ပြုတ် နှင့် ပြုပ်

ဆရာ ပြုတ် နဲ့ ပြုပ်  အကြောင်းလဲရှင်းပြပေးပါဦးဆရာ။ သိပ်မရှင်းလို့ပါ။

ကျွန်တော်လည်း မှားတတ်တယ်။ အရင်ရေးခဲ့တာတွေမှာ ပိုမှားတယ်။ ကျွန်တော်က ကံကောင်းတယ်။ စာရးမှားတာ စာရိုက်ကျတာရှိရင် ထောက်ပြပေးမယ့်သူတွေကလည်း ယဉ်ကျေးကြတယ်။

ပြုတ်
ချက်ပြုတ်၊
ပြုတ်ဆန်၊
ပြုတ်တူ၊
ပြုတ်ဖတ်၊
ပြုတ်ပြုတ်ပြုန်း၊
ပြုတ်ရှပ်ရှပ်၊
ပြုတ်လုတဲတဲ၊
ပြုတ်ကြွေ၊
ပြုတ်ကြော်ဟင်း၊
ဖြုတ်၍ပြုတ်၊
အစပြုပ်၊
အပြုတ်တိုက်။

ပြုပ်
ပြုပ်ထ၊
ပြုပ်ရှပ်ရှပ်
ပြုပ်ဆတ်ဆတ် (မနူးမနပ်)
ဖါးပြုပ်
အရေတွန့်ရှုပ်၊ ဖါးပြုပ်ကိုယ်နှယ်။
ဝမ်းမှာ ပိုက်ထုပ်၊ ခေါ် ဖါးပြုပ်၊ ရစ်အုပ် ပ ကိုသတ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး