Avian Influenza A (H7N9) Virus ကြက်ငှက်တုပ်ကွေး

မြန်မာပြည်ကိုတင်သွင်းနေတဲ့ တရုပ်ပြည်ကလာတဲ့ကြက်ဥတွေကို ပိတ်ပင်လိုက်တယ်ဆိုတဲ့သတင်းကို အပြေးအလွှား ဖတ်လိုက်ရတယ်။ ကြက်ငှက်တုပ်ကွေးပိုးကြောင့်လို့ထင်ပါတယ်။ သိရသလောက် ကြက်ဥမှာ H7N9 အမျိုးအစား ကြက်ငှက်တုပ်ကွေးပိုးတွေကူးစက်မှုရှိမှာကို စိုးရိမ်လို့ဖြစ်ပါမယ်။ ၂၃-၂-၂ဝ၁၇ နေ့ထွက်တဲ့သတင်းမှာလည်း တရုပ်နိုင်ငံတလွှားမှာ H7N9 ကူးစက်မှုဖြစ်နေလို့ပါရှိပါတယ်။

ဒီအမျိုးအစား ကြက်ငှက်တုပ်ကွေးကူးစက်မှုဟာ တရုပ်ပြည်မှာ ၂ဝ၁၃ မတ်လကစဖြစ်ခဲ့တာပါ။ အခုအချိန်ဟာ ငါးကြိမ်မြောက်ဖြစ်ပွါးတာဖြစ်တယ်။ ၂ဝ-၂-၂ဝ၁၇ နေ့မှာ WHO ကနေ လူပေါင်း ၄၂၄ ယောက်မှာ ကူးစက်ခံနေရတယ်လို့ ကြေညာပါတယ်။ ၅ ကြိမ်မှာ စုစုပေါင်း ၁၂၂၃ ယောက်ရှိပါပြီ။ လူကနေ လူကိုကူးစက်တာတော့ ရှားတယ်။ ကူးစက်ခံရရင် ဆိုးဝါးတဲ့ နူမိုးနီးယားဖြစ်နိုင်တယ်။ ၄ဝ% သေဆုံးခဲ့ပါတယ်။

တရုပ်ပြည်ကနေလာတဲ့ ကြက်သားနဲ့ ကြက်ဥတွေကို နောက်ထပ်ကြေညာချက်မထွက်မချင်း ဝယ်ယူစားသောက်ခြင်း မလုပ်သင့်ကြပါခင်ဗျား။

ဒေါက်တာတင့်ဆွေ
၂၅-၂-၂ဝ၁၇
ည ၁ဝ နာရီ၊ ၄၁ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး