယ်လောက် သောက်ပြီးပြီလဲဆိုတာ မှတ်တမ်းထားသင့်ကြတယ်။

ဆေးကိုစိတ်ချရတဲ့အဆသောက်ရင် ကိုယ်ခန္ဓာကကောင်းကောင်းကျေချက် လက်ခံနိုင်ပေမဲ့ လွန်ကဲပြီးသောက်မိရင် မကျေချက်နိုင်တာတွေ စုဝေးပြီးအသည်းကိုထိခိုက်ရာကနေ ပြန်မကောင်းနိုင်တဲ့အထိရောက်စေနိုင်တယ်။

၂၃-၁၁-၂ဝ၁၁ နေ့ကဘဲနောက်သတင်းတခုကတော့ (ပါရာစီတမော) ဆေးရဲ့ လှို့ဝှက်ချက်ကိုသိလာပြီ။ ဒါကို အသုံးချပြီးစိတ်ချရတဲ့ အနာ-အကိုက်ပျောက်ဆေးကိုဖေါ်စပ်နိုင်မယ်လို့ လန်ဒန်၊ ဘုရင့်-ကောလိပ် သုတေသန လုပ်သူတွေက ဆိုလိုက်ပါတယ်။

ဆေးသုတေသနကို ဆွီဒင် (လန်းဒ်) တက္ကသိုလ်နဲ့တွဲလုပ်ခဲ့တာ ဖြစ်တယ်။ အာရုံကြော (ဆဲလ်) တွေရဲ့အဖုံးမှာရှိတဲ့ TRPA1 ဆိုတဲ့ (ပရိုတင်း မော်လီကျူး) ကြောင့် (ပါရာစီတမော) ထိရောက်စေတာ ဖြစ်တယ်။ ဒီတွေ့ရှိချက်ဟာ လှို့ဝှက်ချက်ရဲ့ သော့ချက်ကိုတွေ့လာတာပါလို့ (ဝုလ်ဖ် အသက်နဲ့ဆက်စပ်တဲ့ရောဂါဌာန) က ဒေါက်တာ ဒေးဗစ် အန်ဒါဆန် ကနေပြောလိုက်တယ်။ အခုလိုအနာသက်သာစေတဲ့ (မော်လီကျူး) ကိုအာရုံစိုက်ပြီး၊ ပိုပြီးစိတ်ချရမဲ့ဆေးမျိုး၊ ဆေးများသွားလို့လဲမသေစေမှာမျိုးကိုရှာဘို့ဖြစ်လာပြီလို့ ဆက်ပြောပါတယ်။

(ပါရာစီတမော) ကို ဆေးကုမ္ပဏီတွေပေးတဲ့ နာမယ်တွေက (အေ-တူ-ဇက်) ရှိပါတယ်။
Acamol, Ace +, Acetalgin, Adol, Aldolor, Alvedon, APAP, Apiretal, ApiretalFlas, Atamel, Atasol, Benuron, Biogesic (Myanmar), Buscapina, Calpol, Cemol, Crocin, Dafalgan, Daleron, Dawaya magi, Depon, Dexamol,Dexamol Plus, Dolex, Dolo, Dolgesic, Doliprane, Dolprone, Duiyixian, Efferalgan, Europain, Febrectal, Febrex Plus, Febricet, Febridol, Gelocatil, Gripin, Hedanol, Herron, Influbene, Kafa, Lekadol, Lupocet, Metacin, Mexalen, Milidon, Minoset, Momentum, Napa, Neo-Kiddielets, Pacimol, Pacol, Pamol, Panol, Panado, Panadol, Panamax, Panodil, Para, Paracet, Paracitol, Paralen, Paramed, Paramol, Parol, Perdolan, Perfalgan, Pinex, PyongSuCetamol, Pyrenol (Paracetamol + caffeine), Plicet, Reliv, Rokamol, Sara, Scanol, Tachipirin, Tachipirina, Tafirol, Tapsin, Termalgin, Tempra, Treuphadol, Triaminic, Tylenol, Thomapyrin, Uphamol, Vermidon, Vitamol, Xumadol, Zolben,

ဘေးထွက်ဆိုးကျိုးရှားပါးပါတယ်။ အရေပြားအနီကွက်ပေါ်တာနဲ့ ရောင်တာရောဖြစ်ရင် ဆေးနဲ့မတည့်တာဖြစ်မယ်။ သွေးဖိအားကျနိုင်တယ်။ ဆေးအဆများရင် အသည်းနဲ့ ကျောက်ကပ်ကိုထိခိုက်မယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)