Trump's national security adviser quits

ထရမ့်ရဲ့ လုံခြုံရေးအကြံပေး မိုက်ကယ် ဖလင်း နှုတ်ထွက်သွားပြီ

လွန်ခဲ့တဲ့ တနာရီကသတင်းဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး မိုက်ကယ် ဖလင်းရဲ့အယူအဆက ရုရှားကိုပျော့ပြောင်းစွာဆက်ဆံ၊ အီရန်ကို ဖိအားပေးဘို့ဖြစ်တယ်။ အခုထွက်သွားရတဲ့အကြောင်းရင်းဟာ သူနဲ့ရုရှားဆက်သွယ်ရေးကြောင့်ဖြစ်တယ်။

သူက ထရမ့်သမတအဖြစ်တရားဝင်မဖြစ်မီကတည်းက ရုရှားအပေါ် အိုဘားမားချမှတ်ထားခဲ့တဲ့ ဆန်ရှင်တွေရုပ်သိမ်းရေးကို ရုရှားသံအမတ်ကြီး ဆာဂျီ ကစ်လီယခ်နဲ့ ဆွေးနွေးနေတယ်။ သူဘာတွေပြောခဲ့သလဲဆိုတာကို တခြားအရာရှိတွေကို လှည့်ပတ်ပြောဆိုတယ်။ အဲဒီကာလမှာ တရားရေးဌာနကလည်း အိမ်ဖြူတော်ကို သူနဲ့ပတ်သက်ပြီး သတိပေးခဲ့သေးတယ်။ သူဟာရုရှားရဲ့အသုံးချမှုခံရမယ့်သူလို့ထင်ကြေးပေးတာဖြစ်တယ်။ ဒီမိုကရက်တွေက ထွက်ခိုင်းထားတယ်။ အခုတော့ သူ့နှုတ်ထွက်စာကို တရားဝင်တင်လိုက်ရပြီ။

သူ့အစား ဗိုလ်ချုပ်ကြီး ဂျိုဖက် ကိသ် ကဲလော့ဂ် ကို ယာယီတာဝန်ပေးလိုက်တယ်။ သူက ဗီယက်နမ်စစ်၊ ကမ္ဘောဒီးယားစစ်၊ ပနားမာစစ်နဲ့ ပင်လယ်ကွေ့စစ်ပွဲတွေမှာ တာဝန်ကျခဲ့ဘူးသူဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၁၄-၂-၂ဝ၁၇
ည (မနက်) ၁ နာရီ ၁၄ မိနစ်။
http://www.bbc.com/news/world-us-canada-38965557

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး