Cervical cancer test DIY သားအိမ်ဝ-ကင်ဆာကို ကိုယ့်ဖါသာ စမ်းသပ်နည်း


 
7-11-2011 DIY cervical cancer test could prevent thousands of cases
Cervical cancer သားအိမ်ဝ-ကင်ဆာကို Smear tests နည်းလုပ်ဘို့ လက်လှမ်းမမီသူတွေ Do-it-yourself (DIY) test ကိုယ့်ဖါသာ စမ်းသပ်နည်းနဲ့ လုပ်နိုင်တယ်လို့ ၂-၁၁-၂ဝဝ၁၁ လန်ဒန်ကလာတဲ့ ကျန်းမာရေး သတင်းကောင်းတခုက ဆိုပါတယ်။

သားအိမ်ဝ-ကင်ဆာ ဖြစ်စေတဲ့ Human papillomavirus (HPV) ဗိုင်းရပ်စ်ကို DIY test နည်းနဲ့ စမ်းသပ်မှုကို မက်ဆီကိုမှာ အမျိုးသမီးပေါင်း ၂ဝဝဝဝ ပါဝင် လုပ်ဆောင်ခဲ့တယ်။ ရောဂါရှာတာ ထိရောက်မှုရှိတာ တွေ့ရတယ်။ အစဉ်အလာ Smear tests ထက်တောင် ပိုနိုင်သေးတယ်။

ဗြိတိသျှ သုတေသနလုပ်ကြသူတွေကနေ Lancet medical journal (လန်းဆက်) ဆေးပညာ ဂျာနယ်မှာ အဲလို ရေးလိုက်တာပါ။

Smear tests ကို ဆရာဝန် ဒါမှမဟုတ် သူနာပြုဆရာမကနေ လုပ်ပေးမှ ရတယ်။ ပြီးမှ Cytologist အထူးကုကနေ အနုကြည့် မှန်ဘီလူးနဲ့ စစ်ဆေးရမယ်။ အခုနည်းကတော့ သူ့ဖါသာသူ နမူနာယူပေးတာဖြစ်တယ်။

တကမ္ဘာလုံးမှာ သားအိမ်ဝ-ကင်ဆာဟာ အမျိုးသမီး ကင်ဆာတွေထဲမယ် ဒုတိယအများဆုံးဖြစ်တယ်။ တနှစ်မှာ ၅ သိန်း လူနာသစ်တွေ့နေရပြီး ၂ သိန်းခွဲက သေဆုံးနေကြရတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ ထုတ်ပြန်ထားတယ်။

သားအိမ်ဝ-ကင်ဆာ ရောဂါကို စောစောသိအောင် လူအုပ်စုလိုက် Screening ရောဂါရှာဖွေတာမျိုး မလုပ်နိုင်တဲ့ နေရာတွေမှာ နောက်ကျမှသိလို့ သေဆုံးမှုများရတာ ဖြစ်တယ်။

ဝါရှင်တန် တက္ကသိုလ် Institute for Health Metrics and Evaluation ရဲ့ ၂ဝ၁ဝ စက်တင်္ဘာလ ထုတ်ပြန်ချက်အရ ရင်သား-ကင်ဆာ နဲ့ သားအိမ်ဝ-ကင်ဆာတွေဟာ ဆင်းရဲတဲ့နိုင်ငံတွေမှာ အသေများလာနေတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာတော့ Cervical screening programs ရောဂါရှာဖွေရေး နည်းလမ်း သုံးနေတာကြာပြီ၊ National immunization programs ကာကွယ်ဆေးလဲ ထိုးပေးနေတယ်။

လန်ဒန် တက္ကသိုလ် Queen Mary molecular epidemiology က ပါမောက္ခ Attila Lorincz ဟာ နည်းသစ်ကို လေ့လာရာမှာ ပါခဲ့တယ်။ သူက “ဆင်းရဲတဲ့နိုင်ငံကသာမက ချမ်းသာတဲ့တိုင်းပြည်တွေက smear tests လက်လှမ်းမမီတဲ့ အမျိုးသမီးတွေလဲ အခုနည်းသစ် DIY test ကိုသုံးနိုင်ပြီး အကျိုးများစေမှာ ဖြစ်ပါတယ်။ HPV vaccination ကာကွယ်ဆေး ထိုးမထားသူတွေ၊ မထိုးချင်သူတွေအတွက်လဲ အသုံးဝင်ပါမယ်” လို့ ပြောတယ်။

“တခြားရောဂါတွေနဲ့ သဘာဝချင်း မတူတာက သားအိမ်ဝ-ကင်ဆာကို ကာကွယ်နိုင်တယ်။ လူအုပ်စုလိုက် စစ်ဆေးမှု လုပ်မယ်။ ငယ်ရွယ်တဲ့ မိန်းကလေးတွေကို ကာကွယ်ဆေးထိုးမယ်။”

စမ်းသပ်မှုလုပ်ခဲ့တဲ့ မက်ဆီကိုမှာ အမျိုးသမီး ၂ဝဝဝဝ ထဲက တဝက်က ကိုယ်တိုင် Vaginal samples မွေးလမ်းကြောင်း ကနေ ဆေးစစ်ဘို့ရာ နမူနာယူရတယ်။ ကျန်တဝက်က ဆေးခန်းမှာ Smear tests လုပ်ရတယ်။ အဖြေထုတ်လိုက်တဲ့အခါ ကိုယ်တိုင် နမူနာယူသူတွေထဲက ဆေးခန်းမှာ နမူနာယူသူတွေထက် Cervical cancer သားအိမ်ဝ-ကင်ဆာကို ၄ ဆ၊ Pre-cancer condition (Cervical intraepithelial neoplasia) ကင်ဆာ မဖြစ်ခင် အဆင့်ကို ၃ ဆ မက ရောဂါရှာလို့ရတာ တွေ့ရတယ်။ အစောကြီးဆေးကုဘို့ ဖြစ်နိုင်သွားတယ်။

တွေ့ရှိချက်တွေအရ အမျိုးသမီးတွေဟာ ကိုယ့်ဖါသာ နမူနာယူပေးရတာကို သဘောကျကြတယ်။ အခုနည်းမှာ သတိထားစရာတွေလဲ ရှိပါတယ်။ ပိုးမရှိဘဲ ရှိတယ်လို့ ပြတာမျိုးပိုများနိုင်လို့ ထပ်စစ်ဆေးဘို့ လိုမယ်။ အဲလိုမဖြစ်အောင် ဆက်ပြီး သုတေသန လုပ်ရလိမ့်မယ်။

Dr. တင့်ဆွေ
၇-၁၁-၂ဝ၁၁

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး