Children’s Day ကလေးများနေ့

လာမဲ့ ဖေဖေါ်ဝါရီ (၁၃) ရက်ဟာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဖြစ်တယ်။ မြန်မာနိုင်ငံကလေးများနေ့လည်းဖြစ်တယ်။

ဒေလီမှာနေရတုံးက ယမုန်နာဆေးခန်းမှာ ဆရာမတွေထဲက အသက်အငယ်ဆုံးကို ကနေ့ဘာနေ့လဲလို့ မေးတော့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့လို့ မှန်မှန်ကန်ကန်ဖြေနိုင်လို့ အလွန်ဝမ်းသာမိတယ်။ သူက မတူပီက၊ အသက် ၁၆ နှစ် ဝန်းကျင်သာရှိမယ်။

လူတချို့က ကလေးများနေ့သာမက ကလေးဘဝကိုပါ မေ့တတ်ကြတယ်။ ကလေးဘဝမှာ မေ့မရတာတွေရှိမယ်။
စီးပွါးရေး၊ လူမှုရေး၊ နိုင်ငံရေး၊ အရေးမှန်သမျှ ကလေးအတွေးကနေစခဲ့ကြရတယ်။ ဓါတ်ပုံဟာ ၂ဝ၁၁ ခုနှစ်က ဒေလီမှာကျင်ပခဲ့တဲ့ မြန်မာနိုင်ငံကလေးများနေ့ ဆုပေးပွဲဖြစ်တယ်။ ဆုရတဲ့ကလေး ဗိုလ်ချုပ်မွေးနေ့ကို မေ့မှာမဟုတ်ပါ။
တပည့်မကောင်း ဆရာ၊ သားသမီးမကောင်း မိဘ၊ ကလေးမကောင်း လူငယ်-လူကြီး တာဝန်အသီးသီးရှိကြတယ်။

ကိုယ့်ကလေး၊ သူများကလေး၊ အတွေးတွေကောင်းစေအောင် ကြံဆောင်ပါ၊ သနားစရာမပေး၊ စားစရာပေးပါ၊ ကစားစရာပေးပါ၊ စာတလုံးသင်ပေးပါ၊ အလိမ္မာတခွန်းသင်ပေးပါ၊ နမူနာတစပြပေးပါ။ ကလေးတွေက ခွင့်လွှတ်ကြသူတွေ ဖြစ်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၆-၂-၂ဝ၁၅
၆-၂-၂ဝ၁၆
၆-၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး